ဒီစာအုပ်က ဘာအကြောင်းပြောထားတာလဲ?
2020 ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ Think Simple စာအုပ်ထဲမှာတော့ Hyundai ကစလို့ Whole Food အထိ အောင်မြင်နေတဲ့ လုပ်ငန်းတွေအတွက် အဓိကကျတဲ့အချက်က ရိုးရှင်းမှုပဲဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီစာအုပ်ထဲမှာတော့ Apple မှာ Steve Jobs နဲ့တူတူ လုပ်ကိုင်ခဲ့တဲ့ Ken Segall က ရှုပ်ထွေးမှုတွေကို ရင်ဆိုင်ပြီး လုပ်ငန်းအောင်မြင်ဖို့အတွက် အရေးကြီးတဲ့အချက်တွေကို အာရုံစိုက်ဖို့ နည်းလမ်းတွေကို ဖော်ပြထားပေးပါတယ်။