The Psychology of Selling

The Psychology of Selling (2004) က အထူးချွန်ဆုံး ရောင်းချသူတစ်ယောက် ဖြစ်လာစေနိုင်ဖို့နဲ့ စျေးကွက်အတွင်းမှာ ကိုယ့်ရဲ့ ရောင်းအားတွေကို ပိုမို တိုးမြှင့်နိုင်ဖို့အတွက် နည်းလမ်းတွေကို လမ်းညွှန် ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။  ဘယ်သူမဆို ကောင်းမွန်တဲ့၊ တော်တဲ့ ရောင်းချသူတွေ၊ အရောင်းဝန်ထမ်းတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်က ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာကို သိရှိဖို့ပဲ လိုပါတယ်။ ဒီစာအုပ်ထဲမှာတော့ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး၊ အကျွမ်းကျင်ဆုံး ရောင်းချသူများရဲ့ ရောင်းချခြင်း နည်းလမ်းများကို အခြေခံထားတဲ့ ရောင်းချခြင်း နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။  ဒီစာအုပ်ထဲမှာ ကိုယ့်ရဲ့ မသိစိတ်က ရောင်းချတဲ့နေရာမှာ ဘာဖြစ်လို့ ကိုယ့်ရဲ့ အကောင်းဆုံး လက်နက် ဖြစ်တယ် ဆိုတဲ့ အကြောင်း၊ တကယ် တော်တဲ့ ရောင်းချသူတစ်ယောက်က […]

Every Job Is a Sales Job

Every job is a sale job

Every Job Is a Sales Job (2019) စာအုပ်မှာ ရောင်းချခြင်း အနုပညာတွေက ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်တွေအတွက် ဘာဖြစ်လို့ အဓိကကျတဲ့ အရာတွေ ဖြစ်နေလဲ ဆိုတဲ့အကြောင်းတွေကို ပြောပြပေးထားပါတယ်။ ရောင်းချခြင်းလို့ ကြားလိုက်တဲ့အခါ ဒါက ကြော်ငြာသမားတွေ၊ အရောင်းမြှင့်တင်ရေးသမားတွေနဲ့ပဲ ဆိုင်တဲ့ အရာလို့ ထင်ထားတတ်ကြပါတယ်။ ဒါပေမယ့် ဒီစာအုပ်ထဲမှာတော့ ရောင်းချခြင်း အနုပညာက ကျွန်တော်တို့တွေရဲ့ အလုပ်အကိုင် နယ်ပယ်အသီးသီးမှာ အသုံးချနိုင်တဲ့ အရာဖြစ်ကြောင်း ဖော်ပြ ပေးထားပါတယ်။ အခွင့်အလမ်းတွေကို မလွတ်တမ်း ဖမ်းဆုပ်ယူလိုတဲ့ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တွေ၊ ရှုထောင့်အသစ်တွေကို လိုက်ရှာနေတဲ့ အရောင်းကျွမ်းကျင်သူတွေ၊ သူတို့အဖွဲ့တွေရဲ့ အရည်အချင်းတွေကို တိုးတတ်လာစေချက်တဲ့ မန်နေဂျာတွေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။

The Science of Selling

The science of selling

The Science of Selling (2016) စာအုပ်က သိပ္ပံပညာရပ်တွေအပေါ်မှာ အခြေခံထားတဲ့ ရောင်းချခြင်းနဲ့ သက်ဆိုင်တဲ့ အကြောင်းတွေကို တိတိကျကျ ဖော်ပြပေးထားတဲ့ လက်စွဲစာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။  Neuroscience နဲ့ လူမှုစိတ်ပညာတို့ကနေ လက်တွေ့ကျတဲ့ အချက်အလက်တွေကို ပေါင်းစပ် ဖော်ပြထားတဲ့ ဒီစာအုပ်က ကိုယ့်ရဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို သုံးစွဲသူတွေဆီ ရောင်းချတဲ့နေရာမှာ ထိရောက်မှုရှိအောင် ကူညီပေးနိုင်ပါလိမ့်မယ်။  ကိုယ့်ရဲ့ ရောင်းချမှုတွေကို အကောင်းဆုံး ဖြစ်စေချင်တဲ့ အရောင်းဝန်ထမ်းတွေ၊ တကယ့် ဖြစ်ရပ်တွေကို အခြေခံထားတဲ့ ချည်းကပ်နည်းတွေကို စိတ်ဝင်စားတဲ့ အရောင်းမြှင့်တင်ရေး သမားတွေနဲ့ ရောင်းချခြင်းရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ neuroscience အကြောင်းကို လေ့လာချင်တဲ့သူတွေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။