The Sleep Solution (2017) စာအုပ်က အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ အခြေခံအချက်တွေကို ဆွေးနွေးပြောဆိုပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
အိပ်စက်ခြင်းမှာ ပုံမှန်စည်းချက်ညီစွာ၊ အချိန်မှန်မှန် အိပ်စက်ခြင်းက ဘာအတွက်ကြောင့် အရေးကြီးတယ် ဆိုတာနဲ့ အိပ်မပျော်တဲ့ရောဂါ (insomnia) ဆိုတာက လုံး၀ အိပ်မရတာမျိုး မဟုတ်ဘဲ ပုံမှန် စံချိန်စံညွှန်းအောက် ကျဆင်းနေတဲ့ အိပ်စက်ခြင်း အဆင့်တစ်မျိုးသာ ဖြစ်တဲ့ အကြောင်းတွေကို ပြောပြပေးထားပါတယ်။
ဒီစာအုပ်ကို ဖတ်ရှုပြီးတဲ့ အခါကျရင် ကိုယ့်ရဲ့ အိပ်စက်ခြင်း ပုံစံတွေကို ပိုမိုတိုးတက်လာအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပြီးတော့ ကိုယ့်ရဲ့ ဘ၀မှာလည်း ပိုပြီး ကောင်းမွန်စွာ နေထိုင်နိုင်တဲ့ ရလဒ်တွေကို ရရှိလာမှာ ဖြစ်ပါတယ်။
အိပ်မပျော်ခြင်းရောဂါ ခံစားနေရတဲ့ သူတွေ၊ ပုံမှန် အနားယူ အိပ်စက်နိုင်ဖို့အတွက် အိပ်ဆေးတွေ သောက်နေရတဲ့၊ စိတ်ဖိစီးမှုများတဲ့ အလုပ်သမားတွေ၊ ဝန်ထမ်းတွေနဲ့ ညဘက်မှာ ကောင်းမွန်စွာ အိပ်စက်ခြင်းက အရေးမကြီးဘူးလို့ ထင်နေကြတဲ့သူတွေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။