The Personal MBA: Master the Art of Business

the personal MBA

The Personal MBA စာအုပ်က စီးပွားရေးလောက အကြောင်း သိထားသင့်တဲ့ အချက်တွေကို ပြောပြပေးထားပါတယ်။ ဒီနေ့ခေတ်မှာ စစ်မှန်တဲ့ စီးပွားရေး ခေါင်းဆောင်တွေက သူတို့ရဲ့ ကိုယ်ပိုင် အတွေ့အကြုံတွေ၊ ကိုယ်တိုင် သုတေသန လုပ်ဆောင်မှုတွေကနေ တဆင့် သင်ယူကြတာ ဖြစ်ပါတယ်။ တက္ကသိုလ်တွေ၊ သင်တန်းကျောင်းတွေကနေ သင်ယူကြတာ မဟုတ်ပါဘူး။  ဒီစာအုပ်က ကိုယ့်ရဲ့ အတွေးတွေကို တကယ် လက်တွေ့အကောင်အထည် ဖော်နိုင်ဖို့အတွက်နဲ့ ကိုယ်တိုင် အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခုလုံးကို တည်ဆောက်နိုင်ဖို့အတွက် ဖြတ်သန်းရမယ့် အဆင့်တွေကို ပြောပြပေးထားပါတယ်။  ကိုယ်တိုင် စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ချင်နေတဲ့ သူတွေ၊ စီးပွားရေးလောကက ဘယ်လိုမျိုး အလုပ်လုပ်ဆောင်နေတယ် ဆိုတာကို စိတ်ဝင်စားတဲ့သူတွေနဲ့ စီးပွားရေးလောက အခြေခံအကြောင်း သိနားလည်ချင်သူတွေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။