Eat It

ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်က ခန္ဓာကိုယ်အလေးချိန် လျှော့ချဖို့ ကြိုးစားခဲ့ဖူးရင် Paleo, Keto, Low-fat, High-fat, Low-carb တို့လို့ အစားအသောက်ပုံစံတွေကို စမ်းကြည့်ဖူးလောက်မှာပါ။ ဒီ Diet Plan (အစားအသောက်ပုံစံ) တော်တော်များများကတော့ ခန္ဓာကိုယ်အလေးချိန် လျှော့ကျစေနိုင်တယ်လို့ ဘယ်လောက်ပဲ ချက်ကျလက်ကျပြောနေပါစေ ဒီ Diet Plan တော်တော်များများက ကျွန်တော်တို့ကို Apps တွေ၊ ချက်ပြုတ်နည်းစာအုပ်တွေ၊ သောက်စရာတွေနဲ့ ဈေးကြီးတဲ့ အသင်းဝင်ကဒ်တွေ ရောင်းချနေတာပါ။ Jordan Syatt နဲ့ Michael Vacanti က ခန္ဓာကိုယ်အလေးချိန်ကျချင်တဲ့လူပေါင်း ရာချီကို ခန္ဓာကိုယ်အလေးချိန်ကျအောင် ကူညီပေးနေခဲ့တာ နှစ်တော်တော်ကြာနေပါပြီ။ သူတို့စံချိန်တင်ထားခဲ့တဲ့ အောင်မြင်မှုတွေက သူတို့ကို Gary Vaynerchuk တို့လို စွန့်ဦးတီထွင်လုပ်ငန်းရှင် အပါအဝင် လူတော်တော်များများ လိုအပ်တဲ့ […]

The Kindness Method

Kindness method

The Kindness Method (2019) စာအုပ်က အလေ့အကျင့်တွေ ဖြစ်လာအောင် ကိုယ်တိုင်စာနာ စိတ်တွေ၊ နားလည်မှုတွေနဲ့ လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို ရှင်းပြပေးထားပါတယ်။ ဒီစာအုပ်ထဲမှာ စာရေးသူရဲ့ အတွေ့အကြုံတွေကို အခြေခံထားတဲ့ လေ့ကျင့်ခန်းတွေ၊ အကြံဉာဏ်တွေနဲ့ သူကိုယ်တိုင် လျှောက်လှမ်းခဲ့ရတဲ့ ဝိတ်ချခြင်းဖြစ်စဉ်တွေကို ပြောပြထားတဲ့အတွက်ကြောင့် ကိုယ့်အတွက် လိုအပ်နေတဲ့ အပြောင်းအလဲတွေကို လုပ်ဆောင်တဲ့နေရာမှာ လမ်းညွှန်သဖွယ် ဖြစ်နေပါလိမ့်မယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ • မူးယစ်ဆေးဝါး ဒါမှမဟုတ် အရက်စတဲ့ အရာတစ်ခုခုကို စွဲလမ်းနေသူတွေ• ဝိတ်ချချင်တဲ့သူတွေ၊ ကိုယ့်ရဲ့ ကိုယ်အလေးချိန်ကို တတ်မလာအောင် ထိန်းထားချင်တဲ့သူတွေ• အလုပ်အကိုင် အပြောင်းအလဲတွေအတွက် ကောင်းမွန်တဲ့ အလေ့အကျင့်တွေ ဖြစ်ပေါ်လာအောင် ပြောင်းလဲကျင့်သုံးချင်တဲ့ ပရော်ဖက်ရှင်နယ် အလုပ်သမားတွေ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။

The Sleep Solution:Why Your Sleep Is Broken and How to Fix It

Sleep Solution

The Sleep Solution (2017) စာအုပ်က အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ အခြေခံအချက်တွေကို ဆွေးနွေးပြောဆိုပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ အိပ်စက်ခြင်းမှာ ပုံမှန်စည်းချက်ညီစွာ၊ အချိန်မှန်မှန် အိပ်စက်ခြင်းက ဘာအတွက်ကြောင့် အရေးကြီးတယ် ဆိုတာနဲ့ အိပ်မပျော်တဲ့ရောဂါ (insomnia) ဆိုတာက လုံး၀ အိပ်မရတာမျိုး မဟုတ်ဘဲ ပုံမှန် စံချိန်စံညွှန်းအောက် ကျဆင်းနေတဲ့ အိပ်စက်ခြင်း အဆင့်တစ်မျိုးသာ ဖြစ်တဲ့ အကြောင်းတွေကို ပြောပြပေးထားပါတယ်။ ဒီစာအုပ်ကို ဖတ်ရှုပြီးတဲ့ အခါကျရင် ကိုယ့်ရဲ့ အိပ်စက်ခြင်း ပုံစံတွေကို ပိုမိုတိုးတတ်လာအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပြီးတော့ ကိုယ့်ရဲ့ ဘ၀မှာလည်း ပိုပြီး ကောင်းမွန်စွာ နေထိုင်နိုင်တဲ့ ရလဒ်တွေကို ရရှိလာမှာ ဖြစ်ပါတယ်။ အိပ်မပျော်ခြင်းရောဂါ ခံစားနေရတဲ့ သူတွေ၊ ပုံမှန် အနားယူ အိပ်စက်နိုင်ဖို့အတွက် […]

Wuhan Diary

wuhan diary

Wuhan Diary (2020) က တရုတ် အမျိုးသမီး စာရေးဆရာ Fang Fang ရေးသားထားတဲ့ အွန်လိုင်းအက်ဆေးတွေကို စုစည်းထားမှု ဖြစ်ပါတယ်။ ဒီအက်ဆေးတွေက ၀ူဟန်မြို့ကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် လော့ဒေါင်းချထားတဲ့ အချိန်တစ်လျှောက်လုံးမှာ ရေးသားခဲ့တဲ့ စာတွေ ဖြစ်ပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ကို ရှေ့ဆုံး ရင်ဆိုင်ခဲ့ရတဲ့ ဒီနေ့စဉ်မှတ်တမ်းက သိပ်မကြာခင် ကမ္ဘာတစ်ခုလုံးကို ကူးစက် ပြန့်ပွားတော့မယ့် ကပ်ရောဂါကြီးရဲ့ အစပိုင်း နေ့ရက်တွေ အကြောင်းကို ဖော်ပြ ပေးထားပါတယ်။  တရုတ်နိုင်ငံ နိုင်ငံရေး၊ ယဉ်ကျေးမှုတွေကို စိတ်ဝင်စားတဲ့သူတွေ၊ COVID-19 ကပ်ရောဂါကြီးရဲ့ အစပိုင်းကို သိချင်သူတွေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။ 

In Praise of Walking

In Parise of walking

In Praise of Walking (2019) က လူသားတွေရဲ့ အခြေခံအကျဆုံး စွမ်းရည်တွေထဲက တစ်ခုဖြစ်တဲ့ လမ်းလျှောက်ခြင်းနဲ့ ဆိုင်တဲ့ သိပ္ပံပညာအကြောင်းတွေကို စူးစမ်းလေ့လာထားတဲ့ စာအုပ် တစ်အုပ်ဖြစ်ပါတယ်။  ကျွန်တော်တို့တွေက လမ်းလျှောက်ခြင်းကနေ ကိုယ်ရော စိတ်ပါ ကျန်းမာမှုတွေ ရရှိလာနိုင်ပြီး ပိုပြီး ဆန်းသစ်တီထွင်မှုတွေ ရှိလာနိုင်တဲ့အကြောင်း၊ လူမှု ပေါင်းသင်းဆက်ဆံရေးတွေ ပိုမို ကောင်းမွန်လာနိုင်တဲ့အကြောင်းတွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။  လမ်းလျှောက်ရတာကို စိတ်ဝင်စားတဲ့သူတွေ၊ လေ့ကျင့်ခန်းတွေကို ပိုများများ လုပ်ဆောင်ဖို့အတွက် အကြောင်းပြချက် တစ်ခုခုကို ရှာဖွေနေတဲ့သူတွေ၊ စိတ်နဲ့ ကိုယ်နဲ့ သက်ဆိုင်တဲ့ သိပ္ပံပညာ အချက်အလက်တွေကို စိတ်ဝင်စားသူတွေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ 

The Obesity Code

Obesity Code

The Obesity Code (2016) က ဒီနေ့ခေတ် ကမ္ဘာကြီးတစ်ဝန်းလုံးမှာ မြင့်တတ်လာနေတဲ့၊ ကျွန်တော်တို့ရဲ့ ကျန်းမာရေးတွေကို ခြိမ်းခြောက်နေတဲ့ အ၀လွန်မှု ပြဿနာတွေအကြောင်းကို သတိပေး ဖော်ပြထားတဲ့ စာအုပ် တစ်အုပ်ဖြစ်ပါတယ်။ အ၀လွန်ခြင်း ပြဿနာတွေက ဘယ်ကနေ ဘယ်လို စဖြစ်ကြသလဲ၊ အဆီဓာတ် များလွန်းတဲ့ အစာအာဟာရတွေကို စားသောက်ခြင်းကြောင့်လား စတဲ့ အ၀လွန်ခြင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လွဲမှားစွာ သိနေကြတဲ့ အချက်အလက်တွေနဲ့ အ၀လွန်ခြင်းရဲ့ တကယ့်တရားခံ အစစ်ဖြစ်တဲ့ insulin resistance အကြောင်းတွေကို ရှင်းပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ အ၀လွန်ခြင်း ပြဿနာတွေကို ဖြေရှင်းချင်တဲ့သူတွေ၊ ဆရာဝန်တွေ၊ အာဟာရပညာရှင် nutritionists တွေ၊ စားသောက်ကုန် ထုတ်လုပ်တဲ့သူတွေ၊ စားသုံးသူတွေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။

Sleep Smarter: 21 Essential Strategies to Sleep Your Way to A Better Body, Better Health, and Bigger Success

Sleep Smarter

Sleep Smarter (2014) စာအုပ်က ကိုယ့်ရဲ့ အိပ်စက်ခြင်းတွေကို ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်ပေးနိုင်ဖို့အတွက် ကူညီပေးနိုင်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ လက်တွေ့ကျတဲ့ သိပ္ပံပညာ ကိုးကားချက်တွေနဲ့ လက်တွေ့ကျတဲ့ နည်းလမ်းတွေက အိပ်ချိန်နဲ့ ပတ်သက်တဲ့ ကိုယ့်ရဲ့ အတွေးအခေါ်တွေ ပြောင်းလဲသွားအောင်၊ ဒီညကနေစလို့ နေ့တိုင်း ကောင်းမွန်စွာ အိပ်ပျော်နိုင်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။  ညဘက်မှာ အိပ်စက်နေရင်းနဲ့ နိုးလာပြီး ပြန်အိပ်လို့ မရတာမျိုး ဖြစ်ဖူးကြမယ် ထင်ပါတယ်။ ဒီလိုနဲ့ နေ့ဘက် ရောက်တဲ့အချိန်ကျတော့ သိစိတ်တစ်ဝက်နဲ့ ဇွမ်ဘီးတွေလိုမျိုး အလုပ်လုပ်ကိုင်နေရင်း ထိန်းမနိုင် သိမ်းမရ သမ်းဝေနေတတ်ပါတယ်၊ အလုပ်ကိုလည်း အာရုံစိုက်ပြီး မလုပ်နိုင်၊ အိပ်ကလည်း အိပ်ချင် ဖြစ်နေတတ်ကြပါတယ်။