The Long View

InShot_20210919_163108076

The Long View (2016) စာအုပ်က အဓိပ္ပာယ် ပြည့်၀ပြီး၊ သင့်အတွက် ရေရှည်အောင်မြင်မှုတွေကို ယူဆောင်လာပေးနိုင်တဲ့ အလုပ်အကိုင် တစ်ခုကို ရှာဖွေတည်ဆောက်နိုင်ဖို့အတွက် နည်းလမ်းတွေကို လမ်းညွှန်ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ သင့်မှာ အလုပ်အတွက် မှန်ကန်သင့်တော်တဲ့၊ အသုံးဝင်တဲ့ အရည်အချင်းတွေ ရှိလာအောင် ဘယ်လို တည်ဆောက်ရမလဲ၊ သင့်အတွက် ထိရောက်မှုရှိတဲ့ personal network တွေကို ဘယ်လို တည်ဆောက်ရမလဲ ဆိုတာနဲ့ ကောင်းမွန်တဲ့ အလုပ်ခွင်နဲ့ ဘ၀နှစ်ခုကြား မျှခြေ (work-life balance) ကို ဘယ်လို ရှာဖွေရမလဲ ဆိုတဲ့ အကြောင်းအရာတွေကို ဒီစာအုပ်ထဲမှာ ပြောပြထားပါတယ်။ အလုပ်တွေဆိုတာက အမြဲတမ်း စိတ်ပျက်စရာကောင်းနေတာ မဟုတ်ပါဘူး။ သင်ကိုယ်တိုင် လုပ်ဆောင်ရတာ ဝါသနာပါတဲ့၊ ငွေရေးကြေးရေးအပိုင်းအရလည်း အောင်မြင်မှုရှိတဲ့ […]

Selling the Invisible

Webp.net-compress-image (17)

တိုးတတ်လာတဲ့ ခေတ်သစ်စီးပွားရေးလုပ်ငန်းတွေမှာ ထုတ်ကုန် (Products) တွေသာမကဘဲ ဝန်ဆောင်မှု (Services) တွေကလည်း သိသာထင်ရှားတဲ့၊ ကြီးထွားလာတဲ့ အစိတ်အပိုင်း၊ အခန်းကဏ္ဍ တစ်ခုအနေနဲ့ ပါဝင်လာပါတယ်။ ဒါပေမဲ့ ဒီလို ဝန်ဆောင်မှုတွေကို ကြော်ငြာတဲ့အခါမျိုးမှာ၊ မားကတ်တင်း လုပ်ဆောင်တဲ့ အခါမျိုးမှာ ဘယ်လိုမျိုး နည်းလမ်းတွေနဲ့ လုပ်ဆောင်ရမယ် ဆိုတာကိုတော့ ဘယ်သူမှ ရှင်းလင်းပြတ်သားစွာ မသိရှိထားကြပါဘူး။ Selling the Invisible (1997) စာအုပ်မှာတော့ ဒီလို လက်ဆုပ်လက်ကိုင် ပြသလို့ မရတဲ့ ဝန်ဆောင်မှု တွေကို လူသိများလာအောင် လုပ်ဆောင်နိုင်ဖို့အတွက် နည်းလမ်းတွေ၊ လမ်းညွှန်ချက်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေအနေနဲ့ သူတို့ကုမ္ပဏီက လုပ်ဆောင်ပေးတဲ့ ဝန်ဆောင်မှုတွေကို ဘယ်လိုမျိုး ကြော်ငြာရမလဲ စတဲ့ အကြောင်းအရာတွေကို ရှင်းလင်းပြောပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ဖို့အတွက်လဲ။ […]

Leaders Eat Last

InShot_20210813_082006910

Leaders Eat Last စာအုပ်က အာရုံကြောဆိုင်ရာ ဓာတုပစ္စည်းတွေဖြစ်တဲ့ neurochemicals တွေက လူသားတွေရဲ့ စိတ်ခံစားမှုတွေ၊ လုပ်ဆောင်မှုတွေ အပေါ်မှာ ဘယ်လိုမျိုး လွှမ်းမိုးမှုတွေ ရှိနေကြတယ် ဆိုတဲ့ အကြောင်းနဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်တွေက ဘယ်လိုမျိုး အလုပ်လုပ်လုပ်ဆောင် နေကြတယ် ဆိုတဲ့ အကြောင်းတွေကို ရှင်းပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီလိုမျိုး ကွဲပြားခြားနားမှုတွေနဲ့ လုံခြုံစိတ်ချမှု (Safety) ကို ခံစားလိုတဲ့ စိတ်ခံစားချက်တွေကြောင့် ကျွန်တော်တို့ကို လမ်းညွှန်ပြသပေးဖို့၊ ဦးဆောင်ပေးဖို့အတွက် စစ်မှန်တဲ့ ခေါင်းဆောင်တွေကို လိုအပ်တယ် ဆိုတဲ့အကြောင်းတွေကို ဒီစာအုပ်ထဲမှာ ရှင်းလင်း ပြောပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ • စီအီးအိုတွေ၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာ မန်နေဂျာတွေလိုမျိုး ခေါင်းဆောင်တွေ • ဒီနေ့ခေတ် […]

Leading from Anywhere

Leading from Anywhere (2021) စာအုပ်က မတူညီတဲ့ နေရာဒေသတွေကနေ အတူတကွ စုစည်းပြီး အလုပ်လုပ်ကိုင်ကြမယ့် remote teams တွေကို ကောင်းမွန်စွာ ဦးဆောင်နိုင်ဖို့ လမ်းညွှန်ပေးထားတဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။ Remote teams တွေမှာ company culture ကို ဘယ်လိုမျိုး တည်ဆောက်ရမလဲ၊ အရေးကြီးတဲ့ virtual meeting တွေကို ဘယ်လိုမျိုး ပြုလုပ်ရမလဲ၊ အဖွဲ့ဝင်တွေကို ဝေဖန်သုံးသပ်ချက်တွေ ဘယ်လိုမျိုး ပြောကြားရမလဲ စတဲ့ အကြောင်းအရာတွေကို ဒီစာအုပ်ထဲမှာ ရှင်းပြပေးထားပါတယ်။  ဒီလို သင့်ရဲ့ remote teams တစ်ခုကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ဖို့အတွက် နည်းလမ်းတွေအပြင် ခိုင်မာတဲ့ remote teams တစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် လိုအပ်တဲ့အရာတွေကိုလည်း […]

The Practice:Shipping Creative Work

InShot_20210225_094807315

The Practice (2020) စာအုပ်က တီထွင်ဖန်တီးမှုရှိတဲ့ အလုပ်တွေကို လုပ်ဆောင်နေရတဲ့ creative professionals သမားတွေအတွက် ရည်ရွယ်ရေးသားထားတဲ့ စာအုပ် တစ်အုပ် ဖြစ်ပါတယ်။ စာရေးသူ Seth Godin က တီထွင်ဖန်တီးနိုင်စွမ်းဆိုတာ မွေးရာပါ အရည်အချင်း ဖြစ်တယ်၊ လက်တွေ့ကျတဲ့ နည်းလမ်းတွေနဲ့ သင်ယူလို့ မရနိုင်ဘူးဆိုတဲ့ အချက်အလက်တွေကို ဒီစာအုပ်ထဲမှာ ငြင်းဆန်ထားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစွာနဲ့ တီထွင်ဖန်တီးနိုင်စွမ်း ရှိတဲ့ အလုပ်တွေ၊ အလေ့အကျင့်တွေ ဖြစ်လာအောင် ဘယ်လိုမျိုး လုပ်ဆောင်ရမလဲ ဆိုတဲ့ အချက်တွေ၊ နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ ဝါဿနာပါတဲ့ အလုပ်တွေကို အသက်မွေးဝမ်းကြောင်းအလုပ်အကိုင် အဖြစ် ပြောင်းလဲပြီး တီထွင်ဖန်တီးမှု ရှိရှိ အလုပ်လုပ်ကိုင်ချင်ကြတဲ့သူတွေ သူတို့ […]

Think Again

Webp.net-compress-image (2)

Think Again (2021) စာအုပ်က သင့်ရဲ့ စဉ်းစားတွေးတောခြင်း နည်းလမ်းတွေနဲ့ တခြားသူတွေကို ဆွဲဆောင်သိမ်းသွင်းနိုင်ဖို့အတွက် နည်းလမ်းတွေ၊ အကြောင်းအရာတွေကို သိပ္ပံနည်းကျ ထုတ်ဖော် တင်ပြ ပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့တွေရဲ့ ဆုံးဖြတ်ချက်ချမှတ်မှုအပိုင်းမှာ ရှိနေတတ်ကြတဲ့ ဘက်လိုက်မှုတွေနဲ့ ကျွန်တော်တို့ရဲ့ ထင်မြင်ယူဆချက် အလွဲအမှားတွေ အကြောင်းကိုလည်း ဖော်ပြပေးထားပါတယ်။ ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းစီနဲ့ အဖွဲ့အစည်းတွေမှာ ရှိသင့်တဲ့ စိတ်ထား mindset တွေကို ဘယ်လိုမျိုး တည်ဆောက်ရမယ် ဆိုတဲ့ နည်းလမ်းတွေကိုလည်း ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ ရှုထောင့်အသစ်တွေကို ရှာဖွေနေကြတဲ့ ပရော်ဖက်ရှင်နယ် အရောင်းဝန်ထမ်းတွေအဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်မှုတွေကို ပိုမိုတိုးတတ်စေချင်ကြတဲ့ မန်နေဂျာတွေစိတ်ပညာအကြောင်း စိတ်ဝင်စားကြတဲ့သူတွေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

Work Together Anywhere

Work Together Anywhere (2018) စာအုပ်က ရုံးခန်းတွေထဲမှာ ထိုင်ပြီး အလုပ်လုပ်ဆောင်နေကြတဲ့ အလုပ်ခွင်ရဲ့ အနာဂတ်အကြောင်းနဲ့ ပြုပြင်ပြောင်းလဲလွယ်တဲ့ အလုပ်ခွင် ပြင်ပမှာ အလုပ်လုပ်ကိုင်ခြင်း နည်းလမ်းတွေက ဝန်ထမ်းတွေနဲ့ မန်နေဂျာတွေကို ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်ကြောင်း ထုတ်ဖော်ရေးသားပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။  အလုပ်ခွင်ပြင်ပမှာ ထိရောက်စွာ လုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့ အရည်အချင်းတွေ၊ စိတ်ထားတွေနဲ့ အလုပ်ခွင်ပြင်ပမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေကို ဘယ်လိုမျိုး စီမံခန့်ခွဲရမယ်ဆိုတဲ့ နည်းလမ်းတွေ၊ ဘယ်လိုနည်းပညာတွေကို အသုံးချပြီး လုပ်ဆောင်သင့်တယ်ဆိုတဲ့ အကြောင်းတွေကိုလည်း ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။  သာမန်ရိုးကျ အလုပ်ခွင်၊ ရုံးခန်းထဲမှာ ထိုင်ပြီး အလုပ်လုပ်ဆောင်နေရတဲ့ အလုပ်တွေက အချိန်မရွေး ပျောက်ကွယ်သွားနိုင်ပါတယ်။ လူတွေကလည်း ပိုပိုပြီး အလုပ်ခွင်ပြင်ပမှာ အလုပ်လုပ်ကိုင်ခြင်း နည်းလမ်းတွေကို ရွေးချယ်လာကြပါတယ်။ […]

The Languages of Leadership

The Languages of Leadership (2019) စာအုပ်က ထိရောက်စွာ ခေါင်းဆောင်နိုင်စွမ်း ရှိတဲ့ ခေါင်းဆောင်တွေနဲ့ ထိရောက်စွာ ခေါင်းဆောင်နိုင်စွမ်း မရှိတဲ့ ခေါင်းဆောင်တွေကြားထဲက ကွာခြားချက်တွေကို ထုတ်ဖော်ရေးသားထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။  ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားတဲ့ ရိုးရှင်းတဲ့ နည်းလမ်းအနည်းငယ်နဲ့ သင်က သင့်ရဲ့ ကိုယ်ပိုင် ခေါင်းဆောင်မှု ပုံစံတွေကို ကျင့်သုံးပြီး ဒီနေ့ခေတ်လို အပြိုင်အဆိုင်များလွန်းလှတဲ့ လုပ်ငန်းခွင်တွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့၊ ဝန်ထမ်းတွေကို လှုံ့ဆော်ပေးနိုင်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။  ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။  ပိုမိုမြင့်မားတဲ့ ရာထူးနေရာတွေကို တတ်လှမ်းချင်ကြတဲ့ ဂျုနီယာ၊ အလယ်အလတ်အဆင့် executives ရာထူးမှာ တာဝန်ထမ်းဆောင်နေသူတွေ  သူတို့ရဲ့ အဖွဲ့ကို ပိုပြီး တတ်ကြွလာအောင် လှုံ့ဆော်ပေးချင်နေကြတဲ့ ထိပ်ဆုံးနေရာက ခေါင်းဆောင်တွေ  […]

Tiny Habits

Tiny Habits (2019) စာအုပ်က သင့်ရဲ့ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေကို စွဲမြဲစွာ စေချင်တယ်ဆိုရင် သေးငယ်တဲ့ အလေ့အကျင့်လေးတွေကို စတင်စဉ်းစားပြီး လုပ်ဆောင် သင့်ကြောင်း ရှင်းပြပြောဆိုပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။  ဒီလို သေးငယ်တဲ့ အလေ့အကျင့်လေးတွေကို စတင်လိုက်နာကျင့်သုံးခြင်းအားဖြင့် သင့်ရဲ့ လက်ရှိ လုပ်ဆောင်နေတဲ့ အစီအစဉ်တွေမှာ အလေ့အကျင့် အသစ်တွေကို လွယ်ကူစွာနဲ့ စတင် အကောင်အထည်ဖော်နိုင်မှာဖြစ်ပြီး ဒီအလေ့အကျင့်တွေကလည်း သင့်ဆီမှာ စွဲမြဲမှု ရှိနေမယ်ဆိုတဲ့ အကြောင်း တွေကို ဒီစာအုပ်ထဲမှာ ရှင်းပြပြောဆိုပေးထားပါတယ်။  ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။  အလေ့အကျင့်အသစ်တွေကို ကျင့်သုံးလုပ်ဆောင်ချင်တဲ့သူတွေ  Self-improvement နည်းလမ်းတွေကို စိတ်ဝင်စားတဲ့သူတွေ  အလေ့အကျင့်တွေကို စွဲမြဲမှု ရှိအောင် ဘယ်လိုမျိုး လုပ်ဆောင်ရမလဲ ဆိုတာကို သိချင်ကြတဲ့သူတွေ  ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ 

Why CEOs Fail

InShot_20201231_203956885

ခေါင်းဆောင်တစ်ယောက် ဖြစ်ရတယ်ဆိုတာ လွယ်ကူတဲ့ အလုပ်တစ်ခု မဟုတ်ပါဘူး။ သင့်အနေနဲ့ ကျွမ်းကျင်တဲ့ အရည်အချင်းတွေ ရှိနေဖို့၊ ဝေးဝေးကို ကြည့်တတ်ဖို့၊ လိုအပ်သလို ညွှန်ကြားနိုင်ဖို့ စတဲ့ အရည်အချင်းတွေ လိုပါတယ်။ သင်ပြုလုပ်မိလိုက်တဲ့ အမှားလေးတစ်ခုက ကုမ္ပဏီသမိုင်းမှာ အဆိုးဝါးဆုံး ခေါင်းဆောင်၊ CEO လို့ နာမည်တပ်ခြင်း ခံရနိုင်ပါတယ်။ Why CEOs Fail စာအုပ်ထဲမှာတော့ စာရေးသူ David L. Dotlich နဲ့ Peter C. Cairo တို့က ခေါင်းဆောင်မှုအပိုင်းမှာ အများစု ပုံမှန်မှားယွင်းတတ်ကြတဲ့ အပြုအမူပုံစံ၊ လမ်းကြောင်း (၁၁) ခုကို ပြောပြပေးထားပါတယ်။ ဒီလို အပြုအမူ (၁၁) ခုကို ရှောင်လွှဲနိုင်ခဲ့မယ်ဆိုရင် သင့်ရဲ့ ခေါင်းဆောင်မှုကဏ္ဍတွေမှာ ပိုပြီး ကောင်းမွန်မှုတွေ […]