False Economy

တစ်ချို့နိုင်ငံတွေက ချမ်းသာပေမယ့် ဘာလို့တစ်ချို့နိုင်ငံတွေက မချမ်းသာရတာလဲ? အဲ့ဒီနိုင်ငံတွေရဲ့ ရာသီဥတု၊ သဘာဝအရင်းအမြစ်ပေါများမှုတွေကြောင့်လား? ဒါမှမဟုတ် အဲ့ဒီနိုင်ငံတွေမှာ နေထိုင်တဲ့လူတွေရဲ့ စိတ်ဓာတ်တွေကြောင့်လား? ဒါမှမဟုတ်သေးရင် ဒီနိုင်ငံတွေကို အုပ်ချုပ်နေတဲ့ အစိုးရရဲ့ ရွေးချယ်မှုတွေကြောင့်လား? United States နဲ့ Argentina နိုင်ငံနှစ်နိုင်ငံလုံးက ပုံစံတူတဲ့စီးပွားရေး အခြေအနေကနေ စတင်ခဲ့ကြပေမယ့် လုံးဝကိုမတူညီတဲ့ လမ်းကြောင်းအသီးသီးကို သွားခဲ့ကြတဲ့အတွက် နောက်ပိုင်းမှာ ဘာတွေဖြစ်လာခဲ့သလဲ? ဒီမေးခွန်းတွေအားလုံးကို ဒီစာအုပ်ထဲမှာ ဖော်ပြထားပါတယ်။

The Undercover Economist

The Undercover Economist စာအုပ်ကတော့ Economics က ကျွန်တော်တို့ဘဝကို ဘယ်လိုအဆုံးအဖြတ်ပေးလဲဆိုတာကို ရှင်းပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။ Cappuccino တစ်ခွက်ရဲ့ ဈေးနှုန်းကစပြီး လေထုထဲမှာ ပြွတ်သိပ်နေတဲ့ မီးခိုးငွေ့တွေအထိ အားလုံးဟာ Economics နဲ့ ဆက်စပ်နေပါတယ်။ ဒီစာအုပ်ထဲမှာတော့ စီးပွားရေးပညာရှင်တွေက ကမ္ဘာကြီးကို ဘယ်လိုမြင်သလဲ၊ စီးပွားရေးစနစ်ကြီးကို နားလည်သွားတဲ့အခါ ကိုယ့်အတွက်အကျိုးရှိအောင် ဘာတွေလုပ်နိုင်မလဲဆိုတာကို ဖော်ပြပေးထားပါတယ်။ Tim Harford က English စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်သလို ဂျာနယ်လစ်တစ်ယောက် ဖြစ်တဲ့အပြင် ရောင်းအားအကောင်းဆုံး စာရေးဆရာတစ်ယောက်လည်းဖြစ်ပါတယ်။ သူရေးသားခဲ့တဲ့ The Undercover Economist စာအုပ်ထဲမှာတော့ နေ့တစ်ဒူဝဖြတ်သန်းနေတဲ့ စီးပွားရေးစနစ်ကြီးကို နားလည်အောင် ပုံဖော်ထားပေပါတယ်။ သူ့ရဲ့ ရောင်းအားအကောင်းဆုံးစာအုပ်ကတော့ The Logic of Life and Adapt: […]