Getting Things Done

Getting Things Done (2001) စာအုပ်မှာ David Allen က စိတ်ဖိစီးမှု ကင်းစင်တဲ့ Productivity အတွက် သူ့ရဲ့ နာမည်ကျော်တဲ့ စနစ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ ဒီစနစ်နဲ့ဆိုရင် ကိုယ်က လုပ်ကိုင်စရာ ကိစ္စတော်တော်များများကို တီထွင်ဖန်တီးမှုရှိရှိ၊ စိတ်သက်သက်သာသာနဲ့ Productive ဖြစ်ဖြစ် ရင်ဆိုင်အနိုင်ယူနိုင်ပါလိမ့်မယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ – စိတ်ဖိစီးပြီး အလုပ်တွေ ပိနေတဲ့လူတွေ – အလုပ်နဲ့ ကိုယ်ပိုင်ဘဝမှာ Productive ဖြစ်ချင်တဲ့လူတွေ – Getting Things Done Method အကြောင်းကို စိတ်ဝင်စားတဲ့သူတွေဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။ မူရင်းစာရေးသူ အကြောင်း အမေရိကန် စာရေးဆရာ တစ်ယောက်ဖြစ်တဲ့ David Allen ဟာ စီးပွားရေးလုပ်ငန်းရှင်နဲ့ အကြံပေးတစ်ယောက်လဲပဲ […]

People Skills

People Skills (1979) ဟာ ထိရောက်တဲ့ ပေါင်းသင်းဆက်ဆံရေး စွမ်းရည်တွေကို လေ့လာဖို့အတွက် လမ်းညွှန်စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်က ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို ပျက်စီးစေပြီး ဆက်နွယ်မှုတွေကို ထိခိုက်စေတဲ့ အပြန်အလှန်စကားပြောခြင်းဆိုင်ရာ အခက်အခဲတွေကို ပုံဖော်ပြထားပါတယ်။ နောက်ပြီး ပဋိပက္ခတွေကို နားထောင်တတ်ဖို့၊ အခိုင်အမာပြောဆိုတတ်ဖို့နဲ့ ကိုင်တွယ်ဖြေရှင်းတတ်ဖို့အတွက် မတူညီတဲ့ နည်းလမ်းတွေကိုလဲ ပေးပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။  – အိမ်မှာပဲဖြစ်ဖြစ်၊ အလုပ်မှာပဲဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံရေးကို တိုးတက်ဖို့ စိတ်ဝင်စားသူတိုင်း၊  – ပိုပြီးတော့ ကောင်းတဲ့ နားထောင်ပေးသူတစ်ယောက် ဖြစ်ချင်ကြသူတွေ၊  –  နှိမ့်ချတတ်တာ၊ ရန်မူတတ်တာမျိုးထက် အခိုင်အမာ ယုံကြည်မှုရှိရှိ ပြောဆိုတတ်ဖို့ ကြိုးပမ်းနေကြသူတွေ  ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ မူရင်းစာရေးသူ အကြောင်း Robert Bolton, PhD, ကတော့ […]

The Comfort Crisis

The Comfort Crisis (2021) စာအုပ်က ဒီနေ့ခေတ်မှာ ကြုံတွေ့နေကြရတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ကုသပေးနိုင်ဖို့အတွက် နည်းလမ်းတွေကို ထုတ်ဖော် ပြောပြ ပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ စိတ်သက်တောင့်သက်သာ ဖြစ်နေပြီးသား ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀တွေထဲမှာ ဘယ်လို စိန်ခေါ်မှုမျိုးနဲ့မှ မကြုံတွေ့ရခြင်းက ကျွန်တော်တို့ရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကို ဘယ်လိုမျိုး ဆုတ်ယုတ်စေတယ်ဆိုတဲ့ အကြောင်းတွေနဲ့ သဘာ၀ပတ်ဝန်းကျင်၊ အရိုင်းဆန်တဲ့ နယ်မြေ၊ နေရာတွေကို သွားရောက်ခြင်းက သင့်အတွက် ဘယ်လို ကောင်းကျိုးတွေ ရှိစေတယ်ဆိုတဲ့ အကြောင်းတွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ • ဒီနေ့ခေတ် ဘ၀မှာ လမ်းပျောက်ဆုံးသလိုလို အမြင်ထွေပြားနေကြတဲ့သူတွေ • သဘာ၀ပတ်ဝန်းကျင်ထဲ […]

Presence:Bringing your Boldest Self to your Biggest Challenges

Webp.net-compress-image (3)

Presence (2016) စာအုပ်က ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်တို့ကြားထဲက ဆက်နွယ်မှုတွေ အကြောင်းနဲ့ ဒီလို ဆက်နွယ်မှုတွေက ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်တွေ၊ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ထိရောက်မှုရှိစွာ ဆက်သွယ်ပြောဆိုနိုင်ဖို့အတွက် စွမ်းရည်တွေကို ဘယ်လိုပုံစံမျိုးတွေနဲ့ လွှမ်းမိုးမှုရှိနေတယ် ဆိုတဲ့ အကြောင်းအရာတွေကို ရှင်းလင်းပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ခန္ဓာကိုယ် ဘာသာစကား (body language) နဲ့ ခန္ဓာကိုယ် ဟန်ပန်အမူအရာ (postures) တို့အပေါ်မှာ မူတည်ပြီး စကားပြောဆိုရတာ ရှက်ရွံ့နေတဲ့သူတွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းပါးတဲ့သူတွေကို စွမ်းအင်တွေ ပြည့်၀လာအောင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပိုမိုရှိလာအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ • သူတို့ရဲ့ ပြောဆိုဆက်သွယ်ရေးစွမ်းရည်တွေကို […]

The Procrastination Cure

Webp.net-compress-image (2)

The Procrastination Cure (2017) စာအုပ်က အလုပ်တစ်ခုကို အချိန်ဆွဲပြီး လုပ်ကိုင်တတ်သူတွေ အတွက် တန်ဖိုးရှိတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ အချိန်ဆွဲ နှောင့်နှေးစွာ လုပ်ကိုင်တတ်မှုတွေရဲ့ နောက်ကွယ်က အကြောင်းအရင်းတွေကို ဒီစာအုပ်ထဲမှာ ရှင်းလင်းဖော်ပြပေးထားပြီး သင့်ရဲ့ အလုပ်လုပ်ဆောင်နိုင်စွမ်း productivity တွေကို ပိုမိုတိုးတတ် လာစေနိုင်ဖို့အတွက်နဲ့ သင့်ရဲ့ ကိုယ်ရေးကိုယ်တာ personal ပန်းတိုင်၊ အလုပ်အကိုင် professional ပန်းတိုင်တွေကို ရောက်ရှိအောင် အကောင်းဆုံး ကြိုးစားလုပ်ဆောင်နိုင်ဖို့အတွက် နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ • အလုပ်တာဝန် အသစ်တစ်ခုခုကို စတင်ဖို့၊ အလုပ်တာဝန်တွေကို အချိန်မှီ ပြီးစီးအောင် လုပ်ဆောင်ဖို့အတွက် အခက်အခဲ ရှိနေကြတဲ့သူတွေ • လူမှုကွန်ရက်တွေမှာပဲ အချိန်ကုန်နေပြီး ဟိုကြည့်ဒီကြည့် လိုက်ကြည့်နေတတ်ကြတဲ့သူတွေ […]

The Happiness Equation

Webp.net-compress-image

The Happiness Equation (2016) ဟာဆိုရင် ပျော်ရွှင်တဲ့ ဘဝတစ်ခုမှာ နေနိုင်ဖို့ လိုအပ်တဲ့ လျှို့ဝှက်ချက် ၉ ခုကို ဖော်ထုတ်ပေးသွားမယ့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီလျှို့ဝှက်ချက် ၉ ခုကတော့ ဘဝမှာ အကောင်းမြင်စိတ်ရှိခြင်းကြောင့် ရလာနိုင်မယ့် ဆုလာဘ် တွေကို ရိတ်သိမ်းနိုင်စေမယ့် နည်းလမ်းတွေပဲဖြစ်ပါတယ်။ ပျော်ရွှင်မှုဆိုတာက စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုတွေကို လျော့ကျစေရုံပဲမဟုတ်ပါဘူး။ ပျော်ရွှင်မှုဆိုတာ ကြီးကျယ်ခမ်းနားတဲ့ အလုပ်အကိုင်နဲ့ အောင်မြင်မှုတွေရဲ့ လမ်းစလဲဖြစ်ပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ -မပျော်ရွှင်နေတဲ့ သူတွေ – သူတို့ရဲ့ အလုပ်မှာမပျော်ရွှင်ပဲ အလုပ်ကို ကြောက်နေတဲ့သူတွေ – ဘဝကို ထိန်းကျောင်းပေးနိုင်မယ့် နည်းလမ်းကိုရှာဖွေနေတဲ့ စာဖတ်သူတွေဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။ မူရင်းစာရေးသူအကြောင်း New York Times မှာ စာအုပ်အရောင်းရဆုံး […]

How Will You Measure Your Life?

Webp.net-compress-image (15)

စီးပွားရေးလုပ်ငန်းပိုင်း ကျွမ်းကျင်သူတစ်ဦးအဖြစ် ကင်ဆာရောဂါဝေဒနာကနေ လွတ်မြောက်လာခဲ့တဲ့ စာရေးသူ Clayton M. Christensen က လုပ်ငန်းခွင်မှာ ပရော်ဖက်ရှင်နယ်ကျကျ အောင်မြင်မှုတွေနဲ့ အတူတူ စစ်မှန်တဲ့ ပျော်ရွှင်မှုတွေနဲ့ ပြည့်၀နေတဲ့ ဘ၀တစ်ခုကို ဘယ်လို တည်ဆောက်ရမလဲ ဆိုတာကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။ ဒီစာအုပ်ထဲမှာ သင့်အတွက် ဘယ်လိုမျိုး အလုပ်အကိုင် နည်းဗျုဟာ (career strategy) တွေက သင့်တော်မလဲ၊ သင့်အတွက် စိတ်တတ်ကြွမှု (motivation) တွေ ရရှိလာအောင် ဘယ်လို လုပ်ဆောင်ရမလဲ၊ သင် ချစ်ခင်မြတ်နိုးရတဲ့သူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးတွေ ပိုမိုခိုင်မာလာအောင် ဘယ်အရာတွေကို လုပ်ဆောင်ရမလဲ၊ ခိုင်မာတဲ့ မိသားစု family culture တစ်ခုကို ဘယ်လိုမျိုး တည်ဆောက်ရမလဲ စတဲ့ အကြောင်းအရာတွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။ […]

The ONE Thing

InShot_20210828_083749172

The ONE Thing (2013) စာအုပ်က သင့်အတွက် အရေးအကြီးဆုံး ပန်းတိုင်တစ်ခုကို ရှာဖွေတွေ့ရှိ နိုင်စေဖို့အတွက် ကူညီလမ်းညွှန်ပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီလို တွေ့ရှိထားတဲ့ တစ်ခုတည်းသော ပန်းတိုင်ကို ရောက်ရှိအောင် သင့်ရဲ့ အချိန်တွေကို စီမံခန့်ခွဲမှု ရှိစွာ အသုံးရမယ့် နည်းလမ်းတွေနဲ့ သင့်ရဲ့ ဘ၀မှာ ဦးစားပေးလုပ်ဆောင်ရမယ့် အရာတွေ သတ်မှတ်ပြီး ဘယ်လိုမျိုး ရှင်သန်နေထိုင်ရမလဲ၊ ဟန်ချက်ညီအောင် ဘယ်လိုမျိုး နေထိုင်ရမလဲ ဆိုတဲ့ အကြောင်းအရာတွေကို ဒီစာအုပ်ထဲမှာ အကြံပေး ရှင်းလင်းပြောပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ • သူတို့ရဲ့ အလုပ်လုပ်ဆောင်မှု productivity နည်းလမ်းတွေကို တိုးတတ်လာစေချင် ကြတဲ့သူတွေ • သူတို့ရဲ့ ပန်းတိုင်ကို ရောက်ရှိအောင် ဘယ်အချိန်မှာ ကြိုးစားလုပ်ဆောင်မလဲ ဆိုပြီး […]

So Good They Can’t Ignore You

Webp.net-compress-image (14)

သင် လုပ်ဆောင်ရတာ ကျွမ်းကျင်မှုရှိတဲ့၊ သင် ကိုယ်တိုင်လည်း ကြိုက်နှစ်သက်မှုရှိတဲ့ အလုပ်တစ်ခုကို ဘယ်လိုမျိုး ရှာဖွေရမလဲ။ သာမန်ရိုးကျ အကြံပေးချက်တွေ ဖြစ်တဲ့ “ဝါသနာပါတဲ့ အလုပ်တွေကိုပဲ လုပ်ဆောင်ပါ၊ ဝါသနာရဲ့ အနောက်ကိုပဲ လိုက်ပါ” စတဲ့ အကြံပေးချက်တွေအစား ဒီစာအုပ်ထဲမှာတော့ လက်မှုပညာရှင် တစ်ယောက်ရဲ့ စိတ်ထားမျိုးနဲ့ လိုအပ်တဲ့ အရည်အချင်းတွေ ရရှိလာအောင်၊ ဒီအရည်အချင်းတွေ တိုးတတ်လာအောင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို ပြောပြပေးထားပါတယ်။ သင့်ရဲ့ အလုပ်ခွင်ကနေ ရရှိလာမယ့် စိတ်ကျေနပ်မှုတွေကို ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာနဲ့ ဒီစိတ်ကျေနပ်မှုတွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ ရှင်းပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ဖို့အတွက်လဲ။ • “ဝါသနာရဲ့ အနောက်ကိုပဲ လိုက်၊ ဝါသနာအတိုင်းပဲ လုပ်” စတဲ့ အကြံပေးချက်က ဘာလို့ […]

Mindfulness

Webp.net-compress-image (13)

Mindfulness (2011) စာအုပ်က စာဖတ်သူတွေကို ရက်သတ္တပတ် (၈) ပတ်ကြာ တရားထိုင်ခြင်း၊ meditation လုပ်ဆောင်ခြင်းကနေတဆင့် စိတ်ငြိမ်းချမ်းမှု ရရှိအောင် လုပ်ဆောင်နိုင်တဲ့ လေ့ကျင့်ခန်း နည်းလမ်းတွေကို အဆင့်ဆင့် ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဇီ၀ဓာတုပညာရှင်တစ်ယောက်နဲ့ စိတ်ကုသမှုပိုင်းဆိုင်ရာ စိတ်ပညာရှင်တစ်ယောက်တို့ ပူးပေါင်း တွဲဖက်ပြီး ရေးသားထားတဲ့ ဒီစာအုပ်ထဲမှာ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန် တဲ့ နည်းလမ်းတွေကို ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် လေ့ကျင့်ခန်း အဆင့်တွေကို လွယ်ကူစွာ လိုက်နာ လုပ်ဆောင်နိုင်အောင် ရေးသားဖော်ပြထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ • ဒီနေ့ခေတ်လို အလျှင်အမြန် ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးထဲမှာ တည်ငြိမ် အေးဆေးမှု အိုအေစစ်ကလေးကို လိုက်လံရှာဖွေနေကြတဲ့ သူတွေ • စိတ်ငြိမ်းချမ်းမှုနဲ့ ဆက်နွယ်တဲ့ […]