Discipline Is Destiny

2022 ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Discipline is Destiny စာအုပ်က Stoicism ရဲ့ သူတော်ကောင်းတရားကို အခြေခံပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်မှု (Self-disciplines) တွေနဲ့ ဘဝကိုလျှောက်လှမ်းသွားနိုင်ဖို့ နည်းလမ်းတွေကို ဖော်ပြထားပေးတဲ့ စာအုပ်ပဲဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ တစ်ခြားဘယ်အရာကိုမဆို ကျွမ်းကျင်နိုင်ဖို့အတွက် ကိုယ့်ရဲ့ အတွေးတွေ၊ ခန္ဓာကိုယ်နဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်ဖို့က မူလအခြေခံလိုအပ်ချက်တွေ ဖြစ်တဲ့အကြောင်းကို ဖော်ပြထားတဲ့အပြင် အိပ်စက်တာ၊ သက်သောင့်သက်သာမရှိတာနဲ့ အကြင်နာတရားတွေက ကြီးကျယ်ခမ်းနားတဲ့ ဘဝနဲ့ ချိတ်ဆက်နေတယ်ဆိုတာကို ဖော်ပြထားပေးပါသေးတယ်။
Set Boundaries, Find Peace

Relationships တွေမှာ ကောင်းမွန်တဲ့ စည်းတွေရှိသင့်တယ်ဆိုတာကို ကျွန်တော်တို့ကြားဖူးကြပေမယ့် ကောင်းမွန်တဲ့ စည်းတွေဆိုတာ ဘာကိုပြောတာလဲ? အပေါ်ယံကြည့်မယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် စည်းခြားလိုက်တယ်ဆိုတာ သူနဲ့ကိုယ်နဲ့ကြားမှာ တစ်ယောက်နဲ့တစ်ယောက် ပိုဝေးသွားအောင် တံတိုင်းတွေကာရံလိုက်သလိုဖြစ်နေပေမယ့် တစ်ကယ်တမ်း ကျွန်တော်တို့ရဲ့ ပုဂ္ဂိုလ်ရေးဘဝမှာ ချမှတ်ထားတဲ့ စည်တွေက တစ်ယောက်နဲ့တစ်ယောက်ကို ပိုနီးကပ်စေပြီး စိတ်ချလုံခြုံမှုကို ခံစားရနိုင်အောင် ကူညီပေးပါတယ်။ ဒါပေမယ့်လည်း လူတော်တော်မျာများက တစ်ယောက်နဲ့တစ်ယောက်ကြားမှာ စည်းခြားထားတာနဲ့ ပတ်သက်ပြီး နားလည်မှုလွှဲနေကြသလို့ အရေးတစ်ယူမလုပ်ကြတာကြောင့် စိတ်ပျက်မှုတွေ၊ နာကျည်းမှုတွေကို ကြုံတွေ့နေကြရပြီး ဖြေရှင်းလို့ရတဲ့ပြဿနာတွေကို မဖြေရှင်းပဲ တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်တာတွေကို လုပ်ဆောင်နေကြပါတယ်။