The Leader in You

ဒီစာအုပ်က ဘာအကြောင်းပြောထားတာလဲ? The Leader in You စာအုပ်ကို 1993 ခုနှစ်က ထုတ်ဝေခဲ့ပြီး ဒီစာအုပ်ထဲမှာ ကိုယ့်စိတ်အားထက်သန်တဲ့ အရာတွေနဲ့ ကိုယ့်ရဲ့ဖန်တီးမှုစွမ်းရည်တွေကို တိုးတက်အောင်လုပ်တာဟာ ကျွန်တာ်တို့ရဲ့ အလုပ်တွေကို ပိုပြီး‌မြောက်စေရုံသာမကပဲ ကိုယ့်ကိုယ်ကို ပိုပြီးချိတ်ဆက်နိုင်အောင် ကူညီပေးနိုင်တဲ့ အကြောင်းကို ပြောပြထားပါတယ်။ကမ္ဘာတစ်လွှားမှာရှိတဲ့ နယ်ပယ်မျိုးစုံက ခေါင်းဆောင်တွေရဲ့ အတွေးအမြင်တွေကို ပေါင်းစုထားပြီး ကျွန်တော်တို့ရဲ့ခေါင်းဆောင်မှုစွမ်းရည်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေကို လိုသလိုကြိုးကိုင်နိုင်မယ့် လက်တွေ့အသုံးပြုလို့ရတဲ့ နည်းလမ်းတွေကိုဖော်ပြပေးထားပါတယ်။ ဒီလိုအစွမ်းအစတွေကို ကြိုးကိုင်နိုင်မှပဲ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်တွေကို ရောက်ရှိနိုင်မှာဖြစ်ပါတယ်။

Leaders Eat Last

InShot_20210813_082006910

Leaders Eat Last စာအုပ်က အာရုံကြောဆိုင်ရာ ဓာတုပစ္စည်းတွေဖြစ်တဲ့ neurochemicals တွေက လူသားတွေရဲ့ စိတ်ခံစားမှုတွေ၊ လုပ်ဆောင်မှုတွေ အပေါ်မှာ ဘယ်လိုမျိုး လွှမ်းမိုးမှုတွေ ရှိနေကြတယ် ဆိုတဲ့ အကြောင်းနဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်တွေက ဘယ်လိုမျိုး အလုပ်လုပ်လုပ်ဆောင် နေကြတယ် ဆိုတဲ့ အကြောင်းတွေကို ရှင်းပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီလိုမျိုး ကွဲပြားခြားနားမှုတွေနဲ့ လုံခြုံစိတ်ချမှု (Safety) ကို ခံစားလိုတဲ့ စိတ်ခံစားချက်တွေကြောင့် ကျွန်တော်တို့ကို လမ်းညွှန်ပြသပေးဖို့၊ ဦးဆောင်ပေးဖို့အတွက် စစ်မှန်တဲ့ ခေါင်းဆောင်တွေကို လိုအပ်တယ် ဆိုတဲ့အကြောင်းတွေကို ဒီစာအုပ်ထဲမှာ ရှင်းလင်း ပြောပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ • စီအီးအိုတွေ၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာ မန်နေဂျာတွေလိုမျိုး ခေါင်းဆောင်တွေ • ဒီနေ့ခေတ် […]

The Languages of Leadership

The Languages of Leadership (2019) စာအုပ်က ထိရောက်စွာ ခေါင်းဆောင်နိုင်စွမ်း ရှိတဲ့ ခေါင်းဆောင်တွေနဲ့ ထိရောက်စွာ ခေါင်းဆောင်နိုင်စွမ်း မရှိတဲ့ ခေါင်းဆောင်တွေကြားထဲက ကွာခြားချက်တွေကို ထုတ်ဖော်ရေးသားထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။  ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားတဲ့ ရိုးရှင်းတဲ့ နည်းလမ်းအနည်းငယ်နဲ့ သင်က သင့်ရဲ့ ကိုယ်ပိုင် ခေါင်းဆောင်မှု ပုံစံတွေကို ကျင့်သုံးပြီး ဒီနေ့ခေတ်လို အပြိုင်အဆိုင်များလွန်းလှတဲ့ လုပ်ငန်းခွင်တွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့၊ ဝန်ထမ်းတွေကို လှုံ့ဆော်ပေးနိုင်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။  ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။  ပိုမိုမြင့်မားတဲ့ ရာထူးနေရာတွေကို တတ်လှမ်းချင်ကြတဲ့ ဂျုနီယာ၊ အလယ်အလတ်အဆင့် executives ရာထူးမှာ တာဝန်ထမ်းဆောင်နေသူတွေ  သူတို့ရဲ့ အဖွဲ့ကို ပိုပြီး တတ်ကြွလာအောင် လှုံ့ဆော်ပေးချင်နေကြတဲ့ ထိပ်ဆုံးနေရာက ခေါင်းဆောင်တွေ  […]

Lead with a Story

Lead with a Story (2012) စာအုပ်က ကိုယ်က ခေါင်းဆောင်တစ်ယောက် အနေနဲ့ ဇာတ်ကြောင်း ပြောခြင်း နည်းလမ်းရဲ့ စွမ်းအားတွေကို ဘယ်လိုမျိုး အကောင်းဆုံးဖြစ်အောင် အသုံးချနိုင်လဲ ဆိုတဲ့ အကြောင်းတွေကို ပြောပြပေးထားပါတယ်။  ဒီစာအုပ်ထဲမှာ ကိုယ်က လူတွေနဲ့ သူတို့ရဲ့ အပြုအမူတွေကို လှုံ့ဆော်ပေးနိုင်မယ့် ဇာတ်လမ်းတစ်ပုဒ်၊ ဇာတ်ကြောင်းတစ်ပုဒ်ကို ဘယ်လိုမျိုး ဖန်တီးရမယ် ဆိုတဲ့ နည်းလမ်းတွေကို ပြောပြပေးထားပါတယ်။  နယ်ပယ်ကဏ္ဍမျိုးစုံက ခေါင်းဆောင်တွေ၊ တခြားသူတွေကို လှုံ့ဆော်ပေးရတဲ့ နေရာမှာ ပိုပြီး ကောင်းမွန်အောင် လုပ်ဆောင်ချင်တဲ့သူတွေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။ 

Think Simple:How Smart Leaders Defeat Complexity

Think Simple

Think Simple (2020) စာအုပ်က ရိုးရှင်းမှုတွေ၊ နားလည်ရ လွယ်ကူမှုတွေက ဘာအတွက်ကြောင့် အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ အဓိက သော့ချက်ဖြစ်တယ်ဆိုတာတွေကို ရှင်းပြ ပေးထားပါတယ်။  စာရေးသူ Ken Segall က ရှုပ်ထွေးမှုတွေကို ဘယ်လို အနိုင်ယူရမလဲ ဆိုတာနဲ့ အနိုင်ယူနိုင်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လာစေဖို့အတွက် ဘယ်လိုမျိုး တကယ်အရေးပါတဲ့ ကိစ္စတွေ အပေါ်မှာသာ အာရုံစူးစိုက်ထားသင့်ကြောင်းတွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။  သူတို့ရဲ့ ရှုပ်ထွေးလွန်းလှတဲ့ အဖွဲ့အစည်းတွေကို ရိုးရိုးရှင်းရှင်းဖြစ်အောင် လုပ်ဆောင်ချင်တဲ့ စီးပွားရေး ခေါင်းဆောင်တွေ၊ သူတို့ရဲ့ စစချင်း ရိုးရှင်းမှုတွေကို ရှာဖွေချင်တဲ့ Start-up စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ Apple ရဲ့ စီးပွားရေးဆိုင်ရာ ဒဿနတွေကို စိတ်ဝင်စားကြတဲ့ သူတွေ ဖတ်ရှုသင့်တဲ့ စာအုပ် တစ်အုပ်လည်း […]

Leadership Blindspots

Leadership Blindspots

Leadership Blindspots  ဆိုတာက ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ထိရောက်စွာ လုပ်ကိုင်နိုင်စွမ်းတွေ၊ ပြဿနာဖြေရှင်းနိုင်တဲ့ အရည်အချင်းတွေကို လျော့ကျစေနိုင်တဲ့၊ ကျွန်တော်တို့ကို နောက်ပြန်ဆွဲထားတဲ့ အရာတွေဖြစ်ပါတယ်။  ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားတဲ့ နည်းလမ်းတွေကို လိုက်နာ အသုံးချမယ်ဆိုရင် ကိုယ့်ရဲ့ blind spots တွေက ဘာတွေလဲ ဆိုတာကို ဖော်ထုတ်နိုင်မှာ ဖြစ်ပြီးတော့ ဒီလို အားနည်းချက်တွေ မရှိရအောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။  risks ယူပြီး စွန့်စားမှုတွေ လုပ်ဆောင်နေတဲ့ အခါမှာ ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေကို ပိုမို မြင့်တတ်လာစေချင်တဲ့ ခေါင်းဆောင်တွေ၊ သူတို့ရဲ့ ခေါင်းဆောင်တွေကို ပိုမို အောင်မြင်စေချင်ကြတဲ့ ဝန်ထမ်းတွေ ဖတ်ရှုသင့်တဲ့ စာအုပ် တစ်အုပ်လည်း ဖြစ်ပါတယ်။ 

How to Lead Smart People

how to lead smart people

How to Lead Smart People (2019) စာအုပ်က ဒီနေ့ခေတ်ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲနေတဲ့ ပုံစံတွေကြားထဲမှာ ခေါင်းဆောင်မှုအတွက် လက်တွေ့ကျတဲ့ အကြံဉာဏ်တွေကို ဖော်ပြပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။  ဒီစာအုပ်ထဲမှာ ခေါင်းဆောင်တွေက ကိုယ့်ရဲ့ အဖွဲ့ဝင်တွေကို စိန်ခေါ်မှုတွေနဲ့ စိတ်ဓာတ်တတ်ကြွလာ အောင်၊ သူတို့အတွက် လှုံ့ဆော်မှုတွေ ဖြစ်လာအောင် ဘယ်လိုမျိုး ပါဝင်ပူးပေါင်း လုပ်ဆောင်နိုင်မလဲ ဆိုတာတွေကို သင်ယူနိုင်မှာ ဖြစ်ပါတယ်။  အတော်ဆုံးလူတွေကို ဦးဆောင်နေရတာက တကယ် မလွယ်ပါဘူး။ သူတို့တွေက အကြောင်းအရာ တော်တော်များများကို သိနေလေ့ ရှိသလို ဒီလို သိနေတယ်လို့လည်း သူတို့ကိုယ် သူတို့ ထင်နေကြ တဲ့သူတွေ ဖြစ်ပါတယ်။ ဒီအခြေအနေက ခေါင်းဆောင်ဖြစ်သူတွေကို အကြပ်အတည်းတွေ ဖြစ်စေပါတယ်။ ဦးဆောင်ဖို့ မလိုဘူးလို့ ထင်ထားတဲ့သူတွေကို […]

Simple Habits for Complex Times: Powerful Practices for Leaders

simple habits for complex times

Simple Habits for Complex Times (2015) စာအုပ်က ဒီနေ့ခေတ်ရဲ့ အပြောင်းအလဲ အရှုပ်အထွေး တွေကြားထဲမှာ လမ်းကြောင်းတစ်ခုကို ရှာဖွေချင်တဲ့ ခေါင်းဆောင်တွေအတွက် ရေးသားထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။  လျှင်မြန်စွာ ပြောင်းလဲနေတဲ့အတွက်ကြောင့် ကြိုတင် ခန့်မှန်းလို့ မရတဲ့ ဖြစ်စဉ်တွေ (Volatility)၊ မသေချာ၊ မရေရာတဲ့ ဖြစ်စဉ်တွေ (Uncertainty)၊ ရှုပ်ထွေးတဲ့ ဖြစ်စဉ်တွေ (Complexity) ဟိုလိုလည်း ဖြစ်နိုင်၊ ဒီလိုလည်း ဖြစ်နိုင်တဲ့ ဖြစ်စဉ်တွေ (Ambiguity) တွေ ကြားထဲမှာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ အဖွဲ့အစည်းကို အောင်မြင်အောင် လုပ်ဆောင်တဲ့ နေရာမှာ စိန်ခေါ်မှုတွေ အများကြီး ရှိလာပါတယ်။  ဒီလို စိန်ခေါ်မှုတွေကို ဘယ်လို ဖြေရှင်းသင့်တယ် ဆိုတဲ့ နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။ 

Developing the Leader Within You Discover the Biblical Foundations for Leadership

Leadership

Developing the Leader Within You (1993) စာအုပ်က ကိုယ်က ဘယ်လိုအလုပ်မျိုးကိုပဲ ရွေးချယ်လုပ်ကိုင်သည်ဖြစ်စေ၊ ကျရာနယ်ပယ်မှာ ခေါင်းဆောင်တစ်ယောက် ဖြစ်လာစေဖို့အတွက် ကူညီပေးနိုင်ပါလိမ့်မယ်။ ဒီစာအုပ်မှာ ခေါင်းဆောင်မှု အဆင့်တွေအကြောင်းနဲ့ ဒီလို ခေါင်းဆောင်မှု အဆင့်တွေကို ရောက်ရှိအောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကို ပြောပြပေးထားပါတယ်။  အဖွဲ့အစည်းတစ်ခုကို တိုးတတ်အောင် လုပ်ဆောင်တဲ့ နေရာမှာ ကိုယ့်ကိုကိုယ် အရင်ဆုံး တိုးတတ် လာအောင် လုပ်ဆောင်ထားမှသာ ကိုယ့်ရဲ့ အဖွဲ့အစည်းကလည်း တိုးတတ်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်က ခေါင်းဆောင်တစ်ယောက်လို ထက်မြက်နေဖို့၊ ခေါင်းဆောင်တစ်ယောက်လို တွေးခေါ်တတ်ဖို့ အရေးကြီးပါတယ်။ 

The Leadership Lab Understanding Leadership in the 21st Century

the leadership lab

The Leadership Lab (2018) စာအုပ်က ၂၁ ရာစုမှာ အဓိကကျနေတဲ့ ခေါင်းဆောင်မှု ပိုင်းဆိုင်ရာတွေ အပြောင်းအလဲတွေကို သိရှိနိုင်ဖို့အတွက် ကူညီပေးနိုင်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ၂၁ ရာစုမှာ ခေါင်းဆောင်တွေက သူတို့ဆီမှာ ဘယ်လိုမျိုး အပြုသဘောဆောင်နေတဲ့ ကောင်းကျိုးတွေ ရှိနေလဲ၊ ဘယ်လိုမျိုး အပျက်သဘော ဆောင်တဲ့ ဆိုးကျိုးတွေ ရှိနေလဲ ဆိုတာတွေနဲ့ ဒီလို အကျိုး သက်ရောက်မှုတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမယ် ဆိုတဲ့ နည်းလမ်းတွေကို ပြောပြပေးထား ပါတယ်။  ဒါ့အပြင် ခေါင်းဆောင်တွေက ကိုယ့်ရဲ့ ဝန်ထမ်းတွေနဲ့ အထိရောက်ဆုံးဖြစ်အောင် ဘယ်လို ဆက်သွယ် ဆောင်ရွက်ရမလဲ၊ ကိုယ့်အဖွဲ့ရဲ့  စွမ်းဆောင်မှုတွေကို အမြင့်ဆုံးဖြစ်လာအောင် ဘယ်လို ကြိုးစား အားထုတ်ရမလဲ ဆိုတာတွေနဲ့ တစ်ယောက်ချင်းစီရဲ့ ပူးပေါင်းပါဝင်မှုတွေ […]