Getting Things Done

Getting Things Done (2001) စာအုပ်မှာ David Allen က စိတ်ဖိစီးမှု ကင်းစင်တဲ့ Productivity အတွက် သူ့ရဲ့ နာမည်ကျော်တဲ့ စနစ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ ဒီစနစ်နဲ့ဆိုရင် ကိုယ်က လုပ်ကိုင်စရာ ကိစ္စတော်တော်များများကို တီထွင်ဖန်တီးမှုရှိရှိ၊ စိတ်သက်သက်သာသာနဲ့ Productive ဖြစ်ဖြစ် ရင်ဆိုင်အနိုင်ယူနိုင်ပါလိမ့်မယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ – စိတ်ဖိစီးပြီး အလုပ်တွေ ပိနေတဲ့လူတွေ – အလုပ်နဲ့ ကိုယ်ပိုင်ဘဝမှာ Productive ဖြစ်ချင်တဲ့လူတွေ – Getting Things Done Method အကြောင်းကို စိတ်ဝင်စားတဲ့သူတွေဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။ မူရင်းစာရေးသူ အကြောင်း အမေရိကန် စာရေးဆရာ တစ်ယောက်ဖြစ်တဲ့ David Allen ဟာ စီးပွားရေးလုပ်ငန်းရှင်နဲ့ အကြံပေးတစ်ယောက်လဲပဲ […]
Rest : Why You Get More Done When You Work Less

Rest (2016) စာအုပ်က ကျွန်တော်တို့တွေက အချိန်ကြာကြာ အလုပ်လုပ်ရင် ပိုပြီး အလုပ်တွေကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်တယ်ဆိုတဲ့ အယူအဆ အလွဲတွေ အကြောင်းကို ရှင်းပြပေးထားတဲ့ စာအုပ် တစ်အုပ်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ရည်ရွယ်ချက်တွေကို ပြည့်၀အောင် လုပ်ဆောင်နိုင်ဖို့နဲ့ အောင်မြင်မှုတွေ ရရှိလာစေဖို့ အတွက်ဆိုရင် ကိုယ့်ရဲ့ အလုပ်စားပွဲမှာ နာရီပေါင်းများစွာ ထိုင်ပြီး လုပ်ဆောင်နေစရာ မလိုပါဘူး။ ကိုယ် အလုပ်လုပ်ဆောင်ဖို့အတွက် အကောင်းဆုံး အချိန်တွေကို ရှာဖွေနိုင်ဖို့၊ လုံလောက်တဲ့ အနားယူချိန်တွေ ရှိဖို့၊ ကိုယ့်ရဲ့ ဆန်းသစ်တီထွင်နိုင်မှုတွေကို ပြုစုပျိုးထောင်ထားဖို့ပဲ လိုပါတယ်။ startup လုပ်ငန်းရှင်တွေ၊ ဆန်းသစ်တီထွင်စွာ ကိုယ့်ရဲ့ အလုပ်တွေကို ထိရောက်မှု ရှိရှိ လုပ်ဆောင်ချင်တဲ့သူတွေ၊ အလုပ်ထဲမှာပဲ ပျော်နေတဲ့ သူတွေ Workaholics သမားတွေ ဖတ်ရှုသင့်တဲ့ […]
Smart Teams: How to Work Better Together

Smart Teams (2018) စာအုပ်က အလုပ်တွေကို လျှင်မြန်စွာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့ အတွက် အဖွဲ့တစ်ခုကို ဘယ်လိုမျိုး တည်ဆောက်ရမလဲ ဆိုတဲ့ နည်းလမ်းတွေကို လမ်းညွှန်ပေးထားတဲ့ စာအုပ် တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ ကိုယ်နဲ့ ကိုယ့်အဖွဲ့ကို ပိုပြီး ကောင်းမွန်စွာ ဆက်သွယ်နိုင်မယ့်၊ ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ၊ နည်းဗျုဟာတွေနဲ့ ကိုယ့်ရဲ့ ပန်းတိုင်ကို မရောက်ရှိအောင်လို့ တားဆီးထားတဲ့ အနှောင့်အယှက်တွေကနေ ဘယ်လိုမျိုး ရုန်းထွက်ရမလဲ ဆိုတဲ့ အကြောင်းတွေကို ပြောပြပေးထားပါတယ်။ အလုပ်တွေကို ပိုကောင်းအောင်၊ ပိုပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ ကုမ္ပဏီ စိတ်ဓာတ်တစ်ခုကို ဖန်တီးတည်ဆောက်ချင်တဲ့ စီးပွားရေးဆိုင်ရာ ခေါင်းဆောင်တွေ၊ တစ်ယောက်နဲ့ တစ်ယောက် ပိုပြီး ထိရောက်စွာ ပူးပေါင်းဆောင်ရွက် နိင်မယ့် […]
The 5 Choices: The Path to Extraordinary Productivity

The 5 Choices စာအုပ်က အလုပ်အများကြီး ပြီးမြောက်အောင် လုပ်ဆောင်ဖို့ဆိုတာက အလုပ်ကို ကြိုးကြိုးစားစား လုပ်ဆောင်ရုံတင်သာ မဟုတ်ဘဲ အလုပ်တွေကို ပိုကောင်းအောင် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ရှင်းပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက် ချမှတ်တဲ့ ဖြစ်စဉ်တွေကို ဘယ်လို စောင့်ကြည့်ရမယ် ဆိုတာနဲ့ အရေးကြီးတဲ့ အလုပ်တွေကို ဘယ်လို အာရုံစူးစိုက်ထားမယ်၊ ကိုယ့်ရဲ့ စွမ်းအင်တွေကို ဘယ်လိုမျိုး စီမံခန့်ခွဲမယ် ဆိုတာတွေကို သင်ယူလေ့လာထားမယ် ဆိုရင် ကိုယ့်ရဲ့ အလုပ်တွေရဲ့ အရည်အသွေးတွေနဲ့ အလုပ် ပြီးမြောက်မှု အဆင့်တွေကိုပါ မြှင့်တင်နိုင်ပါလိမ့်မယ်။ သာမန်ထက် ပိုပြီး အလုပ်တွေကို ပိုများများ ပြီးအောင် လုပ်ဆောင်ချင်တဲ့သူတွေ၊ အလုပ် လုပ်ဆောင်တဲ့ နေရာမှာ အလွန်အမင်း ပင်ပန်းနွမ်းနယ်ပြီး စိတ်ဖိစီးမှုတွေ […]
Two Awesome Hours

ကြားထဲမှာ ဘာအကာအရံမှ မရှိတဲ့ open-plan ရုံးခန်းတွေ၊ အင်တာနက်ပေါ်ကနေ လုပ်ဆောင်လို့ ရတဲ့ telecommuting အလုပ်တွေ၊ ကော်ဖီဆိုင်တွေမှာ ထိုင်ပြီး အလွတ်တန်း freelance အလုပ်တွေ စတဲ့ ခေတ်သစ် လုပ်ငန်းခွင်တွေက စိတ်အနှောင့်အယှက် ဖြစ်စရာတွေရဲ့ ထောင်ချောက်တစ်ခုလို ဖြစ်နေပါတယ်။ ဒီလို လုပ်ငန်းခွင်တွေမှာ ကိုယ့်ရဲ့ ဦးနှောက်ကို အနားပေးဖို့၊ တည်ငြိမ်အောင် လုပ်ဆောင်နိုင်ဖို့အတွက် နည်းဗျုဟာတွေ လိုအပ်ပါတယ်။ Two Awesome Hours (2015) စာအုပ်က ဒီလို အနှောင့်အယှက်တွေကြားထဲမှာ ကိုယ့်ရဲ့ စိတ်စွမ်းအားတွေကို စီမံခန့်ခွဲပြီး ထိရောက်မှုရှိတဲ့ နည်းလမ်းတွေနဲ့ အလုပ်လုပ်ဆောင်နိုင်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။ အပြောင်းအလဲတွေကို ပြုလုပ်ဖို့အတွက် ကိုယ်က ၁၂၀ မိနစ်ပဲ လိုပါတယ်။ အလုပ်စိတ်ဖိစီးမှုတွေ များနေသူတွေနဲ့ သူတို့ရဲ့ အချိန်တွေကို […]
The 4 Day Week

The 4 Day Week က ကျွန်တော်တို့တွေ အလုပ်လုပ်ဆောင်တဲ့ နေရာမှာ ပိုကောင်းမွန်တဲ့ နည်းလမ်း တွေနဲ့ ကိုယ့်ရဲ့ အလုပ်တွေကို အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်နိုင်ဖို့အတွက် လမ်းညွှန်ပေးနိုင်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ ဖော်ပြထားတဲ့ နည်းလမ်းတွေကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ကိုယ့်ရဲ့ ဝန်ထမ်းတွေရဲ့ အလုပ် လုပ်ကိုင်တဲ့ နည်းလမ်းတွေက ပြုပြင်ပြောင်းလဲ လွယ်လာမယ်၊ သူတို့ရဲ့ လက်ရှိ အခြေအနေ ကနေ အကောင်းဆုံးနည်းလမ်းတွေနဲ့ အလုပ်တွေကို လုပ်ကိုင်နိုင်မယ်၊ အလုပ်လုပ်ကိုင်နိုင်စွမ်းတွေ ကလည်း ပိုပြီးတော့ တိုးတတ်လာမယ် စတဲ့ ကောင်းကျိုးတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်က အလုပ်တွေကို လုပ်ဆောင်တဲ့နေရာမှာ မသေချာ မရေရာ ဖြစ်နေတာလား၊ ဒါမှမဟုတ် ကိုယ့်မှာ စိတ်ဖိစီးမှုတွေက တအားများနေတာလား။ ကျွန်တော်တို့တွေ […]
Make Time How to Focus on What Matters Every Day

Make Time (2018) စာအုပ်က သူ့ခေါင်းစဉ်လိုမျိုးပဲ ကိုယ့်မှာ ရရှိထားတဲ့ အချိန်တွေကို ပိုလျှံလာအောင် စီမံခန့်ခွဲနိုင်ဖို့အတွက် ကူညီပေးနိုင်ပါလိမ့်မယ်။ တစ်နေ့မှာ ၂၄ နာရီရှိတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် ဒီအချိန်တွေ အားလုံးကို ကိုယ်က ဘယ်အချိန်မှာ ဘာတွေ လုပ်ကိုင်မယ်ဆိုပြီး စနစ်တကျ သုံးစွဲတတ်မှ ကိုယ့်အတွက် အကျိုး ရှိမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ အချိန်တွေက ဘာအတွက်ကြောင့် ဘယ်လို ကုန်ဆုံးသွားခဲ့သလဲ ဆိုတာကို သိမယ်ဆိုရင် ကိုယ့်အတွက် ပိုပြီး အကျိုးရှိမှာ ဖြစ်ပါတယ်။ ဒီအချိန်တွေကို စနစ်တကျသုံးစွဲနိုင်ဖို့အတွက် နည်းဗျုဟာတွေ ချမှတ်ပြီး စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့တော့ လိုအပ်ပါတယ်။ ကိုယ့်အတွက် အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အရာတွေကို ဘယ်လို ရှောင်လွှဲလို့ ရနိုင်မလဲ ဆိုတဲ့ နည်းလမ်းတွေကိုလည်း ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။
18 Minutes Find Your Focus, Master Distraction, and Get the Right Things Done

18 Minutes (2011) စာအုပ်က ကိုယ့်အတွက် အရေးကြီးတဲ့ အလုပ်တွေကို ဘယ်လို အာရုံစိုက်ပြီး လုပ်ဆောင်ရမယ် ဆိုတာတွေ၊ ကိုယ့်ရဲ့ ပန်းတိုင်ကို ဘယ်လို ရောက်ရှိအောင် လုပ်ရမယ်ဆိုတာတွေနဲ့ ကိုယ့်အတွက် ဖြစ်လာနိင်တဲ့ စိတ်အနှောင့်အယှက်တွေကို ဘယ်လို ရှောင်ရှားရမယ် ဆိုတာမျိုးတွေကို အဓိကသင်ကြားပေးနိုင်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ကိုယ့်အတွက် မှန်ကန်တဲ့ အလုပ်အကိုင်မျိုးက ဘာတွေလဲ ဆိုတာကို သိရှိနိုင်ဖို့အတွက်နဲ့ ကိုယ့်ရဲ့ ရည်မှန်းချက်တွေ ပြည့်ဝလာအောင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတဲ့ နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။
Find Your WHY A Practical Guide for Discovering Purpose for You and Your Team

Find Your WHY (2017) စာအုပ်က လူတိုင်း၊ စီးပွားရေး လုပ်ငန်းတိုင်းမှာ အဖြေရှာနေကြတဲ့ ကိုယ်က ဘာလို့ ဒီအလုပ်ကို လုပ်ရတယ်၊ ဘယ်လို အကြောင်းရင်းကြောင့် ကိုယ်လက်ရှိ လုပ်ဆောင်နေရတဲ့ စီးပွားရေးလုပ်ငန်းကို လုပ်ဆောင်ရတယ်ဆိုတဲ့ ကိုယ့်ရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်ကို ရှာဖွေနိုင်ဖို့အတွက် ကူညီပေးနိုင်ပါလိမ့်မယ်။ ဒီစာအုပ်ထဲမှာ စာရေးသူက ကိုယ့်ရဲ့ အလုပ်တွေမှာ အင်အားကောင်းတဲ့ စိတ်ဓာတ် တက်ကြွလာအောင် လှုံ့ဆော်မှုတွေကို ဘယ်လို ရှာဖွေရမလဲ၊ ကိုယ့်ရဲ့ မနက်ခင်းအချိန်ကနေ စလို့ အလုပ်ခွင်ထဲမှာ ဘယ်လိုမျိုး တက်တက် ကြွကြွဖြစ်အောင် လုပ်ဆောင်ရမလဲစတဲ့ လိုက်နာ ကျင့်သုံးသင့်တဲ့ လေ့ကျင့်ခန်းတွေ၊ နည်းဗျူဟာတွေကို ဖော်ပြပေးထားပါတယ်။
The Free-Time Formula Finding Happiness, Focus, and Productivity No Matter How Busy You Are

ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေက ကျွန်တော်တို့ရဲ့ အချိန်တွေကို အရင်ကထက် ကောင်းစွာ စီမံခန့်ခွဲနိုင်ဖို့နဲ့ အချိန်စီမံခန့်ခွဲမှုတွေမှာ ကျွန်တော်တို့ တွေ့ကြုံနေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ တစ်နေ့တာလုံးမှာ ကိုယ့်ရဲ့ အရေးကြီးဆုံး အလုပ်တွေကို လုပ်ဆောင်ဖို့အတွက် အချိန် လုံလုံလောက်လောက် မရှိဘူးလို့ ကျွန်တော်တို့တွေ အကုန်လုံး ခံစားရဖူးပါတယ်။ အမှန်ကတော့ ဒီပြဿနာက အချိန်ကြောင့် ဖြစ်တဲ့ ပြဿနာ မဟုတ်ပါဘူး။ အချိန်စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေက မှားယွင်းနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။