The Coaching Habit

ကျွန်တော်တို့တော်တော်များများ ဘောလုံးနည်းပြတွေ၊ ဂီတနည်းပြတွေ၊ အိမ်အနားက ဆရာတွေ၊ အလုပ်က မန်နေဂျာတွေနဲ့ အလုပ်တူတူလုပ်ဖူးကြမှာပါ။ တစ်ကယ်လို့ ကျွန်တော်တို့သာ ကံကောင်းမယ်ဆိုရင် ဒီနည်းပြတွေကြောင့် အလုပ်တာဝန်တစ်ခုမှာ ကျွန််တော်တို့ရဲ့ စွမ်းဆောင်ရည်တွေပိုကောင်းလာရုံတင်မကပဲ ကျွန်တော်တို့ကောင်းနိုင်သမျှ အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့ အင်အားတွေကိုလည်း ဒီနည်းပြတွေကြောင့် ရရှိလာနိုင်ပါတယ်။ ဒါပေမယ့် ဘဝမှာ ဒီလိုမျိုး Coach တွေနဲ့ ဆုံတွေ့ရနိုင်ခြေ တော်တော်လေး နည်းပါတယ်။ ပြီးတော့ လုပ်ငန်းခွင်ဝင်နေတဲ့လူတော်တော်များများကလည်း Coaching က သူတို့ရဲ့ အလုပ်ကိုပိုကောင်းအောင် မကူညီပေးနိုင်ဘူးလို့ ဆိုကြပါသေးတယ်။ ဒါကြောင့် တစ်ကယ်လို့ကိုယ်က မန်နေဂျာတစ်ယောက်ဖြစ်နေမယ်ဆိုရင် ကိုယ့်လက်အောက်ငယ်သားတွေကို ကိုယ်လုပ်ပေးလိုက်တဲ့ Coaching တွေကို အကျိုးထိရောက်အောင် ဘယ်လိုလုပ်လို့ရမလဲ? ဒီလို Coaching တစ်ခု အကျိုးထိထိရောက်ရောက်ရှိဖို့ဆိုရင် ပထမဆုံးအနေနဲ့ ကျွန်တော်တို့သိထားရမှာက Coaching လုပ်တာဟာ ကျွန်တော်တို့အတွက်လုပ်နေတာမဟုတ်ပဲ တစ်ခြားသူတွေအတွက် […]

The Coach’s Survival Guide

Coaching ဆိုတာ ရင်ခုန်စရာကောင်းတဲ့ အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုဖြစ်ပြီး ဖောက်သည်တွေရဲ့ အလုပ်နဲ့ပတ်သက်တဲ့ အခက်အခဲတွေ ကိုကူညီရတာ၊ သူတို့ရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်မှုပိုင်းတွေကို ကူညီရတာ၊ သူတို့မိသားစုဘဝ ပြန်အဆင်ပြေအသက်ဝင်လာအောင် ကူညီပေးရတာဟာ ဘယ်လိုလုပ်အားခထက်မဆို ပိုပြီးဂုဏ်ယူရပါတယ်။ တစ်ခြားအလုပ်အကိုင်တွေလိုပဲ Coaching အသက်မွေးဝမ်းကြောင်းမှာလည်း တစ်မူထူးခြားတဲ့ စိန်ခေါ်မှု အခက်အခဲတွေ ရှိကြပါတယ်။ ကိုယ်က အခုမှစပြီး Coach လုပ်မယ့်လူပဲဖြစ်ဖြစ် နှစ်အများကြီးတိုင်အောင် Coach လုပ်လာတဲ့သူပဲ ဖြစ်ဖြစ် ဖောက်သည်တွေနဲ့ မှန်ကန်တဲ့ Relationship တစ်ခုတည်ဆောက်ရတာဟာ တော်တော်လေးတော့ ခက်ခဲပါတယ်။ ကိုယ် Coaching လုပ်နေတဲ့သူက တစ်ချိန်လုံးကိုယ့်ကို ဖုန်းခေါ်နေတဲ့ အဖြစ်အပျက်တွေ၊ Coaching လုပ်နေရင်း ဖောက်သည်ကထငိုလို့ ကိုယ့်အနေနဲ့ ဘာဆက်လုပ်ရမလဲဆိုတာ မသိတော့တဲ့ အဖြစ်အပျက်တွေ စတဲ့အဖြစ်အပျက်တွေကို Coach အနေနဲ့ ကြုံဖူးကောင်းကြုံဖူးပါလိမ်မယ်။ […]

The Coaching Habit: Say Less, Ask More, and Change the Way You Lead Forever Michael Bungay Stanier

The Coaching Habit

ကိုယ်က တခြားတစ်ယောက်ယောက်ကို သူတို့တစ်တွေ ကြမ်းတမ်းခက်ခဲတဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်လာရတဲ့ အချိန်မှာ ဖြေရှင်းနိုင်ဖို့ ကူညီခဲ့တာ ဘယ်အချိန်တုန်းက နောက်ဆုံး ဖြစ်မလဲ။ ဒီလို ကူညီခဲ့တာကရော အလုပ်ဖြစ်သွားခဲ့ရဲ့လား။ ကိုယ်ကသာ မန်နေဂျာတစ်ယောက်ဆိုရင် ကိုယ့်ရဲ့ အလုပ်သမားတွေကို ကလေးထိန်းသလိုမျိုး ထိန်းနေနိုင်ဖို့၊ သူတို့ရဲ့ အလုပ်တွေမှာ နည်းဗျူဟာ မြောက်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့၊ အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေကို ဖြစ်မြောက်အောင် ပြုလုပ်နိုင်ဖို့ ကူညီဆောင်ရွက်ပေးနေရလေ့ ရှိပါတယ်။