The 7 Habits of Highly Effective People

ကျွန်တော်တို့တွေ အကုန်လုံး ကမ္ဘာကြီးကို သူရဲ့ အရှိအတိုင်း မမြင်နိုင်ကြပါဘူး။ ကျွန်တော်တို့ အကုန်လုံးမှာ ကိုယ်ပိုင်ရှုထောင့် ကိုယ်ပိုင်အမြင်တွေ ရှိကြပါတယ်။  လူနှစ်ယောက်က ရုပ်ရှင်တစ်ကားထဲကို အတူတူကြည့်ပေမယ့် သူတို့တစ်ယောက်ချင်းစီရဲ့ ရုပ်ရှင်အပေါ် အမြင်ကတော့ ကွဲပြားနိုင်ပါတယ်။ ကျွန်တော်တို့ တစ်ယောက်ချင်းစီက ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေ၊ ကိုယ်စီ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့သာ နေထိုင်တတ်ကြပါတယ်။