Spy the Lies

လေ့လာချက်တွေအရ ကျွန်တော်တို့ဟာ တစ်ရက်ကို အကြိမ်နှစ်ရာလောက် လိမ်ပြောတတ်ကြတယ်လို့ ဆိုထားတယ်။ တစ်ချို့လေ့လာချက်တွေမှာဆို လိမ်ပြောတဲ့ အကြိမ်ရေက ဒီပမာဏထက် ဆယ်ဆများတယ်လို့ ဆိုထားပြန်တယ်။ ကျွန်တော်တို့အနေနဲ့ လိမ်ပြောကြရတဲ့ အကြောင်းပြချက်တွေအများကြီးရှိပြီး ကောင်းတဲ့အကြောင်းပြချက်တွေရော ဆိုးတဲ့အကြောင်းပြချက်တွေရော ပါကြပါတယ်။ တစ်ခါတစ်လေမှာ တစ်ခြားသူတွေကို ကာကွယ်ဖို့အတွက်လိမ်ရသလို တစ်ခါတစ်လေမှာ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ကာကွယ်ဖို့အတွက် လိမ်လည်ကြရတယ်။ ဒါပေမယ့် လူတွေအနေနဲ့ ဘယ်လောက်ပဲ လိမ်ပြောနေကြပါစေ ကျွန်တော်တို့တော်တော်များများက အမှန်တရားကို ရှာဖွေကြရမှာဖြစ်ပြီး ကိုယ်က ရှေ့နေတစ်ယောက်၊ စာရင်းကိုင်တစ်ယောက် ဒါမှမဟုတ် CEO တစ်ယောက်ဖြစ်နေမယ်ဆိုရင် တစ်ခြားသူတွေ ကိုယ့်ကိုလိမ်နေရတဲ့ အကြောင်းရင်းက ကျွန်တော်တို့အတွက် အရေးကြီးတဲ့အရာမဟုတ်ပဲ အမှန်တရားကဘာလဲဆိုတာကပဲ အရေးကြီးပါတယ်။ ဒီစာအုပ်ထဲမှာ သေချာလေ့ကျင့်ထားတဲ့ လိမ်လည်မှုတွေကို Professional ကျကျ ရှာဖွေသူတွေရဲ့ နည်းလမ်းတွေကို ဖော်ပြထားပေးတဲ့အတွက် ကျွန်တော်တို့ကို တစ်ခြားသူတွေက […]

People Skills

People Skills (1979) ဟာ ထိရောက်တဲ့ ပေါင်းသင်းဆက်ဆံရေး စွမ်းရည်တွေကို လေ့လာဖို့အတွက် လမ်းညွှန်စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်က ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို ပျက်စီးစေပြီး ဆက်နွယ်မှုတွေကို ထိခိုက်စေတဲ့ အပြန်အလှန်စကားပြောခြင်းဆိုင်ရာ အခက်အခဲတွေကို ပုံဖော်ပြထားပါတယ်။ နောက်ပြီး ပဋိပက္ခတွေကို နားထောင်တတ်ဖို့၊ အခိုင်အမာပြောဆိုတတ်ဖို့နဲ့ ကိုင်တွယ်ဖြေရှင်းတတ်ဖို့အတွက် မတူညီတဲ့ နည်းလမ်းတွေကိုလဲ ပေးပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။  – အိမ်မှာပဲဖြစ်ဖြစ်၊ အလုပ်မှာပဲဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံရေးကို တိုးတက်ဖို့ စိတ်ဝင်စားသူတိုင်း၊  – ပိုပြီးတော့ ကောင်းတဲ့ နားထောင်ပေးသူတစ်ယောက် ဖြစ်ချင်ကြသူတွေ၊  –  နှိမ့်ချတတ်တာ၊ ရန်မူတတ်တာမျိုးထက် အခိုင်အမာ ယုံကြည်မှုရှိရှိ ပြောဆိုတတ်ဖို့ ကြိုးပမ်းနေကြသူတွေ  ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ မူရင်းစာရေးသူ အကြောင်း Robert Bolton, PhD, ကတော့ […]

Stories for Work

Stories for Work (2017) စာအုပ်ထဲမှာ စာရေးသူ Gabrielle Dolan က စွမ်းအားကောင်းတဲ့ ဇာတ်ကြောင်းတွေရဲ့ ထိရောက်မှုတွေကို ပြောပြပေးထားပါတယ်။  စီးပွားရေးလုပ်ငန်းတွေမှာ ကျွမ်းကျင်သူ ပရော်ဖက်ရှင်နယ်တွေက ဒီဇာတ်ကြောင်းတွေကို အသုံးချပြီး အိုင်ဒီယာ အသစ်တွေကို ဘယ်လိုမျိုး ထုတ်ဖော်နိုင်တယ် ဆိုတဲ့ အကြောင်း၊ ဝန်ထမ်းတွေ အလုပ်သမားတွေကို ဘယ်လိုမျိုး လှုံ့ဆော်ပေးနိုင်တယ်ဆိုတဲ့ အကြောင်း၊ ဖောက်သည်တွေကို ဘယ်လိုမျိုး ဆွဲဆောင်နိုင်တယ် ဆိုတာနဲ့ ရည်မှန်းချက်တွေကို ပြည့်၀လာအောင် လုပ်ဆောင်နိုင်တယ် ဆိုတဲ့ အကြောင်းတွေကို ရှင်းပြပေးထားပါတယ်။  စာရေးသူ Gabrielle Dolan က စာဖတ်သူတွေကို ကိုယ့်ရဲ့ စီးပွားရေး လုပ်ငန်း အမျိုးမျိုးမှာ အသုံးချနိုင်တဲ့၊ လက်တွေ့ကျတဲ့ အကြံဉာဏ်တွေနဲ့ ကိုယ်ပိုင် ဇာတ်ကြောင်းတွေကို ထုတ်ဖော်နိုင်ဖို့ ဒီစာအုပ်ထဲမှာ […]

Words Can Change Your Brain

Words can change your brain)Words can change your brain)

Words Can Change Your Brain (2012) စာအုပ်က တစ်ယောက်နဲ့ တစ်ယောက် ထိရောက်စွာ၊ စိတ်ထက်သန်စွာ ချိတ်ဆက်၊ ပြောဆိုဆောင်ရွက်နိုင်ဖို့ အတွက် လိုက်နာကျင့်သုံးဖို့ လွယ်ကူတဲ့ နည်းဗျုဟာ (၁၂) ခုကို လမ်းညွှန် ပြောပြပေးထားတဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။  ဦးနှောက်ရဲ့ သဘာ၀ဖြစ်စဉ်တွေနဲ့ ပြန်လည်တုန့်ပြန်ချက်တွေ အကြောင်း အချက်အလက်တွေကို ဖော်ပြပေးထားတဲ့ ဒီစာအုပ်ထဲမှာ ကျွန်တော်တို့တွေက ပိုမို ကောင်းမွန်စွာ နားထောင်နိုင်ဖို့၊ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ဖော်ပြနိုင်ဖို့နဲ့ ယုံကြည်မှုတွေ တည်ဆောက်နိုင်ဖို့၊ တစ်ယောက်နဲ့ တစ်ယောက် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။  ပေါင်းသင်းဆက်ဆံရေး ကဏ္ဍတွေမှာ တိုးတတ်ချင်သူတွေ၊ ခက်ခဲတဲ့ စကားဝိုင်းတွေကို ယုံကြည်မှုရှိရှိနဲ့ ချည်းကပ်ချင်သူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး သိပ္ပံပညာအကြောင်း စိတ်ဝင်စားသူတွေ […]

How to Win Friends & Influence People Basic rules for how to make a good first impression

How to Win Friends & Influence People

၁၉၃၆ ခုနှစ်မှာ စတင် ထုတ်ဝေခဲ့ပြီး အုပ်ရေပေါင်း သန်း (၁၅၀) ကျော် ရောင်းချခဲ့ရတဲ့ Dale Carnegie ရဲ့ How to Win Friends & Influence People စာအုပ်က self-help စာအုပ်တွေထဲမှာ မဖတ်မဖြစ် ဖတ်ရှုရမယ့် စာအုပ်တွေထဲက တစ်အုပ် ဖြစ်ပါတယ်။ Warren Buffett ကနေ စလို့  Lee Iacocca အထိ အောင်မြင် ကျော်ကြားခဲ့တဲ့ လုပ်ငန်းရှင်တွေက သူတို့ရဲ့ အောင်မြင်မှုတွေထဲက လျှို့ဝှက်ချက်တစ်ခုက ဒီစာအုပ်ကြောင့် ဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။  အခုအချိန်မှာ နှစ်ပေါင်း (၈၀) ကျော် သက်တမ်းရှိနေပြီ ဖြစ်ပေမယ့်လည်း ဒီစာအုပ်ထဲက လမ်းညွှန်ချက်တွေ၊ နည်းလမ်းတွေကတော့ အခုထိ ခေတ်မှီနေဆဲ ဖြစ်ပါတယ်။ […]