ဒီစာအုပ်က ဘာအကြောင်းပြောထားတာလဲ?
2014 ခုနှစ်က ထုတ်ဝေခဲ့တဲ့ Unlimited Memory စာအုပ်ထဲမှာတော့ ကျွန်တော်တို့မှတ်သားလိုက်တဲ့ အချက်အလက်တွေကို ရေရှည်မှတ်မိနေဖို့ နည်းလမ်းတွေကို ဖော်ပြထားပြီး အချက်အလက်တွေကို မမေ့တော့အောင် ပုံဖော်မှတ်သားတဲ့ နည်းလမ်းတွေနဲ့ စုစုစည်းစည်း မှတ်သားနိုင်မယ့် နည်းလမ်းတွေအပြင် ထိထိရောက်ရောက် Review ပြန်လုပ်လို့ရမယ့် နည်းလမ်းတွေကို ဖော်ပြထားပေးပါတယ်။
ဘယ်သူတွေဖတ်ဖို့လဲ?
✅ မေ့တတ်တဲ့သူတွေ
✅ အချက်အလက်တွေနဲ့ ဂဏန်းတွေကို သဘောကျတဲ့သူတွေနဲ့
✅ လူတွေရဲ့နာမည်တွေကို မှတ်မိနိုင်ဖို့အတွက် ကြိုးစားအားထုတ်နေတဲ့သူတွေ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။