Rapid Growth , Done Right

Rapid Growth, Done Right Amazon တို့ Microsoft တို့လို ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးတွေကို ကြည့်မယ်ဆိုရင် Product Design ဌာနေကစလို့ Finance ဌာနတွေအထိ ကုမ္ပဏီရဲ့ Department အားလုံးက အပေးအယူမျှမျှနဲ့ သဟဇာတကျကျ လည်ပတ်နေကြတယ် ပြီးတော့ ဒီလိုကုမ္ပဏီကြီးတွေမှာ ကုမ္ပဏီရဲ့ Growth အတွက် Department အားလုံးကို စုစုစည်းစည်းနဲ့ လည်ပတ်အောင် ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်တွေရှိကြတယ် Rapid Growth, Done Right စာအုပ်ထဲမှာတော့  ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘာသာစကား ၃ မျိုး ပြောနိုင်ဖို့ဘာလို့ လိုအပ်တာလဲ(Design, Technical and Business Mind) အရမ်းကြီးကို ရှုပ်ထွေးတဲ့ နည်းပညာဆိုင်ရာ စကားလုံးတွေကို ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်ဖို့ ရိုးရှင်းတဲ့ […]

Multipliers

Multipliers (2010) စာအုပ်ဟာ ဘယ်လို Team နဲ့ မဆို အဆင်ပြေပြီး၊ အောင်မြင်တိုးတက်စေနိုင်တဲ့ Multipliers လို့ ခေါ်တဲ့ ခေါင်း‌ဆောင်ကောင်းတွေနဲ့ Team ရဲ့ စွမ်းအင်နဲ့ စွမ်းအားကို ကုန်ဆုံးစေတဲ့ Diminishers လို့ခေါ်တဲ့ ခေါင်းဆောင်ညံ့တွေကြားက ကွာခြားချက်တွေကို ရှာဖွေ ဖော်ထုတ်ထားတဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။ စာရေးဆရာ Liz Wiseman က Multipliers နဲ့ Diminishers တို့ရဲ့ မတူညီတဲ့ အမျိုးအစားတွေကို သိအောင် ဘယ်လို ခွဲခြားရမလဲဆိုတာကို ရှင်းပြထားပါတယ်။ ဒါ့အပြင် သင့်အနေနဲ့ တိုးတက်အောင်လုပ်ရမယ့် စွမ်းရည်တွေနဲ့ လုံးဝ မဖြစ်မနေ ရှောင်ကြဥ်ရမယ့် စွမ်းရည်တွေကိုလည်း နှိုင်းယှဥ်ပြထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ – ကိုယ့်ရဲ့ Team ကနေ […]

Leading from Anywhere

Leading from Anywhere (2021) စာအုပ်က မတူညီတဲ့ နေရာဒေသတွေကနေ အတူတကွ စုစည်းပြီး အလုပ်လုပ်ကိုင်ကြမယ့် remote teams တွေကို ကောင်းမွန်စွာ ဦးဆောင်နိုင်ဖို့ လမ်းညွှန်ပေးထားတဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။ Remote teams တွေမှာ company culture ကို ဘယ်လိုမျိုး တည်ဆောက်ရမလဲ၊ အရေးကြီးတဲ့ virtual meeting တွေကို ဘယ်လိုမျိုး ပြုလုပ်ရမလဲ၊ အဖွဲ့ဝင်တွေကို ဝေဖန်သုံးသပ်ချက်တွေ ဘယ်လိုမျိုး ပြောကြားရမလဲ စတဲ့ အကြောင်းအရာတွေကို ဒီစာအုပ်ထဲမှာ ရှင်းပြပေးထားပါတယ်။  ဒီလို သင့်ရဲ့ remote teams တစ်ခုကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ဖို့အတွက် နည်းလမ်းတွေအပြင် ခိုင်မာတဲ့ remote teams တစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် လိုအပ်တဲ့အရာတွေကိုလည်း […]

What You Don’t Know about Leadership, But Probably Should

Webp.net-compress-image

What You Don’t Know about Leadership, But Probably Should စာအုပ်က ခေါင်းဆောင်မှု သိပ္ပံပညာ နယ်ပယ်ပိုင်းမှ သုတေသန တွေ့ရှိချက်တွေ၊ လေ့လာချက်တွေကို အခြေခံထားပြီး ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀တွေမှာ ဒီလိုခေါင်းဆောင်မှုဆိုင်ရာ သီအိုရီတွေကို ဘယ်လိုမျိုး လိုက်နာကျင့်သုံး လုပ်ဆောင်နိုင်ကြောင်း ရှင်းပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။  ထင်ရှားကျော်ကြားတဲ့ ခေါင်းဆောင်တွေရဲ့ ခေါင်းဆောင်မှုနည်းလမ်းတွေကို အသုံးပြုပြီး စာရေးသူက ခေါင်းဆောင်တစ်ယောက်အနေနဲ့ စိတ်ဖိစီးစရာတွေ၊ ပဋိပက္ခတွေ ကြုံတွေ့နေရတဲ့ အချိန်မှာ သူ့ရဲ့ အဖွဲ့ကို အကောင်းမွန်ဆုံးဖြစ်အောင် ဘယ်လိုမျိုး စီမံခန့်ခွဲသင့်တယ် ဆိုတဲ့ နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။  ဘယ်လိုသူတွေ ဖတ်ရှုဖို့ အတွက်လဲ။  အလုပ်ခွင်နဲ့ သက်ဆိုင်တဲ့ စိတ်ပညာနယ်ပယ်ပိုင်းကို စိတ်ဝင်စားတဲ့သူတွေ  သူတို့ရဲ့ ခေါင်းဆောင်မှု […]

The Languages of Leadership

The Languages of Leadership (2019) စာအုပ်က ထိရောက်စွာ ခေါင်းဆောင်နိုင်စွမ်း ရှိတဲ့ ခေါင်းဆောင်တွေနဲ့ ထိရောက်စွာ ခေါင်းဆောင်နိုင်စွမ်း မရှိတဲ့ ခေါင်းဆောင်တွေကြားထဲက ကွာခြားချက်တွေကို ထုတ်ဖော်ရေးသားထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။  ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားတဲ့ ရိုးရှင်းတဲ့ နည်းလမ်းအနည်းငယ်နဲ့ သင်က သင့်ရဲ့ ကိုယ်ပိုင် ခေါင်းဆောင်မှု ပုံစံတွေကို ကျင့်သုံးပြီး ဒီနေ့ခေတ်လို အပြိုင်အဆိုင်များလွန်းလှတဲ့ လုပ်ငန်းခွင်တွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့၊ ဝန်ထမ်းတွေကို လှုံ့ဆော်ပေးနိုင်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။  ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။  ပိုမိုမြင့်မားတဲ့ ရာထူးနေရာတွေကို တတ်လှမ်းချင်ကြတဲ့ ဂျုနီယာ၊ အလယ်အလတ်အဆင့် executives ရာထူးမှာ တာဝန်ထမ်းဆောင်နေသူတွေ  သူတို့ရဲ့ အဖွဲ့ကို ပိုပြီး တတ်ကြွလာအောင် လှုံ့ဆော်ပေးချင်နေကြတဲ့ ထိပ်ဆုံးနေရာက ခေါင်းဆောင်တွေ  […]

Winning Now, Winning Later

Winning Now

Winning Now, Winning Later (2020) က ရေရှည်တည်တံ့နိုင်တဲ့ စီးပွားရေးဆိုင်ရာ အောင်မြင်မှုတွေ ရရှိလာစေနိုင်ဖို့အတွက် လုပ်ဆောင်ရမယ့် လမ်းကြောင်းတွေကို ထုတ်ဖော်ပြောပြ ပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။  စာရေးသူ David Cote က သူ့ရဲ့ များပြားလှတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ရေတိုပန်းတိုင်နဲ့ ရေရှည်ပန်းတိုင်တွေ ကြားထဲက အောင်မြင်မှုတွေကို ရွေးချယ်တယ် ဆိုတာက မှားယွင်းနေတယ် ဆိုတာနဲ့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုမှာ ဒီလို ရေတို၊ ရေရှည် ပန်းတိုင် နှစ်မျိုးစလုံးကို ရောက်ရှိနိုင်အောင် လုပ်ဆောင်သင့်ကြောင်း ပြောပြပေးထားပါတယ်။  ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။  စီးပွားရေးဆိုင်ရာ ခေါင်းဆောင်တွေ  ကုမ္ပဏီရဲ့ culture ကို သတ်မှတ်ထားရှိချင်ကြတဲ့ မန်နေဂျာတွေ  အလုပ်တွေ၊ လုပ်ငန်းစဉ်တွေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ချင်ကြတဲ့သူတွေ […]

Financial Freedom

Webp.net-compress-image

Financial Freedom (2019) စာအုပ်က သင့်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ဖြစ်ပေါ်လာတဲ့ အတိုးနှုန်းတွေနဲ့ နောက်ထပ် အလုပ်တွေကို လုပ်ဆောင်စရာ မလိုဘဲ သင့်ကို အေးချမ်းစွာနေထိုင်နိုင်အောင် ကူညီပေးနိုင်တဲ့ ဘဏ္ဍာရေးဆိုင်ရာ နည်းဗျုဟာတွေအကြောင်းကို ဖော်ပြပေးထားတဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။  လက်ရှိအချိန်မှာ သင့်ရဲ့ ဘဏ္ဍာရေးအခြေအနေတွေက ဘယ်လိုမျိုးပဲ ဖြစ်နေပါစေ သင်က ဒီနည်းဗျုဟာတွေကို အသုံးချပြီးတော့ သင့်အတွက် ပျော်ရွှင်စရာကောင်းတဲ့၊ အမြန်ဆုံး အငြိမ်းစားယူနိုင်မယ့် ဘဏ္ဍာရေးဆိုင်ရာ လွတ်လပ်မှုတွေကို ရရှိအောင် လုပ်ဆောင်နိုင်တယ်ဆိုတဲ့ အကြောင်းတွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။  မနက်ကိုးနာရီကနေ ညနေငါးနာရီအထိ အလုပ်ခွင်ထဲကနေ လွတ်မြောက်ချင်သူတွေ  အသက် (၆၀) မပြည့်ခင်မှာ အငြိမ်းစားယူမယ့် အစီအစဉ်တွေကို အကောင်အထည် ဖော်ချင်ကြတဲ့ ထောင်စုနှစ်ဖွားတွေ  ငွေကြေး၊ ဘဏ္ဍာရေးဆိုင်ရာ […]

It Doesn’t Have to Be Crazy at Work

It Doesn’t Have to Be Crazy at Work

It Doesn’t Have to Be Crazy at Work (2019) စာအုပ်က လွဲမှား ချွတ်ချော်နေတဲ့ work culture တွေကို ပြန်လည်ပြင်ဆင်နိုင်ဖို့အတွက် နည်းလမ်းတွေကို ဖော်ပြရေးသား ပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။  ဒီစာအုပ်ထဲမှာ စာရေးသူတွေရဲ့ အောင်မြင်ခဲ့တဲ့ software ကုမ္ပဏီရဲ့ အတွေ့အကြုံတွေကို အခြေခံထားပြီး ကျွန်တော်တို့တွေက အလုပ်ခွင်မှာ အလေ့အကျင့်လို ဖြစ်နေတဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လိုမျိုး လျော့ချရမယ်၊ ဘယ်လိုမျိုး တည်ငြိမ်အေးချမ်းစွာ အာရုံစူးစိုက်မှု ရှိရှိနဲ့ အလုပ်တွေကို ထိရောက်အောင် လုပ်ဆောင်ရမယ် ဆိုတဲ့ နည်းလမ်းတွေကို လမ်းညွှန်ပြောပြပေးထားပါတယ်။  ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။  အလုပ်ခွင်ဘ၀တွေကို ပိုပြီး ကောင်းမွန်စွာ၊ ဟန်ချက်ညီစွာ အောင်မြင်အောင် လုပ်ဆောင်ချင်ကြတဲ့ သူတွေ  လတ်ဆတ်တဲ့ […]

The Motivation Code

Motivation code

The Motivation Code (2020) စာအုပ်က ကျွန်တော်တို့ရဲ့ စိတ်အတွင်းပိုင်း လှုံ့ဆော်မှု (intrinsic motivation) အမျိုးအစား အမျိုးမျိုး အကြောင်းကို ခွဲခြားဖော်ပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။  ကျွန်တော်တို့တွေရဲ့ တမူ ထူးခြားတဲ့ အလိုဆန္ဒတွေ၊ လိုအပ်ချက်တွေအကြောင်း ထုတ်ဖော်ရေးသား ထားတဲ့ ဒီစာအုပ်ထဲမှာ သင့်ရဲ့ ပျောက်ဆုံးနေတဲ့ ကိုယ်ရည်ကိုယ်သွေး အရည်အချင်း (personality) က ဘာလဲ ဆိုတာကို သိရှိအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။  ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။  ကိုယ့်ကိုယ်ကိုယ်အကြောင်း ပိုပြီး သိချင်ကြတဲ့သူတွေ  အတွေးအမြင်အသစ်တွေကို ရှာဖွေနေကြတဲ့ အဖွဲ့မန်နေဂျာတွေ  စိတ်ပညာ၊ ကိုယ်ရည်ကိုယ်သွေး အကြောင်းတွေကို စိတ်ဝင်စားတဲ့သူတွေ  ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။ 

Team Genius

Team Genius

Team Genius (2015) စာအုပ်က စီးပွားရေးလုပ်ငန်းတွေမှာ အသင်းအဖွဲ့တွေရဲ့ စုပေါင်းစွမ်းအား Teamwork လုပ်ဆောင်ပုံတွေကို နားလည်နိုင်အောင် လမ်းညွှန် ရှင်းပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ အသင်းအဖွဲ့တွေရဲ့ ကွဲပြားခြားနားတဲ့ ပုံစံတွေနဲ့ သင်က သင့်ရဲ့ အဖွဲ့ကို အလုပ်တွေ ပြီးမြောက်စွာ လုပ်ကိုင်နိုင်အောင်၊ စိတ်တတ်ကြွမှုတွေ ရှိနေအောင်၊ ဆန်းသစ်တီထွင်မှုတွေ ရှိနေအောင် ဘယ်လိုမျိုး မြှင့်တင်ပေးရမလဲ ဆိုတဲ့ နည်းလမ်းတွေကိုလည်း ဖော်ပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ • အဖွဲ့ခေါင်းဆောင်တွေ• အဖွဲ့အစည်းတစ်ခု တည်ဆောက်နေသူတွေ၊ အဖွဲ့တစ်ခုထဲမှာ ပါဝင်လုပ်ဆောင်နေသူတွေ• ဘယ်အချက်တွေက team work တွေကို ပိုကောင်းအောင် ပြုလုပ်ပေးတာလဲ ဆိုတာကို စိတ်ဝင်စားတဲ့သူတွေ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။