ဒီစာအုပ်က ဘာအကြောင်းပြောထားတာလဲ?
2018 ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ Willpower Doesn’t Work စာအုပ်က အောင်မြင်တိုးတက်ရေးနဲ့ ကိုယ်ထူကိုယ်ထကြိုးစားတဲ့ နယ်ပယ်မှာရှိတဲ့ အတွေးအမြင်တွေကို စိန်ခေါ်ထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒါကြောင့်လည်း စိတ်ပညာဆိုင်ရာ သီအိုရီတွေ၊ အောင်မြင်နေတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေရဲ့ ဇာတ်လမ်းတွေကို အသုံးပြုပြီး ဘဝပြောင်းလဲဖို့အတွက်ဆိုရင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်တဲ့စွမ်းအား (Will Power) က အလုပ်မဖြစ်ပါဘူးဆိုတဲ့ အကြောင်းကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။