Why Has Nobody Told Me This Before

လူတွေရဲ့သဘောသဘာဝအရ စိတ်အခြေအနေတွေဟာ အမြဲတမ်းပြောင်းလဲနေတဲ့အတွက် ဘယ်သူကမှ အမြဲတမ်း ပျော်ရွှင်နေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေ ခံစားချက်မကောင်းတဲ့ စိတ်အခြေအနေတွေက ခဏခဏ ထဖြစ်နေတဲ့အခါမျိုးမှာ ဒီလိုနာကျင်စရာကောင်းတဲ့ ခံစားချက်တွေ၊ စိတ်အခြေအနေတွေကို ကျွန်တော်တို့ လွမ်းမိုးကိုင်တွယ်လို့မရဘူးလို့ ထင်နေတတ်ကြတယ်။ ဒီစာအုပ်ကိုရေးသားတဲ့ စာရေးဆရာက Dr. Julie Sith ဆိုတဲ့ ကုသရေးဆိုင်ရာ စိတ်ပညာရှင်ဖြစ်ပြီး ဒီစာအုပ်ထဲမှာ ကျွန်တော်တို့ရဲ့ ခံစားချက်တွေကို ဘယ်လိုလွမ်းမိုးလို့ရနိုင်မလဲဆိုတာကို ဖော်ပြထားပေးပါတယ်။ သူမရဲ့စာအုပ် “Why Has Nobody Told Me This Before” ဆိုတဲ့စာအုပ်ကတော့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ ကြုံတွေ့ရမယ့် စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် မဟာဗျူဟာတွေကို အသေးစိတ်ကျကျ ဖော်ပြထားပေးပါတယ်။

The Brain Sell

ဈေးကွက်ချဲ့ထွင်တဲ့ Marketing လောကတွေ၊ ကြော်ငြာလောကတွေဆိုတာ ဉာဏ်နီဉာဏ်နက်တွေထုတ်သုံးရတဲ့ လောကတွေဖြစ်တယ်ဆိုတာ ကျွန်တော်တို့ တော်တော်များများ သိထားကြပြီး ဖြစ်ပါတယ်။ Marketers တွေက ဒီဉာဏ်နီဉာဏ်နက်တွေ အဆက်မပြတ်သုံးပြီး ကျွန်တော်တို့လို Consumers တွေကို အလုပ်ရှုပ်နိုင်သမျှရှုပ်အောင် လုပ်နေကြပါတယ်။ ဒီစာအုပ်ထဲမှာတော့ Marketers တစ်ယောက်အနေနဲ့ ကိုယ့်ထုတ်ကုန်ရောင်းအားမြင့်ဖို့ သုံးလို့ရမယ့် နည်းလမ်းတွေ၊ မဟာဗျူဟာတွေကို ရှင်းပြထားသလို Consumers တွေအနေနဲ့လည်း ဒီဆွဲဆောင်မှုတွေကနေ ဘယ်လို ရှုန်းထွက်လို့ရမလဲဆိုတဲ့ နည်းလမ်းတွေကိုလည်း ဖော်ပြထားပါတယ်။

Radical Product Thinking

Radical Product Thinking (2021) စာအုပ်ဟာ အပြောင်းအလဲဖြစ်စေတဲ့ Product တွေကို ထုတ်လုပ်ဖို့အတွက် Step-by-step နည်းလမ်းတစ်ခုကို အကျယ်တဝင့်ဖော်ပြထားပါတယ်။ မကြာသေးခင်က နှစ်အနည်းငယ်အတွင်းမှာ လူသိများလာတဲ့ Product တီထွင်ထုတ်လုပ်တဲ့ နည်းလမ်းတစ်ခုကတော့ Iteration ချဥ်းကပ် နည်းစနစ်တွေပဲ ဖြစ်ပါတယ်။ ဒီနည်းစနစ်တွေကို အာရုံစိုက်ခြင်းက ရည်မှန်းချက်နဲ့ မောင်းနှင်ခြင်းဆိုတဲ့၊ စိတ်ဝင်စားဖို့ကောင်းတဲ့ ရွေးချယ်စရာ နောက်တစ်ခုကိုပေးပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ •Product အသစ်တွေကို တီထွင် ထုတ်လုပ်ရတဲ့ Product developer တွေ၊ •စွန့်ဦးတီထွင် ကိုယ်ပိုင် လုပ်ငန်းရှင်တွေ၊ •အပြောင်းအလဲတွေကို ပြုလုပ်ချင်တဲ့သူတွေ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ပဲ ဖြစ်ပါတယ်။

12 Rules For Life

InShot_20210901_205435738

12 Rules For Life (2018) စာအုပ်က စာဖတ်သူတွေကို လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ အဓိကကျတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ပတ်သက်ပြီး ဒီပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်အောင် ပြောပြပေး ထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဘယ်သူမဆို သူတို့ရဲ့ ဘ၀တွေမှာ ရှင်းလင်းပြတ်သားစွာ၊ တည်ငြိမ်မှု ရှိစွာ နေထိုင်နိုင်ဖို့အတွက် အဓိကကျတဲ့ စည်းမျဉ်း (၁၂) ခု အကြောင်းကို ဒဿနိကပညာနယ်ပယ်၊ စိတ်ပညာနယ်ပယ်၊ သမိုင်းပညာနယ်ပယ်တို့က ဥပမာကောင်းတွေနဲ့ အတူတူ ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့ အတွက်လဲ။ • စိတ်ပညာပိုင်းဆိုင်ရာ ကျောင်းသူကျောင်းသားတွေ• သူတို့ရဲ့ ဘ၀မှာ အဓိပ္ပာယ်တစ်ခုခုကို ရှာဖွေချင်ကြတဲ့ စာဖတ်သူတွေ• ကိုယ့်ရဲ့ ဘ၀မှာ ရှင်းလင်းပြတ်သားတဲ့ စည်းမျဉ်းတွေနဲ့ နေထိုင်ရှင်သန်ချင်ကြတဲ့သူတွေ ဖတ်ရှုသင့်တဲ့ […]

Thinking, Fast and Slow

စာရေးသူ Daniel Kahneman ရဲ့  Thinking, Fast and Slow (2011) စာအုပ်က ကျွန်တော်တို့ရဲ့ စိတ်ပညာပိုင်းဆိုင်ရာ နားလည်ပုံတွေ၊ အပြုအမူဆိုင်ရာ စီးပွားရေးအကြောင်းတွေကို ဆယ်စုပေါင်း များစွာ ကြာအောင် လေ့လာပြီးမှ ရေးသားထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်က သူ့ကို နိုဘယ်ဆု ရရှိစေခဲ့တဲ့ စာအုပ်လည်း ဖြစ်ပါတယ်။  နှစ်ပေါင်းများစွာကြာအောင် စာရေးသူ Daniel Kahneman နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက လူသားတွေရဲ့ စိတ်ကို နားလည်သဘောပေါက်နိုင်အောင် ကြိုးစားလုပ်ဆောင်ခဲ့ကြပါတယ်။  ဒီစာအုပ်ထဲမှာတော့ ကျွန်တော်တို့တွေက ဆုံးဖြတ်ချက်တွေကို ဘယ်လိုမျိုး ပြုလုပ်တတ်ကြသလဲ၊ ဆုံးဖြတ်ချက်အမှားတွေ၊ ထင်မြင်ချက် အမှားတွေကို ဘာအကြောင်းကြောင့် လုပ်မိတတ်ကြသလဲ ဆိုတာတွေနဲ့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ တိုးတတ်လာအောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်း […]

Willpower Doesn’t Work

Willpower Doesn’t Work (2018) စာအုပ်က အလုပ်ခွင်မှာ အလုပ်လုပ်ဆောင်မှု productivity နယ်ပယ်နဲ့ self-help နယ်ပယ်တို့မှာ အများစု လက်ခံထားတဲ့ အယူအဆတစ်ခုကို ခိုင်မာစွာ ဆန့်ကျင် ပြောဆိုပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။  ကျယ်ပြန့်တဲ့ စိတ်ပညာ သီအီုရီတွေနဲ့ အောင်မြင်နေတဲ့ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဇာတ်ကြောင်းတွေကို ဖော်ပြပေးထားတဲ့ ဒီစာအုပ်ထဲမှာ သင့်ရဲ့ ဘ၀ကို ပြောင်းလဲနိုင်ဖို့အတွက် လုပ်ဆောင်တဲ့နေရာမှာ စိတ်အားသတ္တိ (willpower) တွေက အဖြေမဟုတ်ဘူး ဆိုတာကို ရှင်းလင်း ပြောဆိုထားပါတယ်။  ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။  လုပ်ငန်းအသစ်ကို စတင်လုပ်ဆောင်ဖို့အတွက် အချိန်ဆွဲ နှောင့်နှေးနေတဲ့နေရာမှာ ဆရာကျတဲ့သူတွေ  အပြည့်၀ဆုံး၊ အအောင်မြင်ဆုံး ဖြစ်အောင် လုပ်ဆောင်ချင်ကြတဲ့ စွန့်ဦးတီထွင် စီးပွားရေးသမားတွေ  အလုပ်လုပ်ဆောင်မှု productivity နယ်ပယ်နဲ့ သက်ဆိုင်တဲ့ […]

The Mindful Day

The Mindful Day (2018) စာအုပ်က စိတ်ငြိမ်းချမ်းခြင်းရဲ့ ကောင်းကျိုးတွေကို ရှာဖွေလေ့လာထားပြီး ဒီလို ငြိမ်းချမ်းအောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကို သင့်တို့ရဲ့ နေ့စဉ်ဘ၀မှာ ဘယ်လိုမျိုး လေ့ကျင့် လိုက်နာ ကျင့်သုံးရမလဲ ဆိုတာကို ရှင်းပြပေးထားပါတယ်။  ရှေးကျတဲ့ နည်းစနစ်တွေနဲ့ နောက်ဆုံးပေါ် စိတ်ပညာ သုတေသန ပြုလုပ်ချက်တွေကို အခြေခံထားတဲ့ ဒီစာအုပ်ထဲမှာ သင့်ကို ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ဖို့၊ သင့်ရဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို ပိုမိုကောင်းမွန်လာစေဖို့အတွက် ရိုးရှင်းစွာ ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေကို ပြောပြပေးထားပါတယ်။  ဘယ်လိုသူတွေဖတ်ရှုဖို့အတွက်လဲ။  စိတ်ဖိစီးမှုတွေ ခံစားနေရတဲ့သူတွေ၊ ဝန်ထုပ်ဝန်ပိုးတွေ များပြားသလို ခံစားနေရတဲ့သူတွေ  လတ်ဆတ်တဲ့ အတွေးအခေါ်အသစ်တွေကို ရှာဖွေနေတဲ့ စိတ်ပညာအကြောင်း စိတ်ဝင်စားသူတွေ ရှုထောင့်အသစ်တစ်ခုကို ရှာဖွေနေတဲ့ စိတ်ငြိမ်းချမ်းရေး နည်းလမ်းတွေကို ဝါသနာ ထက်သန်သူတွေ  […]

Why We Make Mistakes

Why we make mistakes

Why We Make Mistakes က ကျွန်တော်တို့ အများစု ပြုလုပ်တတ်ကြတဲ့ အမှားတွေ အကြောင်းနဲ့ ဒီအမှားတွေ ဘာဖြစ်လို့ ဖြစ်ရတယ် ဆိုတဲ့ နောက်ကွယ်က အကြောင်းပြချက်တွေကို ပြောပြ ပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ စိတ်ပညာ၊ စီးပွားရေးနယ်ပယ်တွေနဲ့ နျူရိုသိပ္ပံပညာ neuroscience နယ်ပယ်များမှ အချက် အလက်တွေ၊ ရှင်းလင်းချက်တွေကို အခြေခံပြီး ကျွန်တော်တို့ရဲ့ နားလည်မှု အမှားတွေ၊ ရိုးရှင်းတဲ့ အချက်အလက်တွေကို သတိမရနိုင်တော့တဲ့ အဖြစ်တွေ၊ ကိုယ်တိုင်တောင် သတိမထားမိတဲ့ ဆုံးဖြတ်ချက် ချမှတ်တဲ့ နေရာမှာ မှားယွင်း ဘက်လိုက်မိပြီး ဆုံးဖြတ်တတ်တဲ့အကြောင်းတွေကို ဒီစာအုပ်ထဲမှာ ရှင်းပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ • လူသားတွေ ပြုလုပ်တတ်တဲ့ အမှားအယွင်းတွေ နောက်ကွယ်က အကြောင်းတွေကို သိနားလည်ချင်ကြတဲ့သူတွေ• […]

The Art of Learning

The Art of Learning (2007) စာအုပ်က ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေကို အကောင်းဆုံး ထုတ်ပြပြီး ကိုယ် သင်ယူလေ့လာချင်တဲ့ အရာတွေကို အလွယ်တကူ လေ့လာသင်ယူနိုင်ဖို့အတွက် သိသင့်တဲ့ အချက်တွေကို ဖော်ပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။  ဒီစာအုပ်ထဲမှာ စာရေးသူက သူ့ရဲ့ စစ်တုရင်၊ ချက်ကစားခြင်းနဲ့  သိုင်းပညာ martial arts လေ့ကျင့် လေ့လာခဲ့မှု အတွေ့အကြုံတွေကို အခြေခံထားတဲ့ နည်းလမ်းတွေကို ပြောပြထားပြီး ကိုယ့်ရဲ့ ဦးနှောက်မှာ ပိုပြင်းထန်စွာ၊ ပိုလျှင်မြန်စွာ၊ ပိုပြီး ထိရောက်စွာ လေ့လာသင်ယူနိင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။  ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ 

Making Habits, Breaking Habits

Making Habits, Breaking Habits (2013) စာအုပ်က အလေ့အကျင့်တွေဆိုတာ ဘယ်လို အရာတွေ ဖြစ်တယ် ဆိုတာနဲ့ ဒီအလေ့အကျင့်တွေကို ကျွန်တော်တို့က ဘယ်လိုမျိုး ဖြစ်ပေါ်လာစေတယ် ဆိုတာကို ဖော်ပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။  ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀မှာ အပြုသဘော ဆောင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာစေနိုင်ဖို့အတွက် ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားတဲ့ ဗဟုသုတတွေကို အသုံးချပြီး အလေ့အကျင့်ကောင်းတွေကို ဖန်တီးတာ၊ မကောင်းတဲ့ အလေ့အကျင့်တွေကို ပျောက်အောင် လုပ်ဆောင်တာမျိုးတွေကို လုပ်ဆောင်လို့ ရနိုင်ပါတယ်။  ဘယ်လိုလူတွေ ဖတ်ရှုဖို့အတွက်လဲ