The Richest Man In Babylon

ဟိုးရှေးရှေးတုန်းက ဘေဘီလုံမြို့တော်မှာ Arkad လို့ခေါ်တဲ့ အချမ်းသာဆုံး သူဌေးကြီးတစ်ယောက် ရှိခဲ့တယ်။ တစ်ရက်လမ်းမှာ သူ့ငယ်သူငယ်ချင်းနှစ်ယောက်နဲ့ ဆုံတဲ့အခါ သူ့သူငယ်ချင်းနှစ်ယောက်က သူတို့မိသားစုတွေကိုတောင် အနိုင်နိုင်ရုန်းကန်နေရတဲ့အချိန်မှာ Arkad က ဘယ်လိုလုပ်ပြီးများ အရမ်းချမ်းသာနေရတာလဲလို့ မေးခဲ့တယ်။ ဒီအချိန်မှာ Arkad က ပြုံးလိုက်ပြီး သူအရင်တုန်းကလည်း လူချမ်းသာတစ်ယောက်ဆီကနေ ချမ်းသာတဲ့ လျှို့ဝှက်ချက်ကို ဝန်ဆောင်မှုတစ်ခုနဲ့ လဲလှယ်ခဲ့ကြောင်း သူ့သူငယ်ချင်းနှစ်ယောက်ကို ပြောပြခဲ့တယ်။ ဒီလျှို့ဝှက်ချက်ကတော့ “ကိုယ်ရှာလို့ရတဲ့ ငွေတစ်စိတ်တစ်ပိုင်းက ကိုယ့်အတွက်ပဲ ဖြစ်သင့်တယ်” ဆိုတာပါပဲ။ တစ်နည်းပြောရမယ်ဆိုရင် ကိုယ်ရတဲ့ ဝင်ငွေအကုန်လုံးကို မသုံးလိုက်သင့်ပဲ ဉာဏ်ပညာရှိရှိ ရင်းနှီးမြှုပ်နှံသင့်တဲ့အကြောင်းကို ဆိုလိုတာပါ။ ဟိုးအရင်တုန်းကလည်း Arkad အနေနဲ့ ငွေလုံလုံလောက်လောက် စုဆောင်းမိသွားတဲ့အခါ ဒိုင်းကာလုပ်တဲ့သူကို အတိုးနဲ့ငွေချေးပေးခဲ့ပြီး သူ့ရဲ့စည်းစိမ်တွေကို စုဆောင်းခဲ့ပါတယ်. The Richest Man […]
The One Page Financial Plan

You must be logged in to view this content.
7 Secrets to Investing like Warren Buffett

1950 ခုနှစ်တွေတုန်းက Warren Buffett က ဒေါ်လာဘီလီပေါင်းအများကြီးတန်တဲ့ Investment Portfolio ကြီးကို ရင်းနှီးမြှုပ်နှံမှုနဲ့ ပထမဆုံးတည်ဆောက်နိုင်ခဲ့တယ်။ Warren Buffett က ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူတွေထဲက တစ်ယောက်ဖြစ်နေတဲ့အတွက်လည်း လူတွေက သူ့ရဲ့ ဆယ်စုနှစ်ပေါင်းများစွာ အောင်မြင်တဲ့ရင်းနှီးမြှုပ်နှံမှု နည်းလမ်းတွေ၊ ဗျူဟာတွေကို လူတွေက မေးမြန်းရှာဖွေခဲ့ကြပါတယ်။ ဒါကြောင့်လည်း Warren Buffet ရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နည်းလမ်းတွေကို Buffetology လို့ ခေါ်သွင်ခဲ့ကြပြီး Buffetology ကို သေသေချာချာလေ့လာနိုင်ခဲ့တဲ့ သူတွေထဲကတစ်ယောက်က Warren Buffet ရဲ့ ချွေးမဟောင်း Mary Buffet ဖြစ်ပြီး Buffettology ကို အရမ်းစိတ်ဝင်စားတဲ့ သူတစ်ယောက်ဖြစ်တဲ့ Sean Seah နဲ့ တူတူ အောင်မြင်မှု တာရှည်ခံနိုင်မယ့် […]
Passive Income ရှိဖို့ ဘာလို့လိုတာလဲ…?
Passive Income ဆိုတဲ့ စကားလုံးကို မိတ်ဆွေရဲ့ပတ်ဝန်းကျင်မှာ မိတ်ဆွေ မြင်ဖူး၊ ကြားဖူးမှာပါ… ဒီနေ့မှာတော့ ဘာလို့ Passive Income ရှိဖို့ လိုတာလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဘာလို့ Passive Income ရှိဖို့လိုလဲဆိုတော့ ကျွန်တော်တို့ ရေရှည်ချမ်းသာမှုကိုတည်ဆောက်ဖို့၊ ငွေကြေးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်တွေရောက်ဖို့အတွက် ပုံမှန်အလုပ်ကနေ ပုံမှန်ရနေတဲ့ Active Income ဆိုတဲ့ ဝင်ငွေတစ်ခုထဲနဲ့ မလုံလောက်လို့ပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ Active Income လို့ခေါ်တဲ့ အလုပ်ကနေ ရတဲ့ ပုံမှန်လစာဟာ အကန့်အသတ်ရှိပါတယ်။ ပြောရမယ်ဆိုရင် တစ်နေ့မှာ (၂၄)နာရီပဲ ရှိတဲ့အတွက် လူတစ်ယောက်ဟာ အများဆုံးအနေနဲ့ အလုပ်(၂)ခု၊ (၃)ခုလောက်ကိုပဲ တစ်ပြိုင်နက်လုပ်နိုင်ပါတယ်။ ဒီထက်ပိုပြီး လုပ်နိုင်ဖို့ဆိုတာ တော်တော်ခဲယဉ်းပါတယ်။ ဒါကြောင့် Active Income တစ်ခုထဲနဲ့ […]
The Psychology of Money

The Psychology of Money (2020) စာအုပ်က တကယ့် ကမ္ဘာကြီးမှာ ငွေကြေး အလုပ်လုပ်တဲ့ ပုံစံကို မြင်စေတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ စီးပွားရေး ပညာရှင်တွေရဲ့ သီအိုရီတွေနဲ့ စာရင်းဇယားတွေရဲ့ စာရွက်စာတမ်းတွေကို အသုံးပြုပြီးတော့ ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ချမှတ်လေ့ မရှိကြပါဘူး။ အဲ့ဒီ့အစား အတိတ်က ဂုဏ်ယူစရာ၊ အားကျစရာဖြစ်ခဲ့တဲ့ မြောက်မြားလှစွာသော ကိန်းဂဏန်းတွေနဲ့ပဲ ဆုံးဖြတ်ချက်ချလေ့ ရှိကြပါတယ်။ ရလဒ်တွေကတော့ တစ်ခါတစ်ရံမှာ အံ့သြဖို့ ကောင်းပါတယ်။ နောက်ပြီး အမြဲတမ်း စိတ်ဝင်စားဖို့လဲ ကောင်းပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ – ရင်းနှီးမြှုပ်နှံသူတွေ – ပိုက်ဆံစုတဲ့သူတွေ– စွန့်ဦးတီထွင်တွေ – သမိုင်းကို စိတ်ဝင်စား နှံ့စပ်သူတွေ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ မူရင်းစာရေးသူအကြောင်း Morgan […]
Get Good with Money

Get Good With Money (2021) စာအုပ်က သင့်ရဲ့ ငွေကြေး၊ ပိုက်ဆံတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့၊ ကောင်းမွန်တဲ့ ရင်းနှီးချိတ်ဆက်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် နည်းလမ်းတွေကို ရှင်းလင်း လမ်းညွှန်ပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ပြည့်စုံကောင်းမွန်တဲ့ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေ၊ စုဆောင်းတတ်တဲ့ အလေ့ကျင့်တွေ ဖြစ်ပေါ်လာစေဖို့အတွက်နဲ့ လုံခြုံစိတ်ချရမှုရှိတဲ့ ဘဏ္ဍာငွေကြေးဆိုင်ရာ အစီအမံတွေကို ကောင်းမွန်စွာ ချမှတ်နိုင်ဖို့အတွက် နည်းလမ်းကောင်းတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ သူတို့ရဲ့ ဘဏ္ဍာငွေကြေးဆိုင်ရာ ကိစ္စရပ်တွေကို တာဝန်ယူ ဖြေရှင်းချင်ကြတဲ့ အမျိုးသမီးတွေ ချမ်းသာကြွယ်၀မှုတွေကို မြှင့်တင်နိုင်ဖို့အတွက် နည်းလမ်းကောင်းတွေကို ရှာဖွေနေကြတဲ့ သူတွေ ငွေကြေးတွေကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ဖို့အတွက် ဘက်ဂျက်တွေကို ဘယ်လိုခွဲဝေ ချထားရမလဲ၊ ကြွေးမှီကင်းစင်အောင် ဘယ်လိုပြုလုပ်ရမလဲ စတဲ့ နည်းလမ်းတွေကို […]
You Are a Badass at Making Money

You Are a Badass at Making Money (2017) စာအုပ်က ဥစ္စာဓန ငွေကြေးတွေကို ရှာဖွေတဲ့ နေရာမှာ အကောင်းဆုံးနည်းလမ်းတွေ၊ ရှုထောင့် အတွေးအမြင် အသစ်တွေနဲ့ ရှာဖွေနိုင်ဖို့အတွက် ကူညီလမ်းညွှန်ပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဥစ္စာဓနတွေကို ရှာဖွေတဲ့နေရာမှာ နားလည်ထားရမယ့် စွမ်းရည်တွေ၊ ရှိသင့်ရှိသင့်တဲ့ စိတ်ထားတွေသာ ရှိခဲ့မယ်ဆိုရင် သင်ကိုယ်တိုင်လည်း ငွေကြေးရှာဖွေတဲ့နေရာမှာ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ဒီအတွက်ကြောင့် လူအနည်းငယ်လောက်ပဲ ကြွယ်၀ချမ်းသာနိုင်တာပါဆိုတဲ့ ဆင်ခြေတွေ ပေးနေတာကို ရပ်လိုက်ပြီး သင့်ကိုယ်သင် အရူးဆက်လုပ်မနေပါနဲ့တော့။ သင့်ရဲ့ အတွင်းပိုင်းထဲမှာ ရှိတဲ့ စွမ်းရည်တွေကို ရှာဖွေဖော်ထုတ်လိုက်ပြီး အောင်မြင်မှုတံခါး၀တွေကို ဖွင့်လှစ်နိုင်အောင် စတင် ကြိုးစားဆောင်ရွက်နိုင်မယ့် နည်းလမ်းကောင်းတွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ အလုပ်လက်မဲ့ […]
Financial Freedom

Financial Freedom (2019) စာအုပ်က သင့်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ဖြစ်ပေါ်လာတဲ့ အတိုးနှုန်းတွေနဲ့ နောက်ထပ် အလုပ်တွေကို လုပ်ဆောင်စရာ မလိုဘဲ သင့်ကို အေးချမ်းစွာနေထိုင်နိုင်အောင် ကူညီပေးနိုင်တဲ့ ဘဏ္ဍာရေးဆိုင်ရာ နည်းဗျုဟာတွေအကြောင်းကို ဖော်ပြပေးထားတဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ သင့်ရဲ့ ဘဏ္ဍာရေးအခြေအနေတွေက ဘယ်လိုမျိုးပဲ ဖြစ်နေပါစေ သင်က ဒီနည်းဗျုဟာတွေကို အသုံးချပြီးတော့ သင့်အတွက် ပျော်ရွှင်စရာကောင်းတဲ့၊ အမြန်ဆုံး အငြိမ်းစားယူနိုင်မယ့် ဘဏ္ဍာရေးဆိုင်ရာ လွတ်လပ်မှုတွေကို ရရှိအောင် လုပ်ဆောင်နိုင်တယ်ဆိုတဲ့ အကြောင်းတွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
The Financial Diet

The Financial Diet (2018) စာအုပ်က ငွေကြေးတွေကို ပိုမိုကောင်းမွန်စွာ ရှာဖွေနိုင်ဖို့အတွက် လမ်းညွှန်ပေးထားတဲ့ beginner’s guide စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ သင်က သင့်ရဲ့ ငွေကြေးသုံးစွဲမှု အလေ့အကျင့်တွေကို ထိန်းချုပ်မှုအောက်မှာ ရှိနေစေချင်တာလား၊ သင့်ရဲ့ ကျောင်းစရိတ် အကြွေးတွေကို ကြေသွားအောင် ပေးဆပ်ချင်တာလား၊ ဒါမှမဟုတ် သင့်အနာဂတ်အတွက် ငွေကြေးတွေကို စတင် စုဆောင်းချင်တာလား ဒီလို အရာတွေ အားလုံးအတွက် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ သူတို့ရဲ့ ဘဏ္ဍာရေးအခြေအနေတွေကို ပိုမိုကောင်းမွန်တိုးတတ်လာစေချင်တဲ့ ထောင်စုနှစ်ဖွားတွေ ဘဏ္ဍာရေးဆိုင်ရာ အမှီအခို ကင်းလွတ်မှုတွေကို ပိုမိုခိုင်မာစေချင်တဲ့ အမျိုးသမီးတွေ ငွေကြေး သုံးစွဲမှု နည်းနည်းနဲ့ ပိုမိုကောင်းမွန်တဲ့ ဘ၀တစ်ခုမှာ နေထိုင်ချင်ကြတဲ့သူတွေ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း […]
Investing With Impact

Investing With Impact (2015) စာအုပ်မှာ လူသားတွေက အရင်းရှင်စနစ် (capitalism) ရဲ့ စွမ်းအားတွေကို အသုံးချပြီး လူ့အဖွဲ့အစည်းအတွက် တိုးတတ်မှုတွေ ဖြစ်လာအောင် ဘယ်လိုမျိုး လုပ်ဆောင်ရမလဲ ဆိုတဲ့ အကြောင်းကို ဖော်ထုတ်တင်ပြပေးထားပါတယ်။ ကျင့်ဝတ်နဲ့ ကိုက်ညီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ ပရဟိတလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေက ဘဏ္ဍာရေးစနစ် ဆိုတာ လောဘတွေချည်း သက်သက် ရှိနေတဲ့ စနစ်တစ်ခု မဟုတ်ဘူး ဆိုတာကို ပြသနေပါတယ်။ ဒီအတွက်ကြောင့် မကောင်းဆိုးဝါးသဖွယ် မကြာခဏ စွပ်စွဲခံနေရတဲ့ အရင်းရှင်စနစ်က ဘာအတွက်ကြောင့် ကမ္ဘာကြီး ကယ်တင်နိုင်ဖို့အတွက် လျှို့ဝှက်ချက်တစ်ခု ဖြစ်လာတယ်ဆိုတဲ့ အကြောင်းတွေကို ဒီစာအုပ်ထဲမှာ ရှင်းပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ ကမ္ဘာကြီးကို တိုးတတ်စေချင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေ၊ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တွေ ၂၀၀၈ ခုနှစ် […]