The Grid

Grid ဆိုတာက လျှပ်စစ်ဓာတ်အားတွေ ဖြန့်ဖြူးပေးတဲ့ Power Plants တွေ၊ ဝါယာကြိုးတွေ၊ ဘက်ထရီတွေ၊ Utility Poles တွေ၊ Transformers တွေနဲ့ မီးစက်တွေ စတဲ့ ပစ္စည်းတွေအားလုံး ပေါင်းစည်းထားတဲ့ စွမ်းအင်ဖြန့်ဖြူးရေးဆိုင်ရာ အခြေခံအဆောက်အဦးကြီးဖြစ်ပြီး United States, Mexico နဲ့ Canada အနောက်ဘက်ခြမ်းကို လျှပ်စစ်ဓာတ်အားတွေ ဖြန့်ဖြူးပေးတဲ့ အဆောက်အဦးအကြီးကြီးတွေလိုမျိုး ဖြစ်ပါတယ်။ Grid တစ်ခု အလုပ်လုပ်ဖို့ဆိုရင် ပမာဏအရမ်းများတဲ့ စွမ်းအင်တွေလိုအပ်ပြီး ဒီစွမ်းအင်အတွက် နူးကလီးယား၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့၊ လောင်စာဆီ စတဲ့ စွမ်းအင်တွေကို အသုံးပြုလို့ရပါတယ်။ ဒီနောက်ပိုင်းခုနှစ်တွေမှာ Grid အတွက် ပိုစမ်းသစ်တဲ့ စွမ်းအင်တွေ၊ အစားထိုးစွမ်းအင်တွေ အသုံးပြုဖို့အတွက် ခဏခဏ ကြိုးစားခဲ့ကြပေမယ့် ခန့်မှန်းလို့မရသလို ဆိုးဝါးလှတဲ့ ရာသီဥတုတွေကြောင့် […]

The Art of Worldly Wisdom

အောင်မြင်မှုနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အပိုင်းတွေက ရာစုနှစ်တွေကြာလာတာတောင် ပြောင်းလဲမှုသိပ်မရှိခဲ့ပါဘူး။ Balthasar Gracian ကို ၁၇ ရာစုတုန်းက စပိန်နိုင်ငံမှာ မွေးဖွားခဲ့ပြီး သူရေးသားခဲ့တဲ့ El Criticon ဆိုတဲ့ စပိန် ဂန္ထဝင်ဝတ္ထုအဖြစ် တင်စားခံထားရတဲ့ စာအုပ်နဲ့ နာမည်ကြီးခဲ့ပါတယ်။ 1647 ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ The Art of Worldly Wisdom စာအုပ်ကတော့ ဥရောပတစ်ခွင်လုံးမှာ အောင်မြင်ခဲ့တဲ့စာအုပ်ဖြစ်ပြီး ဒီနေ့အထိသူ့ကိုလူသိများနေစေတဲ့ စာအုပ်လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၄၀၀ အတွင်းမှာ လူ့အဖွဲ့အစည်းကြီးက ကျွန်တော်တို့ထင်ထားသလောက် အပြောင်းအလဲတွေ မဖြစ်တာကြောင့်လည်း သူရေးသားခဲ့တဲ့ နီတိတွေက ဒီနေ့ခေတ်ထိတိုင်အောင် ကိုက်ညီနေတာ ဖြစ်ပါလိမ့်မယ်။ ကမ္ဘာကြီးက အမြဲတမ်း ကသိုက်ကရိုက်နိုင်ပြီး ပြဿနာတွေနဲ့ရှုပ်ထွေးနေပေမယ့် ဒီလိုရှုပ်ထွေးပြီး ဖြစ်ကတတ်ဆန်းဆန်နေတဲ့ ကမ္ဘာကြီးထဲမှာတောင် ကိုယ့်ရဲ့အကျင့်စရိုက်ကောင်းတွေကို […]

Why People Believe Weird Things

သဘာဝလွန်ဖြစ်ရပ်တွေကို ယုံကြည်တာ၊ အယူတည်းတာတွေက ဟိုးအရင်ခေတ်ကတည်းက ရှိခဲ့တာမဟုတ်ပဲ ဒီနေ့ခတ်ထိတိုင်အောင် ဂမ္ဘီရလိုအရာတွေ၊ ဖန်ဆင်းရှင်တွေ၊ ဂြိုဟ်သားတွေ စတဲ့ အခြေအမြစ်မရှိတဲ့ အရာတွေကို လူတွေယုံကြည်နေကြတုန်းပါပဲ။ ဒီလိုယုံကြည်နေကြတဲ့ အဓိပ္ပါယ်မရှိတဲ့ တစ်ချို့အကြောင်းအရာတွေက စိတ်ကုန်စရာကောင်းနေပြီး တစ်ချို့အကြောင်းအရာတွေဆိုရင် လူတွေအတွက်အန္တရာယ်တောင် ဖြစ်စေနိုင်ပါသေးတယ်။ ဒီတော့ ဒီလိုအခြေအမြစ်မရှိတဲ့ Pseudoscience ဆိုတဲ့ သိပ္ပံပညာအတုအယောင်တွေက အခုချိန်ထိရှိနေသေးတာလဲ? လူတွေကဘာလို့ ဒီအခြေအမြစ်မရှိတဲ့ အကြောင်းအရာတွေကို ယုံကြည်နေကြတာလဲ? စတဲ့မေးခွန်းတွေကို ဒီ Why People Believe Weird Things စာအုပ်ထဲမှာ ချက်ကျလက််ကျ ရှင်းပြထားပါတယ်။ ဒီစာအုပ်ထဲမှာ ဗေဒင်ဆရာတွေ၊ စိတ်ဖတ်တဲ့လူတွေက ဘယ်လိုနည်းလမ်းတွေကို အသုံးပြုသလဲ? လူသားတွေအတွက် ထာဝရရှင်သန်ခြင်းဆိုတဲ့ Immortality ဆိုတာ ဘာလို့ မဖြစ်နိုင်တာလဲ? သေရွာကပြန်လာတဲ့သူတွေ မြင်တွေ့ခဲ့ရတဲ့ အလင်းဖြာနေတဲ့ ဥမျဉ်လှိုင်ခေါင်းဆိုတာ […]

How Minds Change

ကမ္ဘာကြီးက အပြားကြီးဆိုတဲ့ Flat World ကို ယုံကြည်တဲ့သူတွေ ဘယ်လိုလုပ်ပြီးသူတို့ရဲ့ ယုံကြည်မှုတွေ ပြောင်းသွားတာလဲ? 9/11 ဖြစ်စဉ်ကြီးက သက်ဆိုင်ရာလူတွေ လုပ်ကြံထားတာလို့ ယုံကြည်ထားတဲ့ Conspiracy Theorist တစ်ယောက် ဘယ်လိုလုပ်ပြီး ဒီယုံကြည်မှုကို စွန့်လွှတ်လိုက်တာလဲ? LGBT ကို အရမ်းကြီး ဆန့်ကျင်တဲ့သူတွေ ဘယ်လိုလုပ်ပြီး LGBT ကို ထောက်ခံလာကြတာလဲ? ယုံကြည်ချက်တစ်ခုကို လက်ခံထားတဲ့ တူရာလူအုပ်စုထဲကနေ တစ်ချို့လူတွေဘာလို့ ထွက်လာကြတာလဲ? တစ်ခါတစ်လေ ဒီလိုမျိုးလူတစ်ယောက်ရဲ့ Mindset ပြောင်းလဲသွားတာဟာ ကြုံရာကျပန်းဖြစ်စဉ်ကြောင့်လို့ ထင်ရပေမယ့် လူတွေရဲ့စိတ်ပြောင်းလဲသွားရတဲ့ ဖြစ်စဉ်နောက်မှာ Pattern တစ်ခုရှိနေပါတယ်။ ကျွန်တော်တို့အနေနဲ့ တစ်ခြားသူတွေရဲ့ စိတ်ကို ပြောင်းလဲဖို့ ကြိုးစားလုပ်ဆောင်ပေမယ့် အထမမြှောက်ခဲ့တဲ့ အကြိမ်ရေ ဘယ်နှစ်ကြိမ်လောက်ရှိနေပြီလဲ? ဒီစာအုပ်ထဲမှာတော့ လူသားတွေရဲ့ စိတ်ပြောင်းလဲသွားရတဲ့ နောက်ကွယ်က […]

The Art of War

The Art of War ဟာ နှစ်ထောင်ပေါင်းများစွာ အကြာက စစ်ဘက်ဆိုင်ရာ နည်းဗျူဟာ သနင်္ဂတွေရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်အဖြစ် သတ်မှတ်ခံထားရတဲ့ တရုတ် စစ်ကျမ်း ဖြစ်ပါတယ်။ ဒီစစ်ကျမ်းထဲမှာ အရှေ့တိုင်းရော အနောက်နိုင်ငံတွေမှာပါ လွှမ်းမိုးမှုရှိတဲ့ စစ်ဘက်ဆိုင်ရာ နည်းဗျူဟာတွေသာမကဘဲ စီးပွားရေးနဲ့ ဥပဒေဆိုင်ရာ နည်းဗျူဟာတွေ ပါဝင်ပါတယ်။ ဗိုလ်ချုပ် Douglas MacArthur နဲ့ Mao Zedong တို့လို‌ ခေါင်းဆောင်တွေကိုယ်တိုင်က ဒီစစ်ကျမ်းကို အထင်ကြီးလေးစားကြပါတယ်။  ဘယ်သူတွေ ဖတ်ရှုဖို့အတွက်လဲ? – များစွာသော စစ်ဘက်ဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ ဥပဒေဆိုင်ရာ နည်းဗျူဟာတွေရဲ့ အခြေခံအုတ်မြစ်ကို စိတ်ဝင်စားကြသူတွေ၊ – လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက စစ်ပွဲတွေကို ဘယ်လိုမျိုး စီမံခန့်ခွဲခဲ့လဲဆိုတာကို နားလည်ချင်ကြသူတွေ ဖတ်ရှုသင့်ပါတယ်။ မူရင်း […]

Wuhan Diary

wuhan diary

Wuhan Diary (2020) က တရုတ် အမျိုးသမီး စာရေးဆရာ Fang Fang ရေးသားထားတဲ့ အွန်လိုင်းအက်ဆေးတွေကို စုစည်းထားမှု ဖြစ်ပါတယ်။ ဒီအက်ဆေးတွေက ၀ူဟန်မြို့ကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် လော့ဒေါင်းချထားတဲ့ အချိန်တစ်လျှောက်လုံးမှာ ရေးသားခဲ့တဲ့ စာတွေ ဖြစ်ပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ကို ရှေ့ဆုံး ရင်ဆိုင်ခဲ့ရတဲ့ ဒီနေ့စဉ်မှတ်တမ်းက သိပ်မကြာခင် ကမ္ဘာတစ်ခုလုံးကို ကူးစက် ပြန့်ပွားတော့မယ့် ကပ်ရောဂါကြီးရဲ့ အစပိုင်း နေ့ရက်တွေ အကြောင်းကို ဖော်ပြ ပေးထားပါတယ်။  တရုတ်နိုင်ငံ နိုင်ငံရေး၊ ယဉ်ကျေးမှုတွေကို စိတ်ဝင်စားတဲ့သူတွေ၊ COVID-19 ကပ်ရောဂါကြီးရဲ့ အစပိုင်းကို သိချင်သူတွေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။