The Brain Sell

ဈေးကွက်ချဲ့ထွင်တဲ့ Marketing လောကတွေ၊ ကြော်ငြာလောကတွေဆိုတာ ဉာဏ်နီဉာဏ်နက်တွေထုတ်သုံးရတဲ့ လောကတွေဖြစ်တယ်ဆိုတာ ကျွန်တော်တို့ တော်တော်များများ သိထားကြပြီး ဖြစ်ပါတယ်။ Marketers တွေက ဒီဉာဏ်နီဉာဏ်နက်တွေ အဆက်မပြတ်သုံးပြီး ကျွန်တော်တို့လို Consumers တွေကို အလုပ်ရှုပ်နိုင်သမျှရှုပ်အောင် လုပ်နေကြပါတယ်။ ဒီစာအုပ်ထဲမှာတော့ Marketers တစ်ယောက်အနေနဲ့ ကိုယ့်ထုတ်ကုန်ရောင်းအားမြင့်ဖို့ သုံးလို့ရမယ့် နည်းလမ်းတွေ၊ မဟာဗျူဟာတွေကို ရှင်းပြထားသလို Consumers တွေအနေနဲ့လည်း ဒီဆွဲဆောင်မှုတွေကနေ ဘယ်လို ရှုန်းထွက်လို့ရမလဲဆိုတဲ့ နည်းလမ်းတွေကိုလည်း ဖော်ပြထားပါတယ်။

The Science of Why

ကျွန်တော်တို့အနေနဲ့ လူတိုင်းရဲ့ ဖိနပ်အတိုင်းကို မသိနိုင်သလို ကျွန်တော်တို့ ဖောက်သည်တိုင်းမှာ မွေးချင်းမောင်နှမ ဘယ်နှစ်ယောက်ရှိလဲဆိုတာ မသိနိုင်ပါဘူး။ ဒါပေမယ့် ဖောက်သည်တွေနဲ့ ပတ်သက်ရင်တော့ ကျွန်တော်တို့သိထားသင့်တဲ့အရာတွေ ရှိနေပါတယ်။ ဥပမာ – ပြိုင်ဘက်တွေရဲ့ ထုန်ကုန်တွေထက်စာရင် ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို ရွေးချယ်ဖို့ ဖောက်သည်တွေကို ဖြစ်စေတဲ့ တွန်းအားတွေ၊ ဒါမှမဟုတ် ဖောက်သည်တွေက ကိုယ့်ထုတ်ကုန်ကိုမရွေးပဲ ဘာလို့ပြိုင်ဘက်တွေရဲ့ ထုတ်ကုန်ကို ရွေးချယ်တာလဲ? စတာတွေကို သိထားသင့်ပါတယ်။ ဒီ Science of Why စာအုပ်ထဲမှာတော့ စာရေးဆရာက ဖောက်သည်တွေရဲ့ စိတ်ကိုဘယ်လို သိနိုင်မလဲဆိုတာကို ဖော်ပြထားပြီး ဖောက်သည်တွေက ကုန်ပစ္စည်းတွေကို ရွေးချယ်ဝယ်ယူတဲ့အခါ ဒီရွေးချယ်မှုအပေါ် သက်ရောက်နေတဲ့ အရာတွေကိုမြင်နိုင်ဖို့၊ သူတို့ဘာစဉ်းစားနေလဲဆိုတာ သိနိုင်ဖို့နဲ့ သူတို့စိတ်ကို လှုံ့ဆော်ပေးတဲ့အရာတွေကို သတိပြုမိနိုင်ဖို့ အသုံးပြုလို့ရတဲ့ MindSight […]

Growth IQ

ကိုယ်က လုပ်ငန်းသစ်တစ်ခုကို စပြီးတည်ထောင်တာဖြစ်ဖြစ် ရှိပြီးသားလုပ်ငန်းကို ပြန်အသက်သွင်းတာပဲ ဖြစ်ဖြစ် ဒီလုပ်ငန်းကြီးကြီးထွားလာဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် အမျိုးအစား ရာပေါင်းချီတဲ့ Growth Model တွေကြားမှာမှ ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီတဲ့ Growth Model ကို ဘယ်လိုရွေးချယ်မလဲ? ဒီစာအုပ်ထဲမှာတော့ Tiffani Bova က အဆက်မပြတ်ပြောင်းလဲနေတဲ့ ဈေးကွက်ထဲမှာ ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ရင်း လုပ်ငန်းကြီးထွားလာဖို့ လက်တွေ့ကျတဲ့ မဟာဗျူဟာ ၁၀ ခုကို ဈေးကွက်ထဲမှာ အမှန်တစ်ကယ်ရှိတဲ့ လုပ်ငန်းတွေရဲ့ ဥပမာတွေနဲ့ တင်ပြထားပါတယ်။

Branding Between The Ears

Marketer တစ်ယောက်အနေနဲ့ Branding အတွက် အင်အားရှိသမျှအကုန်ထုတ်သုံးပြီး လုပ်ဆောင်နေပေမယ့် စားသုံးသူတွေအမြင်မှာ ကိုယ့်ရဲ့ Brand က တစ်ခြား Brands တွေနဲ့ သူလိုငါလိုဖြစ်နေတဲ့အတွက် ထင်သလောက် ရောင်းအားမကောင်းတာတွေ ဖြစ်နေသလား? ဒီစာအုပ်ထဲမှာတော့ Branding နဲ့ ပတ်သက်ပြီး ကျွန်တော်တို့နားလည်ထားတဲ့ လွဲမှားနေတဲ့ ယုံတမ်းစကားတွေ၊ တစ်ဝက်ပဲမှန်တဲ့ အကြောင်းအရာတွေကို သိပ္ပံနည်းကျ ပြန်ရှင်းပြထားပြီး စားသုံးသူတွေအနေနဲ့ ပစ္စည်းတစ်ခုဝယ်ဖို့ ဆုံးဖြတ်ချက်ချတဲ့အခါ သူတို့ဦးနှောက်က ဘယ်လိုအလုပ် လုပ်ဆောင်သလဲဆိုတဲ့ အကြောင်းအရာတွေကို ဖော်ပြထားပါတယ်။ ဒီစာအုပ်ထဲမှာ  စတဲ့အကြောင်းအရာတွေကို ဖော်ပြထားပါတယ်

Kotler on Marketing

InShot_20211001_110913407

Kotler on Marketing (1999) စာအုပ်ကတော့ မော်ဒန် စီမံခန့်ခွဲမှု ရဲ့ ဂန္တဝင် တေးသွား တစ်ပုဒ်ပဲဖြစ်ပါတယ်။ Philip Kotler ရဲ့ လူသိများကျော်ကြားတဲ့ လက်ချာ Series တွေကို အခြေခံထားပြီး ဒီစာအုပ်ဟာဆိုရင် Kotler ရဲ့ ကမ္ဘာကျော် Marketing Textbooks များထဲမှ အကောင်းဆုံးအချက်တွေကို အနှစ်ချုပ်ပေးထားတာဖြစ်လို့ မန်နေဂျာတိုင်းအတွက် တန်ဖိုးဖြတ်လို့မရတဲ့ လက်စွဲစာအုပ် တစ်အုပ်ပဲ ဖြစ်ပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ Kotler ရဲ့ Idea တွေကို အကျဉ်းချုပ်အနေနဲ့ လေ့လာချင်တဲ့ Marketing ကျောင်းသားတွေ နေ့စဉ်ပုံမှန် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နေရတဲ့ Business Executive တွေ လူတွေရဲ့ စိတ်ဝင်စားမှုကို ရယူချင်တဲ့သူတွေ သို့မဟုတ် ကိုယ့်ရဲ့ […]

The Gen Z Frequency

Webp.net-compress-image (16)

The Gen Z Frequency (2018) စာအုပ်က ဒီနေ့ခေတ်လို အချိန်မှာ brands တွေအနေနဲ့ ဒီနေ့ခေတ်ရဲ့ မျိုးဆက်သစ်တွေဖြစ်တဲ့ Generation Z တွေနဲ့ ဘယ်လိုမျိုး ကောင်းမွန်တဲ့၊ အဓိပ္ပာယ်ပြည့်၀တဲ့ relationships တွေကို တည်ဆောက်ရမလဲ ဆိုတာကို လမ်းညွှန်ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒါ့အပြင် brands တွေအနေနဲ့ Generation Z တွေကို ဆွဲဆောင်နိုင်ဖို့အတွက် content strategy, marketing, social media စတာတွေကို ဘယ်လိုမျိုး အထိရောက်ဆုံး ဖြစ်အောင် အသုံးချရမလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး လက်တွေ့ကျတဲ့ အကြံဉာဏ်တွေကိုလည်း ဒီစာအုပ်ထဲမှာ ရှင်းပြပြောဆိုပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ • ကိုယ့်ရဲ့ ထုတ်ကုန်တွေ၊ Brands တွေကို […]

Rethinking Prestige Branding

Rethinking Prestige Branding (2015) စာအုပ်က ဂုဏ်သတင်း ကျော်ကြားတဲ့ brands တွေ အဖြစ် အသွင်ပြောင်းလဲနိုင်ဖို့အတွက် သင့်ကို လမ်းပြညွှန်ကြားပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ ဂုဏ်သတင်း မွှေးပျံ့တဲ့ brands တွေကို တည်ဆောက်နိုင်တဲ့ နည်းလမ်းတွေ၊ ဒီနေ့ခေတ်ရဲ့ ကမ်စတမ်မာတွေကို ဘာတွေကို လိုချင်နေကြတယ် ဆိုတာနဲ့ သင့်ရဲ့ brand ကို စွဲမက်ဖွယ်ရာ အရာတစ်ခုအဖြစ် ပြုလုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ နည်းလမ်းတွေကို ပြောပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ • မားကတ်တင်းသမားတွေနဲ့ branding ပရော်ဖက်ရှင်နယ် ဝန်ထမ်းတွေ• ဒီနေ့ခေတ်ရဲ့ brand တွေက သူတို့ရဲ့ နေရာကို ဘယ်လိုမျိုး ရောက်ရှိလာကြတယ် ဆိုတာကို သိချင်တဲ့ စာဖတ်သူတွေ• သူတို့ရဲ့ brand ရဲ့ […]

Unconscious Branding

Unconscious Branding (2012) စာအုပ်က မားကတ်တင်းသမားတွေ အနေနဲ့ ကျွန်တော်တို့ရဲ့ မသိစိတ်တွေကို ဘယ်လိုမျိုး တီးခေါက်ပြီး သူတို့ရဲ့ brand တွေ၊ ကုမ္ပဏီတွေကို သုံးစွဲလာအောင် လုပ်ဆောင်နေကြတယ် ဆိုတာကို ဖော်ထုတ်တင်ပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။  ဒီစာအုပ်ထဲမှာ တင်ပြထားတဲ့ အဆင့်တွေအတိုင်း လိုက်နာကျင့်သုံးကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ ကုမ္ပဏီကို ရှေ့ဆက်နိုင်ဖို့အတွက် လမ်းပြပေးနိုင်တဲ့ နည်းဗျုဟာတွေကို ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့  brand ကို ဖောက်သည်တွေနဲ့ စစ်မှန်တဲ့ ပေါင်းသင်းဆက်ဆံရေးတွေ  တည်ဆောက်နိုင်ဖို့ အတွက် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။  ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။  အောင်မြင်တဲ့ မားကတ်တင်း ကမ်ပိန်းတွေကို ပြုလုပ်ဖန်တီးချင်တဲ့ မားကတ်တင်းသမားတွေ  ကောင်းမွန်တဲ့ brand တစ်ခုကို တည်ဆောက်ချင်တဲ့ စွန့်ဦးတီထွင် စီးပွားရေး […]

We’re All Marketers

We're all marketing

We’re All Marketers (2019) စာအုပ်က ဒီနေ့ခေတ် ဒီဂျစ်တယ် မားကတ်တင်း ကမ္ဘာရဲ့ နည်းဗျုဟာတွေ အကြောင်း၊ စည်းမျဉ်းတွေ အကြောင်းကို ပြောပြပေးထားတဲ့ စာအုပ် တစ်အုပ်ဖြစ်ပါတယ်။ ကိုယ်က အသေးစား စီးပွားရေးလုပ်ငန်း ပိုင်ရှင် တစ်ဦးပဲ ဖြစ်ဖြစ်၊ ကော်ပိုရေးရှင်းကြီးတွေမှာ အလုပ် လုပ်ကိုင်နေသူ တစ်ဦးပဲ ဖြစ်ဖြစ် ဒါမှမဟုတ် အွန်လိုင်းမှာ အိုင်ဒီယာတွေကို ဘယ်လိုနည်းနဲ့ ရောင်းချရမယ် ဆိုတာကို ရိုးရိုးရှင်းရှင်း သိချင်နေတဲ့ သူတစ်ဦးပဲ ဖြစ်ဖြစ် ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ နည်းလမ်းတွေက မားကတ်တင်း အကြောင်းနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ စဉ်းစားနည်းတွေကို ပြောင်းလဲနိုင်ဖို့ အတွက် ကူညီပေးပါလိမ့်မယ်။

Social Media is Bullshit

Social Media Is Bullshit စာအုပ်က လူမှုကွန်ရက်တွေရဲ့ နောက်ကွယ်မှာရှိနေတဲ့၊ လူတကာ လုပ်ဆောင်နေကြတဲ့ စီးပွားရေး မားကတ်တင်းလုပ်ငန်းတွေအကြောင်းနဲ့ လူမှုကွန်ရက်တွေရဲ့ တန်ဖိုးတွေအပေါ်မှာ ထားရှိတဲ့ အယူအဆ အလွဲအမှားတွေကို ဖော်ထုတ်တင်ပြထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။  လူမှုကွန်ရက်တွေက တချို့သော ကုမ္ပဏီတွေအတွက် အရေးကြီးတဲ့၊ အသုံးဝင်တဲ့ အရာတွေ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကိုယ့်အနေနဲ့က ဒီလို မားကတ်တင်းသမားတွေ၊ လူမှုကွန်ရက်တွေ အကြောင်း ကျွမ်းကျင်သူ ဂုရုတွေရဲ့ ပြောစကားတွေ အကုန်လုံးကို လိုက်နားထောင်နေစရာ မလိုပါဘူး။  ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။  လူမှုကွန်ရက်တွေအပေါ်မှာ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ဒါမှမဟုတ် သူတို့ကိုယ် သူတို့ promote လုပ်ဖို့ စဉ်းစားနေသူတွေ လူမှုကွန်ရက်တွေက အရင်တုန်းကနဲ့ မတူတဲ့၊ တော်လှန်ဖောက်ထွက်နိုင်တဲ့ မားကတ်တင်း နည်းလမ်းတွေ ဖြစ်တယ်လို့ […]