Things No One Else Can Teach Us

ခေါင်းပေါင်းပေါင်းရင်း ဆစ် (Sikh) ဘာသာစကားပြောတဲ့ ပန်ချာပီအနုပညာသမားတစ်ယောက်အနေနဲ့ စာရေးဆရာ Humble the Poet အတွက်တော့ လူမျိုးရေးခွဲခြားခံရတဲ့ အတွေ့အကြုံတွေက မဆန်းတော့သလို့ သူတို့ Sikh Community အဖွဲ့ဝင်တွေကလည်း သူ့ကို ထုံးတမ်းအစဥ်အလာနဲ့ သက်ဝင်ယုံကြည်မှုကို မလေးမစားပြုလုပ်တယ်လို့ ဝေဖန်တာကိုလည်း အကြိမ်ကြိမ်ခံခဲ့ရပါတယ်။ အနုပညာသမားတစ်ယောက်ဆိုတဲ့ သူ့အိပ်မက်နောက်ကိုလိုက်ဖို့ ကျောင်းဆရာအလုပ်ကို စွန့်လွှတ်ပြီး အကြွးနွံနစ်ခဲ့တဲ့ အချိန်တွေ၊ ဒီအိပ်မက်တွေကို အကောင်အထည်ဖော်နေတဲ့ လမ်းတစ်လျှောက်မှာ ကြုံတွေ့ခဲ့ရတဲ့ အထီးကျန်မှုတွေ၊ ကိုယ့်ကိုယ်ကို ထားရှိတဲ့ သံသယတွေ၊ ယုံကြည်မှုကို အလွဲသုံးစားလုပ်သွားခဲ့တဲ့ အနုပညာသမားအမည်ခံ လူလိမ်တွေ၊ ခဏခဏကွဲခဲ့ရတဲ့ အသည်းတွေ စတဲ့ခက်ခဲတဲ့အချိန်တွေအများကြီးကို ကျော်ဖြတ်ခဲ့ရပါသေးတယ်။ ဒါပေမယ့် ဒီလိုအခက်အခဲတွေ၊ အကျအရှုံးတွေသာ မရှိခဲ့ဘူးဆိုရင် ဒီနေ့လိုအောင်မြင်လာမှာ မဟုတ်တဲ့အတွက် Humble the Poet က […]
Mindware

တစ်ခါတစ်လေ ကျွန်တော်တို့ သူငယ်ချင်းတစ်ယောက်ယောက်က ရူးကြောင်ကြောင်အပြုအမူတွေ လုပ်နေတာကို ကျွန်တော်တို့ ကြုံဖူးကြပါလိမ့်မယ်။ ဒီအချိန်မှာ ဒီလောက်တော်တဲ့သူတစ်ယောက်က ဘာလို့များဒီလို ရူးကြောင်ကြောင်လုပ်နေရတာလဲဆိုပြီး ကျွန်တော်တို့ အံ့သြကောင်း အံ့သြသွားနိုင်ပါတယ်။ တစ်ကယ်တော့ ကျွန်တော်တို့အားလုံးက ရူးကြောင်ကြောင် အပြုအမူတွေ ပြုလုပ်တတ်ကြပြီး ဒီလိုပြုလုပ်ရတာကလည်း ကျွန်တော်တို့ဟာ လူတိုင်းလိုလို လုပ်ဖြစ်နေကြတဲ့ အမှားတွေကို လုပ်မိနေလို့ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာတော့ ကျွန်တော်တို့ကို ပိုပြီးချက်ကျလက်ကျ တွေးနိုင်အောင် ကူညီပေးပြီး ရိုးရှင်းတဲ့ အမှားတွေကို မလုပ်မိဖို့ “Mindware” လို့ခေါ်တဲ့ နည်းလမ်းအကြောင်းကို ဖော်ပြပေးထားပါတယ်။
Thinking 101

Thinking ဆိုတဲ့ ဘာသာရပ်က Yale University မှာ ရေပန်းအစားဆုံး သင်ခန်းစာတွေထဲကတစ်ခုဖြစ်ပြီး ဒီသင်ခန်းစာထဲမှာ စဉ်းစားတွေးတောတဲ့အချိန် ကျွန်တော်တို့အများဆုံး ကြုံတွေ့ရလေ့ရှိတဲ့ အမှားတွေနဲ့ ဒီအမှားတွေကို ကျော်လွှားပြီး ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လို့ရမလဲ၊ ကိုယ့်ဘဝကို ပိုကောင်းအောင် ဘယ်လိုလုပ်ဆောင်နိုင်မလဲ၊ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဘယ်လိုတိုးတက်အောင် လုပ်ဆောင်နိုင်မလဲဆိုတာတွေကို ဖော်ပြပေးထားပါတယ်။ ဒီဗဟုတုသတွေကို ရရှိဖို့ဆိုရင် ကျွန်တော်တို့ Yale University ကို သွားတက်နေစရာမလိုပဲ ဒီသင်ရိုးညွှန်းတမ်းကို ဖန်တီးပြီး သင်ကြားပို့ချပေးနေတဲ့ Professor Woo-kyoung Ahn က Thinking 101 စာအုပ်ထဲမှာ လူတိုင်းလေ့လာနိုင်အောင် ဖော်ပြပေးထားပါတယ်။ ဒီစာအုပ်ထဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အတွေးအခေါ် ဘက်လိုက်မှု အမျိုးအစားတွေနဲ့ ဒီအရာတွေက ကျွန်တော်တို့ ပြုလုပ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေအပေါ် ဘယ်လိုသက်ရောက်နိုင်သလဲ ဆိုတာတွေကို […]
Future Stories

ဘဝတစ်ခုဆိုတာ မွေးတယ်၊ ရှင်သန်တယ်၊ သေတယ်။ ဒါကိုကြည့်မယ်ဆိုရင် ကျွန်တော်တို့ရှောင်လွှဲလို့မရတဲ့ အရာတွေက ဖြစ်လာမှာလုံးဝ သေချာနေတဲ့အတွက် အနာဂါတ်ဆိုတာ ခန့်မှန်းလို့ရသလိုပါပဲ။ တစ်ခါတစ်လေကျရင်လည်း ကျွန်တော်တို့ ချမှတ်ထားတဲ့ ပန်းတိုင်တွေဆီ ရောက်မှရောက်နိုင်ပါ့မလား? ဘဝမှာ အချစ်စစ်နဲ့တွေ့မှာလား? ထီပေါက်မှာလား? ချမ်းသာမှာလား? စတဲ့ ဖြစ်လာနိုင်ခြေရှိတဲ့အရာတွေကို ကြိုတင်မသိနိုင်တဲ့အတွက် ဘဝဆိုတာ ခန့်မှန်းလို့ ရမနေပြန်ဘူး။ တစ်ကယ်လို့ အနာဂါတ်ဆိုတာ တစ်သမတ်တည်း သတ်မှတ်ထားပြီးသားအရာဖြစ်သလို ပြောင်းလဲနေတဲ့အရာ ဖြစ်နေမယ်ဆိုရင် အချိန်နဲ့ပတ်သက်တဲ့ အယူအဆတွေကလည်း ဟိိုမရောက် ဒီမရောက်ဖြစ်နေမှာပါ။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ဒီလို တစ်သမတ်တည်း ပြောင်းလဲလို့မရသလို ကြိုတင်မှန်းဆထားလို့မရတဲ့ အနာဂါတ်နဲ့ပတ်သက်ပြီး ဘယ်လိုဆုံးဖြတ်ချက်တွေ ချလို့ရမလဲ? (Future Decision) David Christian ရဲ့ Future Stories စာအုပ်ထဲမှာတော့ စကြာဝဠာကြီးထဲမှာ အခြေခံအကျဆုံး […]