Getting to Yes

InShot_20210920_161729476

Getting to Yes (1981) စာအုပ်က မတူညီကြတဲ့ အဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ ကြားထဲမှာ အပြန်အလှန် ညှိုနှိုင်းဆွေးနွေးမှု (Negotiation) တွေကို အောင်မြင်စွာ ပြုလုပ်နိုင်ဖို့အတွက် နည်းလမ်းတွေကို ရှင်းလင်း ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ညှိုနှိုင်းဆွေးနွေးမှုတွေ ဆိုတာက ဘာလဲ၊ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖက်နဲ့ တစ်ဖက် ညှိုနှိုင်းဆွေးနွေးတဲ့ နေရာမှာ ဘယ်အရာတွေကို ကြိုတင်ပြင်ဆင်ထားရမလဲ၊ သင့်ဆီမှာ ကြုံတွေ့နေရတဲ့ ပဋိပက္ခတွေကို အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းတွေက ဘာတွေလဲ၊ နှစ်ဖက်စလုံးအတွက် win-win အခြေအနေမျိုး ရရှိအောင် ဘယ်လို လုပ်ဆောင်ရမလဲ စတဲ့ အကြောင်းအရာတွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ • အလုပ်ခွင်မှာ၊ နေအိမ်မှာ စတဲ့ ဘယ်လိုနေရာမျိုးမဆိုမှာ […]

The Art of Negotiation How to Improvise Agreement in a Chaotic World

စေ့စပ်ညှိနှိုင်း ဆွေးနွေးမှု အနုပညာ (The Art of Negotiation) စာအုပ်က တခြားစာအုပ်တွေ အများစု မပါဝင်တဲ့ စေ့စပ်ညှိနှိုင်းမှု နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။ စေ့စပ်ညှိနှိုင်း ဆွေးနွေးမှုတွေ ဆိုတာ တစ်ခုနဲ့ တစ်ခု ဘယ်လိုနည်းနဲ့မှ တူညီနိုင်မှာ မဟုတ်ပါဘူး။ ဒီအတွက်ကြောင့် ဖြေရှင်းဖို့အတွက် နည်းလမ်းတွေကလည်း တစ်ခုနဲ့ တစ်ခု တူညီနိုင်မှာ မဟုတ်ပါဘူး။  ဘာဖြစ်လာမယ်ဆိုတာကို ကြိုတင်ခန့်မှန်းလို့ မရတဲ့ စေ့စပ်ညှိနှိုင်းမှုတွေမှာ ကိုယ်က ဘယ်လိုနည်းလမ်းတွေနဲ့ အကောင်းဆုံးဖြစ်အောင် စေ့စပ်ညှိနှိုင်းကြမလဲ၊ ကိုယ့်ရဲ့ စေ့စပ်ညှိနှိုင်းမှု အရည်အချင်းတွေ တိုးတက်လာအောင် ဘယ်လိုလုပ်ဆောင်ရမလဲ စတဲ့ နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။