Growth IQ

ကိုယ်က လုပ်ငန်းသစ်တစ်ခုကို စပြီးတည်ထောင်တာဖြစ်ဖြစ် ရှိပြီးသားလုပ်ငန်းကို ပြန်အသက်သွင်းတာပဲ ဖြစ်ဖြစ် ဒီလုပ်ငန်းကြီးကြီးထွားလာဖို့က အရေးကြီးပါတယ် ဒါပေမယ့် အမျိုးအစား ရာပေါင်းချီတဲ့ Growth Model တွေကြားမှာမှ ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီတဲ့ Growth Model ကို ဘယ်လိုရွေးချယ်မလဲ? ဒီစာအုပ်ထဲမှာတော့ Tiffani Bova က အဆက်မပြတ်ပြောင်းလဲနေတဲ့ ဈေးကွက်ထဲမှာ ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ရင်း လုပ်ငန်းကြီးထွားလာဖို့ လက်တွေ့ကျတဲ့ မဟာဗျူဟာ ၁၀ ခုကို ဈေးကွက်ထဲမှာ အမှန်တစ်ကယ်ရှိတဲ့ လုပ်ငန်းတွေရဲ့ ဥပမာတွေနဲ့ တင်ပြထားပါတယ်

The Art of War

The Art of War ဟာ နှစ်ထောင်ပေါင်းများစွာ အကြာက စစ်ဘက်ဆိုင်ရာ နည်းဗျူဟာ သနင်္ဂတွေရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်အဖြစ် သတ်မှတ်ခံထားရတဲ့ တရုတ် စစ်ကျမ်း ဖြစ်ပါတယ်။ ဒီစစ်ကျမ်းထဲမှာ အရှေ့တိုင်းရော အနောက်နိုင်ငံတွေမှာပါ လွှမ်းမိုးမှုရှိတဲ့ စစ်ဘက်ဆိုင်ရာ နည်းဗျူဟာတွေသာမကဘဲ စီးပွားရေးနဲ့ ဥပဒေဆိုင်ရာ နည်းဗျူဟာတွေ ပါဝင်ပါတယ်။ ဗိုလ်ချုပ် Douglas MacArthur နဲ့ Mao Zedong တို့လို‌ ခေါင်းဆောင်တွေကိုယ်တိုင်က ဒီစစ်ကျမ်းကို အထင်ကြီးလေးစားကြပါတယ်။  ဘယ်သူတွေ ဖတ်ရှုဖို့အတွက်လဲ? – များစွာသော စစ်ဘက်ဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ ဥပဒေဆိုင်ရာ နည်းဗျူဟာတွေရဲ့ အခြေခံအုတ်မြစ်ကို စိတ်ဝင်စားကြသူတွေ၊ – လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက စစ်ပွဲတွေကို ဘယ်လိုမျိုး စီမံခန့်ခွဲခဲ့လဲဆိုတာကို နားလည်ချင်ကြသူတွေ ဖတ်ရှုသင့်ပါတယ်။ မူရင်း […]

Inspired

Inspired စာအုပ်က အောင်မြင်တဲ့ Software တွေကို ဖန်တီးဖို့အတွက် အကောင်းဆုံးလေ့ကျင့်မှုတွေကို ဖော်ပြပြီး အဖြစ်အများဆုံး သတိမထားမိတဲ့ အခက်အခဲတွေနဲ့ သူတို့ကို ဘယ်လို ရှောင်ရှားရမလဲဆိုတာကို ရှင်းပြထားပါတယ်။ သင်ခန်းစာတွေကို Start-ups တွေကနေ ကော်ပိုရိတ် အကြီးစားတွေအထိ ထုတ်ကုန် နယ်ပယ်ပေါင်းစုံမှာ အသုံးပြုနိုင်ပါတယ်။ ဘယ်သူတွေ ဖတ်ရှုဖို့အတွက်လဲ? – Software Product အကြီးစားတွေကို ဘယ်လိုဖန်တီးလဲဆိုတဲ့ နောက်ကွယ်က အကြောင်းအရာတွေကို စိတ်ဝင်စားတဲ့သူတိုင်း၊ – Software Product တွေကို စီမံခန့်ခွဲတဲ့နေရာမှာ အလုပ်လုပ်နေသူ၊ လုပ်ချင်သူတိုင်း၊ – ဆန်းသစ်တီထွင်တဲ့ Software Product တွေကို တည်ဆောက်ချင်သူတိုင်း ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။ မူလစာရေးသူအကြောင်း Marty Cagan က eBay, AOL […]

Getting Things Done

Getting Things Done (2001) စာအုပ်မှာ David Allen က စိတ်ဖိစီးမှု ကင်းစင်တဲ့ Productivity အတွက် သူ့ရဲ့ နာမည်ကျော်တဲ့ စနစ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ ဒီစနစ်နဲ့ဆိုရင် ကိုယ်က လုပ်ကိုင်စရာ ကိစ္စတော်တော်များများကို တီထွင်ဖန်တီးမှုရှိရှိ၊ စိတ်သက်သက်သာသာနဲ့ Productive ဖြစ်ဖြစ် ရင်ဆိုင်အနိုင်ယူနိုင်ပါလိမ့်မယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ – စိတ်ဖိစီးပြီး အလုပ်တွေ ပိနေတဲ့လူတွေ – အလုပ်နဲ့ ကိုယ်ပိုင်ဘဝမှာ Productive ဖြစ်ချင်တဲ့လူတွေ – Getting Things Done Method အကြောင်းကို စိတ်ဝင်စားတဲ့သူတွေဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။ မူရင်းစာရေးသူ အကြောင်း အမေရိကန် စာရေးဆရာ တစ်ယောက်ဖြစ်တဲ့ David Allen ဟာ စီးပွားရေးလုပ်ငန်းရှင်နဲ့ အကြံပေးတစ်ယောက်လဲပဲ […]

Powerful

Netflix ကုမ္ပဏီမှာ တကယ်လက်တွေ့ လုပ်ဆောင်နေကြတဲ့ အလုပ်ခွင် နည်းလမ်းတွေကို အခြေခံထားတဲ့ Powerful (2017) စာအုပ်က ဒီနေ့ခေတ်လို အလျှင်အမြန် အမြဲတမ်းပြောင်းလဲနေတဲ့ စျေးကွက်တွေနဲ့ ကိုက်ညီတဲ့ အလုပ်ခွင်ယဉ်ကျေးမှု နည်းလမ်းတစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် လမ်းညွှန်ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဝန်ထမ်းတွေ၊ လူသားတွေကို စီမံခန့်ခွဲတဲ့နေရာမှာ အရင်က နည်းလမ်းဟောင်းတွေအတိုင်း မဟုတ်ဘဲ ဆန်းသစ်တဲ့ နည်းလမ်းတွေကို အသုံးချပြီး ဘယ်လိုမျိုး စီမံခန့်ခွဲရမယ် ဆိုတာနဲ့ သင့်အတွက် အကူအညီဖြစ်စေမယ့် အလုပ်ခွင်ယဉ်ကျေးမှုတစ်ခု၊ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခုကို ဘယ်လိုမျိုး ပုံဖော်ရမလဲ ဆိုတဲ့ အကြောင်းအရာတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ • ခေါင်းဆောင်တွေ၊ မန်နေဂျာတွေ• စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တွေ• Netflix ကုမ္ပဏီရဲ့ အောင်မြင်လာမှုအကြောင်း […]

Built to Last

Webp.net-compress-image (1)

Walt Disney, IBM, Boeing စတဲ့ Company ကြီးတွေက ရာစုနှစ်တစ်ခုစာလောက်ကြာအောင်  သူတို့ရဲ့ အောင်မြင်မှုကို ဘယ်လိုနည်းလမ်းတွေနဲ့ ထိန်းသိမ်းထားတာလဲ? ဒီလို Company ကြီးတွေ ရေရှည်ရပ်တည်နိုင်တဲ့ အကြောင်းအရင်းက ကျွန်တော်တို့ ထင်ထားကြသလို Idea တွေ၊ သူတို့ရဲ့ ခေါင်းဆောင်တွေကြောင့် မဟုတ်ပါဘူး။ ရေရှည်ရပ်တည်နိုင်တဲ့ အဖွဲ့အစည်းကို တည်ဆောက်ချင်တဲ့ သူတို့ရဲ့ ခံယူချက်ကြောင့်ပဲ ဖြစ်ပါတယ်။ ရေရှည်ရပ်တည်နိုင်တဲ့ Company အားလုံးကို မောင်းနှင်နေတဲ့ အဓိကအချက်ကတော့ သူတို့ကို လမ်းကြောင်းမှန်ပေါ်မှာ ရှိနေစေတဲ့ Core Ideology တစ်ခုကြောင့်ပဲ ဖြစ်ပါတယ်။ ဒီ “Built to Last” စာအုပ်မှာတော့ Company တစ်ခုအနေနဲ့ အောင်မြင်မှုကို အချိန်အကြာကြီး ထိန်းသိမ်းထားနိုင်စေတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပြသထားပါတယ်။ ဘယ်လိုသူတွေ […]

Great Work: How to Make a Difference People Love

Webp.net-compress-image (1)

သင်က စွန့်ဦးတီထွင် လုပ်ငန်းရှင် တစ်ဦးပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ကုမ္ပဏီဝန်ထမ်းတစ်ယောက်ယောက်ပဲ ဖြစ်ဖြစ် ယခုစာအုပ် Great Work ထဲမှာဖော်ပြပေးထားတဲ့ အဓိကနည်းလမ်း အရည်အချင်းငါးခုနဲ့သာ ပြည့်စုံနေမယ်ဆိုရင် တခြားသူတွေနဲ့ ကွဲပြားခြားနားတဲ့ အလုပ်တွေကို အောင်မြင်အောင် လုပ်ဆောင် နိုင်ပါလိမ့်မယ်။ သင့်ရဲ့ တမူထူးခြားနေတဲ့ အိုင်ဒီယာတွေကို ဘယ်လိုမျိုး ဖော်ထုတ်ရမလဲ၊ ဒီအိုင်ဒီယာတွေကို ဘယ်လိုမျိုး ပိုမိုကောင်းမွန်စွာ အကောင်အထည်ဖော်ရမလဲ စတဲ့နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။ ဒီနည်းလမ်းတွေအတိုင်း လိုက်နာ လုပ်ဆောင်မယ်ဆိုရင် တခြားသူတွေရဲ့ လူမှုဘ၀တွေအပေါ်မှာ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ၊ အပြောင်းအလဲတွေကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ • သာမန်ထက် နည်းနည်းပိုကောင်းရုံလောက် အလုပ်တွေကို မလုပ်ဆောင်ချင်တော့တဲ့သူတွေ• ကမ္ဘာကြီးမှာ အပြောင်းအလဲတွေကို ဖန်တီးချင်တဲ့သူတွေ• တကယ် လက်တွေ့ […]

Loving Your Business

Loving Your Business (2020) စာအုပ်က မိမိတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ဘယ်လိုမျိုး နည်းလမ်းတွေနဲ့ အကောင်းဆုံး ဖြစ်အောင် ဆက်လက်လုပ်ကိုင်ရမလဲ ဆိုတဲ့ အကြောင်းအရာတွေကို ကူညီလမ်းညွှန်ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။  ဒီစာအုပ်ထဲမှာ စာရေးသူ Debbie King က သင့်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို စီမံခန့်ခွဲနိုင်မယ့် နည်းဗျုဟာတွေ၊ မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေကို ရှောင်လွှဲနိုင်ဖို့အတွက် သင့်ရဲ့ စိတ်ခံစားချက် emotions တွေကို ဘယ်လိုမျိုး စီမံခန့်ခွဲရမယ် ဆိုတဲ့ နည်းလမ်းတွေနဲ့ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ထွက်ပေါ်လာနိုင်စေဖို့အတွက် နည်းလမ်းတွေကို ရှင်းလင်းပြောပြပေးထားပါတယ်။  ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။  စီးပွားရေး လုပ်ငန်းရှင်တွေ  စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ  အပြုသဘောမဆောင်တဲ့ negative thinking တွေကနေ လွတ်မြောက်ချင်နေတဲ့သူတွေ  ဖတ်ရှုသင့်တဲ့ […]

Being Boss

Webp.net-compress-image (1)

Being Boss (2018) စာအုပ်က တီထွင်ဖန်တီးလိုစိတ်ရှိတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအတွက် ပိုမိုအောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အကောင်အထည်ဖော် တည်ထောင်နိုင်ဖို့အတွက် နည်းလမ်းတွေ၊ လုပ်သင့်လုပ်ထိုက်တဲ့ အချက်တွေကို လမ်းညွှန်ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။  သင့်ရဲ့ စီးပွားရေးလုပ်ငန်းတွေတင်သာ မကဘဲ သင့်ရဲ့ လူမှုဘ၀မှာပါ သူဌေးတစ်ယောက်လို အောင်မြင်စွာ၊ ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့အတွက် ပန်းတိုင်တွေကို ဘယ်လိုမျိုး ချမှတ်သင့်တယ်၊ ဘယ်လိုမျိုး မှန်ကန်တဲ့ စိတ်ထားမျိုးတွေ ထားရှိသင့်တယ်၊ ဘယ်အရာတွေကို ပိုမိုအချိန်ပေး လုပ်ဆောင်သင့်တယ် ဆိုတဲ့ နည်းဗျုဟာတွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။  ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။  လှုံ့ဆော်မှု Aspiring လိုချင်နေကြတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ  လက်တွေ့ကျတဲ့ အကြံဉာဏ်တွေကို ရှာဖွေနေကြတဲ့ အသေးစား စီးပွားရေး လုပ်ငန်းရှင်တွေ ကိုယ် ဝါသနာပါတဲ့ […]

COVID-19: The Great Reset

Covid

COVID-19: The Great Reset (2020) စာအုပ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြီး အပြီးမှာ ကမ္ဘာ့စီးပွားရေးအခြေအနေတွေက ဘယ်လိုမျိုး ပြောင်းလဲသွားမယ် ဆိုတဲ့ အကြောင်းနဲ့ ဘယ်လိုမျိုး နည်းလမ်းတွေနဲ့ ပြောင်းလဲလုပ်ဆောင်သင့်တယ် ဆိုတဲ့ အကြောင်းတွေကို သုံးသပ်ရေးသားပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးကြောင့် ကမ္ဘာ့စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စတဲ့ နယ်ပယ် အသီးသီးမှာ ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းတွေက စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေတင်သာ မကဘဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကိုပါ ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို ကိုဗစ်-၁၉ ရောဂါကြီးကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ အဖြစ်အပျက်တွေကို အခွင့်အလမ်းအနေ နဲ့လည်း ကြည့်ရှုသုံးသပ်လို့ ရပါတယ်။ ဒီရောဂါဆိုးကြီး ဖြစ်ပွားပြီး နောက်ပိုင်းမှာ […]