How Minds Change

How Minds Change ကမ္ဘာကြီးက အပြားကြီးဆိုတဲ့ Flat World ကို ယုံကြည်တဲ့သူတွေ ဘယ်လိုလုပ်ပြီးသူတို့ရဲ့ ယုံကြည်မှုတွေ ပြောင်းသွားတာလဲ? 9/11 ဖြစ်စဉ်ကြီးက သက်ဆိုင်ရာလူတွေ လုပ်ကြံထားတာလို့ ယုံကြည်ထားတဲ့ Conspiracy Theorist တစ်ယောက် ဘယ်လိုလုပ်ပြီး ဒီယုံကြည်မှုကို စွန့်လွှတ်လိုက်တာလဲ? LGBT ကို အရမ်းကြီး ဆန့်ကျင်တဲ့သူတွေ ဘယ်လိုလုပ်ပြီး LGBT ကို ထောက်ခံလာကြတာလဲ? ယုံကြည်ချက်တစ်ခုကို လက်ခံထားတဲ့ တူရာလူအုပ်စုထဲကနေ တစ်ချို့လူတွေဘာလို့ ထွက်လာကြတာလဲ? တစ်ခါတစ်လေ ဒီလိုမျိုးလူတစ်ယောက်ရဲ့ Mindset ပြောင်းလဲသွားတာဟာ ကြုံရာကျပန်းဖြစ်စဉ်ကြောင့်လို့ ထင်ရပေမယ့် လူတွေရဲ့စိတ်ပြောင်းလဲသွားရတဲ့ ဖြစ်စဉ်နောက်မှာ Pattern တစ်ခုရှိနေပါတယ် ကျွန်တော်တို့အနေနဲ့ တစ်ခြားသူတွေရဲ့ စိတ်ကို ပြောင်းလဲဖို့ ကြိုးစားလုပ်ဆောင်ပေမယ့် အထမမြှောက်ခဲ့တဲ့ အကြိမ်ရေ ဘယ်နှစ်ကြိမ်လောက်ရှိနေပြီလဲ? ဒီစာအုပ်ထဲမှာတော့ […]

Getting to Yes

InShot_20210920_161729476

Getting to Yes (1981) စာအုပ်က မတူညီကြတဲ့ အဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ ကြားထဲမှာ အပြန်အလှန် ညှိုနှိုင်းဆွေးနွေးမှု (Negotiation) တွေကို အောင်မြင်စွာ ပြုလုပ်နိုင်ဖို့အတွက် နည်းလမ်းတွေကို ရှင်းလင်း ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ညှိုနှိုင်းဆွေးနွေးမှုတွေ ဆိုတာက ဘာလဲ၊ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖက်နဲ့ တစ်ဖက် ညှိုနှိုင်းဆွေးနွေးတဲ့ နေရာမှာ ဘယ်အရာတွေကို ကြိုတင်ပြင်ဆင်ထားရမလဲ၊ သင့်ဆီမှာ ကြုံတွေ့နေရတဲ့ ပဋိပက္ခတွေကို အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းတွေက ဘာတွေလဲ၊ နှစ်ဖက်စလုံးအတွက် win-win အခြေအနေမျိုး ရရှိအောင် ဘယ်လို လုပ်ဆောင်ရမလဲ စတဲ့ အကြောင်းအရာတွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ • အလုပ်ခွင်မှာ၊ နေအိမ်မှာ စတဲ့ ဘယ်လိုနေရာမျိုးမဆိုမှာ […]

The Happiness Advantage

The Happiness Advantage စာအုပ်က ပျော်ရွှင်မှုတွေရဲ့ မူလဇစ်မြစ်နဲ့ ပျော်ရွှင်မှုတွေက ကျွန်တော်တို့တွေရဲ့ အလုပ် လုပ်ဆောင်မှုတွေအပေါ်မှာ ဘယ်လိုမျိုး အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိကြောင်း ရှင်းပြ ပြောဆိုပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။  အပြုသဘောဆောင် စိတ်ပညာနယ်ပယ်က သုတေသနပြုချက်တွေနဲ့ ဖော်ပြပေးထားတဲ့ ဒီစာအုပ်ထဲမှာ သင့်ရဲ့ ကိုယ်ပိုင် ပျော်ရွှင်မှုတွေကို တိုးပွားစေဖို့နဲ့ အောင်မြင်ဖို့အတွက် အခွင့်အလမ်းတွေ ပိုမိုတိုးပွား လာစေမယ့် နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။  ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။  ပျော်ရွှင်မှုတွေဆိုတာ အလုပ်ကြိုးကြိုးစားစား လုပ်ဆောင်မှုတွေကြောင့် ရရှိလာတဲ့ ဆုလာဘ်တွေလို့ တွေးထားတဲ့သူတွေ  မပျော်ရွှင်နိုင်ဘဲ စိတ်ဖိစီးမှုတွေကို ခံစားနေကြရတဲ့ သူတွေ  ဘ၀မှာ လက်ရှိထက် ပိုပြီး ပျော်ရွှင်ချင်ကြတဲ့သူတွေ  ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။ 

Four Seconds

Four Seconds (2015) စာအုပ်က အလုပ်ခွင်၊ နေအိမ်နဲ့ ပေါင်းသင်းဆက်ဆံရေးတွေမှာ သင့်ဘက်က အညံ့ခံလိုက်တဲ့ self-defeating အဖြစ်တွေကနေ ကင်းဝေးစေဖို့အတွက် နည်းလမ်းကောင်းတွေကို လမ်းညွှန် ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။  လေးစက္ကန့်စာလောက်လေး ခေတ္တခဏ ရပ်နားပြီး အချိန်ယူလိုက်ခြင်းက အလျင်စလို လုပ်ဆောင်မှုတွေ၊ စိတ်မချမ်းမြေ့ဖွယ်ရာ ကောင်းတဲ့ ပြန်လည်တုန့်ပြန်မှုတွေ မဖြစ်ရအောင် တားဆီးပေးနိုင်ပါတယ်ဆိုတဲ့ အကြောင်းကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။  ဒါ့အပြင် တခြားသူတွေနဲ့ ပိုမိုကောင်းမွန်စွာ ဆက်သွယ် ပြောဆိုနိုင်ဖို့အတွက်နဲ့ သူတို့ဆီကနေ ဝေဖန်သုံးသပ်ချက်တွေ ရရှိလာစေဖို့အတွက် ဘယ်လို ခြေလှမ်းတွေ လှမ်းသင့်တယ် ဆိုတာနဲ့ ဘယ်အရာကိုမဆို လုပ်ကိုင်ခါနီးအချိန်မှာ အရင်ဆုံး အသက်ရှုသွင်း၊ ရှုထုတ်ပြုလုပ်ပြီး သင့်ကိုယ်သင် ဘယ်လိုမျိုး ပြင်ဆင်ထားသင့်တယ် ဆိုတဲ့ အကြောင်းတွေကိုလည်း လမ်းညွှန် ပြောပြပေးထားပါတယ်။  […]

Words That Work

Words That Work (2007) စာအုပ်က စကားတွေ ပြောဆိုတဲ့အခါမှာ သင်ပြောလိုတဲ့ အဓိက အချက်တွေကို တဖက်လူ နားလည်နိုင်အောင် ထိရောက်မှုရှိစွာ ပြောဆိုနိုင်ဖို့အတွက် လမ်းညွှန် ပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။  ဒီစာအုပ်ထဲမှာ ဘာသာစကားတွေရဲ့ စွမ်းအားတွေ အကြောင်းနဲ့ စီးပွားရေးလုပ်ငန်းတွေကနေ စတင်လို့ နိုင်ငံရေး ဆွေးနွေးမှုတွေအထိ ဘယ်လို အခြေအနေမျိုးတွေမှာမဆို ဘာသာစကားတွေက သင့်ကို ဘယ်လိုမျိုး ကူညီပေးနိုင်တယ် ဆိုတာတွေကိုလည်း ဖော်ပြပေးထားပါတယ်။  ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။  ပိုမိုထိရောက်တဲ့ နည်းလမ်းတွေနဲ့ ပြောဆိုဆက်သွယ်ချင်သူတွေ ဘာသာစကားရဲ့ လျှို့ဝှက်စွမ်းအားတွေအကြောင်း စိတ်ဝင်စားကြတဲ့သူတွေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။  Dr. Frank Luntz က ကျော်ကြားတဲ့ လူထုဆန္ဒ သဘောထားအမြင် ကောက်ခံသူ  pollster တစ်ယောက် ဖြစ်ပြီးတော့ […]

The Like Switch

The Like Switch စာအုပ်ထဲမှာ စာရေးသူ Jack Schafer က တခြားသူ တစ်ယောက်ယောက်ကို ဆွဲဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့ လူမှုပေါင်းသင်းဆက်ဆံရေး ခန္ဓာကိုယ် အမူအယာ (nonverbal social cues) တွေအကြောင်းကို ရေးသား ဖော်ပြပေးထားပါတယ်။  FBI agent ဟောင်းတစ်ဦးဖြစ်ပြီး စိတ်ပညာဆိုင်ရာ ဒေါက်တာဘွဲ့ရရှိထားသူ တစ်ဦး ဖြစ်တဲ့ Schafer က ဒီစာအုပ်ထဲမှာ တခြားသော လူတွေကို လွှမ်းမိုးနိုင်ဖို့၊ နောက်ထပ် မိတ်ဆွေသူငယ်ချင်းများစွာ ရရှိလာနိုင်ဖို့အတွက် နည်းဗျုဟာတွေကို တင်ပြပေးထားပါတယ်။  ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။  အစကနဦးအချိန်ကနေ စတင်ပြီး ခိုင်မာတဲ့ ပေါင်းသင်းဆက်ဆံရေးတစ်ခု ဘယ်လို ဖြစ်ပေါ်လာသလဲ ဆိုတာကို သင်ယူနေချင်ကြတဲ့သူတွေ စိတ်ပညာပိုင်းမှာ စိတ်ဝင်စားသူတွေ  စီးပွားရေးလုပ်ငန်းတွေအတွက် ပေါင်းသင်းဆက်ဆံရေး communication နည်းဗျုဟာတွေ […]