Unlimited Power

ဒီစာအုပ်က ဘာအကြောင်းပြောထားတာလဲ? Unlimited Power (1989) စာအုပ်ကတော့ ကျွန်တော်တို့ဘဝမှာ ကပ်တွယ်နေတတ်တဲ့ အကြောက်တရားတွေ၊ မသေချာမရေရာမှုတွေနဲ့ ကိုယ့်ကိုယ်ကို မကျေနပ်တဲ့ ခံစားချက်တွေကို ကျော်လွှားနိုင်ဖို့ လမ်းပြပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်နဲ့ အတွေးတွေကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြထားပေးပါတယ်။ ကိုယ်လိုချင်တဲ့ရလဒ်တွေကို ရရှိနေပြီး အောင်မြင်နေတဲ့သူတွေရဲ့ စိတ်နဲ့ခန္ဓာကို ပုံတူကူးပြီး ကျွန်တော်တို့ဘဝကိုလည်း သူတို့လိုအောင်မြင်အောင်လုပ်ဆောင်နိုင်တယ်ဆိုတာကို ဖော်ပြထားပေးတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်၊ ဘယ်သူတွေဖတ်ဖို့လဲ?
Being Boss

Being Boss (2018) စာအုပ်က တီထွင်ဖန်တီးလိုစိတ်ရှိတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအတွက် ပိုမိုအောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အကောင်အထည်ဖော် တည်ထောင်နိုင်ဖို့အတွက် နည်းလမ်းတွေ၊ လုပ်သင့်လုပ်ထိုက်တဲ့ အချက်တွေကို လမ်းညွှန်ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ သင့်ရဲ့ စီးပွားရေးလုပ်ငန်းတွေတင်သာ မကဘဲ သင့်ရဲ့ လူမှုဘ၀မှာပါ သူဌေးတစ်ယောက်လို အောင်မြင်စွာ၊ ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့အတွက် ပန်းတိုင်တွေကို ဘယ်လိုမျိုး ချမှတ်သင့်တယ်၊ ဘယ်လိုမျိုး မှန်ကန်တဲ့ စိတ်ထားမျိုးတွေ ထားရှိသင့်တယ်၊ ဘယ်အရာတွေကို ပိုမိုအချိန်ပေး လုပ်ဆောင်သင့်တယ် ဆိုတဲ့ နည်းဗျုဟာတွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ လှုံ့ဆော်မှု Aspiring လိုချင်နေကြတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ လက်တွေ့ကျတဲ့ အကြံဉာဏ်တွေကို ရှာဖွေနေကြတဲ့ အသေးစား စီးပွားရေး လုပ်ငန်းရှင်တွေ ကိုယ် ဝါသနာပါတဲ့ […]
FightBack Now

FightBack Now: Leveraging Your Assets to Shape the New Normal (2020) စာအုပ်က မသေချာ၊ မရေရာတဲ့ အရာတွေနဲ့ တွေ့ကြုံရတဲ့ အချိန်တွေမှာ ကော်ပိုရေးရှင်းကြီးတွေ အနေနဲ့ ဘယ်လိုမျိုး ဆက်လက်လုပ်ကိုင်ဆောင်ရွက်ရမလဲ ဆိုတဲ့ အကြောင်းတွေကို ရှင်းပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကပ်ဆိုးကြီးအပြီး တစ်ကမ္ဘာလုံးမှာ ရိုက်ခတ်ခဲ့တဲ့ အကြပ်အတည်းတွေကို ဘယ်လိုမျိုး တုန့်ပြန်ဖြေရှင်းရမလဲ အစရှိတဲ့ ပြဿနာတွေကို အခြေခံပြီး လက်ရှိမှာ ရှိနေတဲ့ နည်းပညာတွေ၊ စီးပွားရေးပိုင်းအရ ချည်းကပ်မှုနည်းလမ်းတွေနဲ့ သုံးသပ်ချက်တွေကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့ အတွက်လဲ။ အနာဂတ်မှာ ဆက်လက်လုပ်ဆောင်ရမယ့် နည်းလမ်းတွေအကြောင်း သိချင်နေကြတဲ့ ကော်ပိုရိတ်ခေါင်းဆောင်တွေစွန့်ဦးတီထွင်သမားတွေ၊ start-up လုပ်ငန်း စတင်တည်ထောင်ထားသူတွေnew […]
Reinvent Yourself

Reinvent Yourself (2016) စာအုပ်က သင့်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ချည်းကပ် လုပ်ဆောင်တဲ့ နည်းလမ်းတွေကို ပြန်လည် ထိန်းညှိနိုင်စေဖို့အတွက်၊ အဆက်မပြတ် လန်းဆန်းတတ်ကြွစွာ လုပ်ကိုင် ဆောင်ရွက်နိုင်စေဖို့အတွက် လက်တွေ့ကျတဲ့ နည်းလမ်းတွေကို ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ စာရေးသူ James Altucher က ဘီလီယံနာတွေ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ၊ အနုပညာရှင်တွေရဲ့ self-reinvention အနုပညာကို လက်တွေ့လိုက်နာ ကျင့်သုံးခဲ့ကြတဲ့ ဥပမာတွေကို သရုပ်ဖော် ရှင်းပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ အလုပ်အကိုင်အသစ်တစ်ခုခု စတင်လုပ်ဆောင်ချင်ပေမယ့် စတင်ဖို့အတွက် ကြောက်ရွံ့နေကြတဲ့ သူတွေ အရည်အချင်းအသစ်တွေကို ဘယ်လိုမျိုး ကျွမ်းကျင်တတ်မြောက်အောင် လုပ်ဆောင်ရမလဲ ဆိုတာကို ကိုယ်တိုင်လေ့လာ သင်ယူချင်ကြတဲ့သူတွေ ဘဏ္ဍာရေးဆိုင်ရာ လွတ်မြောက်မှုတွေကို ရရှိချင်တဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ ဖတ်ရှုသင့်တဲ့ […]
Do the Work

Do the Work (2011) စာအုပ်က သင့်ရဲ့ အကြောက်တရားတွေကို ကျော်လွှားနိုင်ဖို့၊ အချိန်ဆွဲပြီး အလုပ်လုပ်ဆောင်တတ်ခြင်း (procrastinating) ကို ရပ်တန့်နိုင်ဖို့နဲ့ သင် အချိန်အတော်ကြာ အလိုဆန္ဒရှိခဲ့တဲ့ အရာတွေကို အောင်မြင်ပြီးဆုံးအောင် လုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့အချက် တွေကို ဖော်ထုတ်ရေးသားပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ အတားအဆီး၊ ခုခံမှု (resistance) တွေကို ဘယ်လိုတိုက်ထုတ်ပစ်ရမယ်၊ ကျွန်တော်တို့ရဲ့ ပန်းတိုင်တွေကို မရောက်ရှိအောင် တားဆီးထားတဲ့ အပြုသဘောမဆောင်တဲ့ တွန်းအားတွေကို ဘယ်လိုမျိုး ရပ်တန့်ပစ်ရမယ် စတဲ့ အကြောင်းအရာတွေကိုလည်း ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ • လုပ်ဆောင်နေရတဲ့ အလုပ်တွေကို အကောင်းဆုံးလက်ရာ အဖြစ် လုပ်ဆောင်နိုင်အောင် ကြိုးစားအားထုတ် နေကြတဲ့သူတွေ• သူတို့ရဲ့ အိုင်ဒီယာတွေကို လက်တွေ့ အကောင်အထည် ဖော်ဖို့အတွက် […]
Employee to Entrepreneur

Employee to Entrepreneur (2018) စာအုပ်က ဝန်ထမ်းတစ်ယောက်ရဲ့ စိတ်ထားကနေ စွန့်ဦးတီထွင်သမားရဲ့ စိတ်ထားမျိုး ဖြစ်လာအောင် ဘယ်လိုမျိုး ပြောင်းလဲရမလဲ ဆိုတာကို လမ်းညွှန် ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ အလုပ်ရဲ့ ရည်ရွယ်ချက်တွေ နောက်ကို လိုက်ရင်း စွန့်ဦးတီထွင်သမား အများစု ပထမဦးဆုံးအကြိမ် မှားတတ်ကြတဲ့ အမှားမျိုးတွေကို ဘယ်လိုရှောင်လွှဲရမလဲ ဆိုတာတွေကိုလည်း ပြောပြပေးထားပါတယ်။ သင့်ရဲ့ အိုင်ဒီယာတွေကို စမ်းသပ်၊ ထုတ်ဖော်ပြသနိုင်ဖို့အတွက် လက်တွေ့ကျတဲ့ နည်းဗျုဟာတွေနဲ့ စွန့်ဦးတီထွင်သမားတစ်ယောက်ရဲ့ စိတ်ထားမျိုး ရှိလာအောင် ရှာဖွေစူးစမ်း လုပ်ဆောင်ထားမယ်ဆိုရင် သင့်ရဲ့ဘ၀နဲ့ အလုပ်ခွင်တွေမှာ မှန်ကန်တဲ့ tools တွေနဲ့ မှန်ကန်တဲ့ သဘောထား attitude တွေကို ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ သူတို့ရဲ့ […]
Top of Mind

Top of Mind (2017) စာအုပ်က စာဖတ်သူတွေကို marketing လုပ်ငန်းတွေမှာ အရင်ပုံစံ နည်းဗျုဟာ အဟောင်းတွေကနေ ရှုထောင့်အသစ်နဲ့ မြင်တတ်စေဖို့အတွက် နည်းဗျုဟာအသစ် တစ်ခု ဖြစ်တဲ့ You Marketing အကြောင်းကို ဖော်ပြပေးထားတဲ့ စာအုပ် တစ်အုပ် ဖြစ်ပါတယ်။ စာရေးသူ John Hall က အသစ်ကမ္ဘာလောကကြီးရဲ့ မားကတ်တင်းလုပ်ငန်းတွေ အကြောင်းကို သိရှိစေနိုင်ဖို့ လုပ်ဆောင်ရမယ့် နည်းလမ်းတွေ၊ tools တွေအကြောင်းကို ဒီစာအုပ်ထဲမှာ ပြောပြ ပေးထားပါတယ်။ ဖောက်သည်တွေရဲ့ ယုံကြည်မှုတွေကို ဘယ်လိုမျိုး ရရှိအောင် အာရုံစိုက် လုပ်ဆောင်ရမလဲ၊ သူတို့ရဲ့ လိုအပ်ချက်တွေကို ပစ်မှတ်ထားပြီး ဘယ်လိုမျိုး ဖြည့်ဆည်းပေးရမလဲ စတဲ့ အချက်တွေကိုလည်း ဒီစာအုပ်ထဲမှာ ရှင်းပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ […]
The Four Steps to the Epiphany

The Four Steps to the Epiphany စာအုပ်က ၂၀၀၀ ခုနှစ် အစောပိုင်းနှစ်တွေမှာ ထွက်ရှိခဲ့တာဖြစ်ပြီး startup လုပ်ငန်းတွေရဲ့ လုပ်ဆောင်မှု ပုံစံ တော်လှန်ရေးကို စတင်ပေးခဲ့တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။ Startup လုပ်ငန်းတွေ စတင်တည်ထောင်တဲ့ နည်းလမ်းတွေကို ထုတ်ကုန်တွေကို အခြေပြုတဲ့ နည်းလမ်းတွေကနေ ဖောက်သည်တွေကို အခြေပြုတဲ့ နည်းလမ်းတွေ ဖြစ်လာစေဖို့အတွက် ပြောင်းလဲဖို့ လိုအပ်ကြောင်း ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။ အခြေကျပြီးသား ကုမ္ပဏီကြီးတွေအနေနဲ့ သူတို့မှာ ရှိပြီးသား ဖောက်သည်တွေအတွက် ထုတ်ကုန်တွေကို အခြေပြုတဲ့ product development တွေအပေါ်မှာ လုပ်ဆောင်နိုင်ပေမယ့် startup လုပ်ငန်းတွေကတော့ ပထမဦးဆုံး အောင်မြင်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်လာနိုင်စေဖို့အတွက် ဖောက်သည်တွေကို အခြေပြုပြီး ကုမ္ပဏီကို တည်ဆောက်ရမှာ […]
Best Self: Be You, Only Better

Best Self (2019) စာအုပ်က အသက်ရှင်ဖို့အတွက် သက်သက် ရုန်းကန်လှုပ်ရှားနေရတာတွေ (surviving) ကို စိတ်ကုန်လာတဲ့သူတွေ၊ ကိုယ့်ရဲ့ ဘ၀မှာ ပြည့်၀ ပျော်ရွှင်စွာ နေထိုင်ချင်တဲ့ (thriving) သူတွေ အတွက် လမ်းညွှန်ပေးထားတဲ့ self-help စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ Life coach တစ်ယောက်ဖြစ်တဲ့ Mike Bayer က သင့်အတွက် အဆိပ်အတောက် ဖြစ်တဲ့ သင့်ရဲ့ ဆန့်ကျင်ဘက်ပုံစံ (anti-self) တွေကို ဖယ်ရှားနိုင်ဖို့၊ သင့်ရဲ့ အကောင်းဆုံးပုံစံ (best self) ကို အသုံးချနိုင်ဖို့အတွက် နည်းလမ်းတွေကို ပြောပြပေးထားပါတယ်။ Life coach တစ်ယောက်အနေနဲ့ clients ပေါင်း ထောင်ပေါင်းများစွာကို သူတို့ရဲ့ အကြောက်တရား တွေကို ရင်ဆိုင်နိုင်အောင်၊ […]
Innovation and Entrepreneurship

Innovation and Entrepreneurship (2006) စာအုပ်က ကိုယ့်ရဲ့ တီထွင်ဆန်းသစ်မှုတွေကို ဖော်ထုတ်ပြီး customers တွေ ရရှိလာအောင် ဆွဲဆောင်ခေါ်နိုင်တဲ့ နည်းဗျုဟာတွေအကြောင်းကို ရှင်းလင်း ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းတွေဆိုတာ ဘယ်သူမဆို သင်ယူလေ့လာပြီး လုပ်ကိုင်ဆောင်ရွက်လို့ ရတယ် ဆိုတာနဲ့ ဒီလို စွန့်ဦးတီထွင် အရည်အချင်းတွေကို အခုမှ လုပ်ငန်းအသစ် စတင် လုပ်ဆောင်သူများသာ မကဘဲ တည်ရှိနေပြီးသား ကုမ္ပဏီကြီးတွေမှာပါ အသုံးချလို့ ရနိုင်တယ်ဆိုတဲ့ အကြောင်းတွေကို ဒီစာအုပ်ထဲမှာ ရှင်းပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့ အတွက်လဲ။ စွန့်ဦးတီထွင် စီးပွားရေးသမားတွေ စွန့်ဦးတီထွင် စီးပွားရေးနယ်ပယ်အကြောင်း စိတ်ဝင်စားတဲ့ သူတွေ ကုမ္ပဏီကြီးတွေက စီနီယာ မန်နေဂျာတွေ ထုတ်ကုန်အသစ်၊ ဝန်ဆောင်မှုအသစ်တွေအတွက် ဆန်းသစ်တဲ့ အိုင်ဒီယာတွေကို […]