The 7 Habits of Highly Effective People

ကျွန်တော်တို့တွေ အကုန်လုံး ကမ္ဘာကြီးကို သူရဲ့ အရှိအတိုင်း မမြင်နိုင်ကြပါဘူး။ ကျွန်တော်တို့ အကုန်လုံးမှာ ကိုယ်ပိုင်ရှုထောင့် ကိုယ်ပိုင်အမြင်တွေ ရှိကြပါတယ်။  လူနှစ်ယောက်က ရုပ်ရှင်တစ်ကားထဲကို အတူတူကြည့်ပေမယ့် သူတို့တစ်ယောက်ချင်းစီရဲ့ ရုပ်ရှင်အပေါ် အမြင်ကတော့ ကွဲပြားနိုင်ပါတယ်။ ကျွန်တော်တို့ တစ်ယောက်ချင်းစီက ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေ၊ ကိုယ်စီ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့သာ နေထိုင်တတ်ကြပါတယ်။ 

How Successful People Lead: Taking Your Influence to The Next Level

ဒီခေတ်နောက်ပိုင်းတွေမှာ Leadership တို့ Leader တို့ စတဲ့ စကားလုံးတွေကို တော်တော်များများ သုံးလာကြပါတယ်။ အစိုးရအဖွဲ့အစည်းတွေ၊ မိသားစု လူမှုအဖွဲ့အစည်းတွေ တစ်ခုချင်းစီတိုင်းမှာ အကြီးအမှုး ခေါင်းဆောင်တစ်ယောက်ရဲ့ အရည်အသွေးက သူ့ရဲ့ အုပ်စုတွေရဲ့ တိုးတတ်မှု၊ အောင်မြင်မှု၊ ကျရှုံးမှုတွေ အပေါ်မှာ အကျိုးသက်ရောက်မှု ရှိပါတယ်။

Activate Your Brain: How Understanding Your Brain Can Improve Your Work and Your Life

ဦးနှောက်က အလုပ်လုပ်တဲ့နေရာမှာ သူ ကြိုက်တဲ့၊ အဓိကကျတဲ့ အချက်နှစ်ချက် ရှိပါတယ်။ အဲဒါကတော့ ရွေးချယ်မှု choice တွေနဲ့ ထိန်းချုပ်မှုတွေ control တို့ ဖြစ်ပါတယ်။ ရွေးချယ်မှုက ကြီးမားလေလေ ထိန်းချုပ်မှုတွေကလည်း ကြီးလေလေဖြစ်ပါပဲ။ အောင်မြင်မှု တစ်ခုခုဆီကို သွားတဲ့ လမ်းကြောင်းတစ်ခုခုကို ရွေးချယ်ပြီး ဒီလမ်းကြောင်းပေါ်မှာ ကျွန်တော်တို့ က လျှောက်လမ်းလိုက်တဲ့အခါ ဦးနှောက်ကလည်း ဒီရွေးချယ်မှုကို သဘောကျစွာနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်ပါတယ်။ အကြောင်းအရာတစ်ခု၊ ပြဿနာတစ်ခုအပေါ်မှာ ကိုယ့်ရဲ့ စိတ်နဲ့ ဦးနှောက်က ဘယ်လို အာရုံစိုက် လုပ်ဆောင်တတ်သလဲ ဆိုတာကို သိကြလား။