Hire With Your Head

Hire with your head

Hire With Your Head (2007) စာအုပ်က သင့်ကို အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကို ခေါ်ယူနိုင်ဖို့ အတွက်နဲ့ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ အလုပ်ခေါ်စာတွေကို ပြင်ဆင်နိုင်ဖို့အတွက် လမ်းညွှန်ပြောပြ ပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။  HR စျေးကွက်မှာ ဘယ်အချိန်မှာ ရောင်းသူ seller အဖြစ် နေရမယ်၊ ဘယ်အချိန်မှာ ဝယ်သူ buyer အဖြစ်နေရမယ် ဆိုတာတွေကို  သိရှိထားမယ်ဆိုရင် သင်က အလားအလာရှိတဲ့ ဝန်ထမ်းတွေ၊ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကို ရွေးချယ် ခန့်အပ်နိုင်မှာ ဖြစ်ပါတယ်။  ဒါ့အပြင် အလုပ်ခေါ်စာတွေကနေ စတင်ပြီး အင်တာဗျုးတွေအထိ လုပ်ဆောင်ရတဲ့ ဝန်ထမ်းအသစ် ခန့်အပ်တဲ့ နည်းလမ်းတွေကို ကျွမ်းကျင်ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့အတွက် နည်းလမ်းတွေ ကိုလည်း ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။  ဘယ်လိုသူတွေ […]

The Essential HR Handbook

HR

The Essential HR Handbook (2008) စာအုပ်က လူသားအရင်းအမြစ် စီမံခန့်ခွဲမှု (human resources management) အကြောင်းတွေကို လမ်းညွှန်ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။  ကုမ္ပဏီတစ်ခု၊ အဖွဲ့အစည်းတစ်ခု အောင်မြင်နိုင်ဖို့အတွက် အဓိကကျတဲ့ ဝန်ထမ်းတွေကို ခေါ်ယူခန့်အပ်ခြင်းနဲ့ ဝန်ထမ်းတွေကို ဘယ်လိုမျိုး စီမံခန့်ခွဲမှုရမယ် ဆိုတဲ့ နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။  ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။  လူသားအရင်းအမြစ် (HR) ဌာနမှာ အလုပ်လုပ်ကိုင်နေကြတဲ့သူတွေ သူတို့ အဖွဲ့အစည်းတွေရဲ့ အလုပ်လုပ်ဆောင်နေပုံအကြောင်း ပိုမိုကောင်းမွန်စွာ နားလည်သိရှိချင်တဲ့ မန်နေဂျာတွေ  ဝန်ထမ်းအသစ် ခေါ်ယူခန့်အပ်တဲ့နေရာမှာ လုပ်ဆောင်သင့်တဲ့ အချက်တွေကို သိရှိချင်သူတွေ  ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။