ခေါင်းဆောင်တစ်ယောက် ဖြစ်ရတယ်ဆိုတာ လွယ်ကူတဲ့ အလုပ်တစ်ခု မဟုတ်ပါဘူး။ သင့်အနေနဲ့ ကျွမ်းကျင်တဲ့ အရည်အချင်းတွေ ရှိနေဖို့၊ ဝေးဝေးကို ကြည့်တတ်ဖို့၊ လိုအပ်သလို ညွှန်ကြားနိုင်ဖို့ စတဲ့ အရည်အချင်းတွေ လိုပါတယ်။
သင်ပြုလုပ်မိလိုက်တဲ့ အမှားလေးတစ်ခုက ကုမ္ပဏီသမိုင်းမှာ အဆိုးဝါးဆုံး ခေါင်းဆောင်၊ CEO လို့ နာမည်တပ်ခြင်း ခံရနိုင်ပါတယ်။
Why CEOs Fail စာအုပ်ထဲမှာတော့ စာရေးသူ David L. Dotlich နဲ့ Peter C. Cairo တို့က ခေါင်းဆောင်မှုအပိုင်းမှာ အများစု ပုံမှန်မှားယွင်းတတ်ကြတဲ့ အပြုအမူပုံစံ၊ လမ်းကြောင်း (၁၁) ခုကို ပြောပြပေးထားပါတယ်။
ဒီလို အပြုအမူ (၁၁) ခုကို ရှောင်လွှဲနိုင်ခဲ့မယ်ဆိုရင် သင့်ရဲ့ ခေါင်းဆောင်မှုကဏ္ဍတွေမှာ ပိုပြီး ကောင်းမွန်မှုတွေ ရှိလာမှာဖြစ်ကြောင်း ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။