Derek on Marketing
The 3 Secrets to Effective Time Investment

The 3 Secrets to Effective Time Investment (2013) စာအုပ်က သင်ရဲ့ အလုပ်တွေကို ချက်ချင်း အရေးပေါ်ဆိုသလို ရုတ်တရက် ထလုပ်ကိုင်မယ့်အစား စနစ်တကျ ဒီဇိုင်းဆွဲပြီး အလုပ်တွေကို လုပ်ကိုင်နိုင်ဖို့အတွက်၊ ပိုမို စနစ်ကျတဲ့ ဘ၀မှာ နေထိုင်နိုင်ဖို့အတွက် နည်းလမ်းတွေကို လမ်းညွှန်ပြောပြ ပေးထားတဲ့ စာအုပ် တစ်အုပ် ဖြစ်ပါတယ်။ သင့်ရဲ့ တစ်နေ့တာကို ဘယ်လိုမျိုး နည်းဗျုဟာတွေနဲ့ တစ်ဆင့်ပြီး တစ်ဆင့် အစီအစဉ်တွေ ရေးဆွဲရမလဲ ဆိုတာတွေနဲ့ သင့်အတွက် ထိရောက်တဲ့ အချိန်စာရင်းတွေ၊ သင်လုပ်ဆောင်နေတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေအောင် ကူညီနိုင်တဲ့သူတွေကို ဘယ်လိုမျိုး ရှာဖွေရမယ် ဆိုတာတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ ဒီနေ့ခေတ်မှာ စနစ်ကျတဲ့ နည်းလမ်းတွေနဲ့ […]
5 Gears

5 Gears (2015) စာအုပ်က သင့်ရဲ့ အပြင်ဘက် ဘေးပတ်ဝန်းကျင်ဖြစ်စေ၊ တစ်နေ့တာအတွင်းမှာ သင်တွေ့ကြုံခဲ့ရတဲ့ အရာတွေဖြစ်စေ ဒီအရာတွေအပေါ်မှာ သင့်ရဲ့ စိတ်သဘောထားတွေကို လိုအပ်သလို ပြောင်းလဲနိုင်ဖို့အတွက် အဓိကထား ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားတဲ့ နည်းလမ်း ဂီယာ (၅) ခုက သင့်ရဲ့ အလုပ်ခွင်နဲ့ ဘ၀မှာ တွေ့ကြုံနေရတဲ့ အရာတွေကို ဟန်ချက်ညီအောင် လုပ်ဆောင်နိုင်ဖို့အတွက် ရည်ရွယ်ထားတဲ့ နည်းလမ်းငါးခု ဖြစ်ပါတယ်။ ဒီ နည်းလမ်းငါးခုက အချိန်စီမံခန့်ခွဲမှု time management ကို အခြေခံထားတဲ့အတွက်ကြောင့် နည်းလမ်းတစ်ခုချင်းစီကို ကောင်းစွာ နားလည်ထားမယ်ဆိုရင် သင့်ရဲ့ နေ့စဉ်ဘ၀တွေမှာ ဒီနည်းလမ်းတွေကို ထိရောက်စွာ အသုံးချနိုင်မှာ ဖြစ်ပြီး အကောင်းမွန်ဆုံး အခိုက်အတန့်တွေကို တွေ့ကြုံခံစားနိုင်ပါလိမ့်မယ်။ ဘယ်လိုသူတွေ […]
The Art of Stopping Time

The Art of Stopping Time (2017) စာအုပ်က ဒီနေ့မှာ ကျွန်တော်တို့ အများစုရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ကျွန်တော်တို့ရဲ့ အချိန်တွေက ဘယ်လိုမျိုး ကုန်သွားတာလဲ၊ ဒီအချိန်တွေကို ပြန်ရရှိနိုင်မလား စတဲ့ မေးခွန်းတွေကို ဖြေဆိုပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ လက်တွေ့ကျတဲ့ အချိန်စီမံခန့်ခွဲမှုနည်းလမ်းတွေနဲ့ စိတ်ငြိမ်းချမ်းမှုအတွက် အတွေးအခေါ်တွေ နှစ်ခု ပေါင်းစပ်ထားတဲ့ ဒီစာအုပ်ထဲမှာ စာရေးသူ Pedram Shojai က ကျွန်တော်တို့ကို ကျွန်တော်တို့တွေရဲ့ ကမ္ဘာမြေပေါ်မှာ နေထိုင်ရှင်သန်ခွင့်ရတဲ့ အကန့်အသတ် ရှိတဲ့ အချိန်အများစုကို ဘယ်လိုမျိုး ထိရောက်မှု ရှိအောင် အသုံးပြုရမလဲ ဆိုတာတွေကို ပြောပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ • အချိန်တွေ ပိုအလိုရှိနေကြတဲ့ အလုပ်များသူတွေ• စိတ်ငြိမ်းချမ်းမှုအတွက် လက်တွေ့ကျတဲ့ နည်းလမ်းတွေကို […]
Make Time How to Focus on What Matters Every Day

Make Time (2018) စာအုပ်က သူ့ခေါင်းစဉ်လိုမျိုးပဲ ကိုယ့်မှာ ရရှိထားတဲ့ အချိန်တွေကို ပိုလျှံလာအောင် စီမံခန့်ခွဲနိုင်ဖို့အတွက် ကူညီပေးနိုင်ပါလိမ့်မယ်။ တစ်နေ့မှာ ၂၄ နာရီရှိတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် ဒီအချိန်တွေ အားလုံးကို ကိုယ်က ဘယ်အချိန်မှာ ဘာတွေ လုပ်ကိုင်မယ်ဆိုပြီး စနစ်တကျ သုံးစွဲတတ်မှ ကိုယ့်အတွက် အကျိုး ရှိမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ အချိန်တွေက ဘာအတွက်ကြောင့် ဘယ်လို ကုန်ဆုံးသွားခဲ့သလဲ ဆိုတာကို သိမယ်ဆိုရင် ကိုယ့်အတွက် ပိုပြီး အကျိုးရှိမှာ ဖြစ်ပါတယ်။ ဒီအချိန်တွေကို စနစ်တကျသုံးစွဲနိုင်ဖို့အတွက် နည်းဗျုဟာတွေ ချမှတ်ပြီး စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့တော့ လိုအပ်ပါတယ်။ ကိုယ့်အတွက် အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အရာတွေကို ဘယ်လို ရှောင်လွှဲလို့ ရနိုင်မလဲ ဆိုတဲ့ နည်းလမ်းတွေကိုလည်း ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။
The Free-Time Formula Finding Happiness, Focus, and Productivity No Matter How Busy You Are

ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေက ကျွန်တော်တို့ရဲ့ အချိန်တွေကို အရင်ကထက် ကောင်းစွာ စီမံခန့်ခွဲနိုင်ဖို့နဲ့ အချိန်စီမံခန့်ခွဲမှုတွေမှာ ကျွန်တော်တို့ တွေ့ကြုံနေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ တစ်နေ့တာလုံးမှာ ကိုယ့်ရဲ့ အရေးကြီးဆုံး အလုပ်တွေကို လုပ်ဆောင်ဖို့အတွက် အချိန် လုံလုံလောက်လောက် မရှိဘူးလို့ ကျွန်တော်တို့တွေ အကုန်လုံး ခံစားရဖူးပါတယ်။ အမှန်ကတော့ ဒီပြဿနာက အချိန်ကြောင့် ဖြစ်တဲ့ ပြဿနာ မဟုတ်ပါဘူး။ အချိန်စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေက မှားယွင်းနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
Less Doing, More Living

ကျွန်တော်တို့ အကုန်လုံးက ကိုယ်လုပ်ချင်တဲ့ အရာတွေပဲ လုပ်ဆောင်ချင်ပြီး ကိုယ့်ရဲ့ အချိန်တွေကို ကုန်ဆုံးသွားစေချင်ပါတယ်။ ကိုယ့်ရဲ့ မိသားစုနဲ့ အချိန်ဖြုန်းတာပဲ ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ဝါသနာတွေကိုပဲ လုပ်ကိုင်နေတာ ဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် ဒီအရာတွေကို လုပ်ဆောင်ဖို့အတွက်လည်း ကျွန်တော်တို့မှာ ဘယ်တော့မှ အချိန်လုံလုံလောက်လောက် မရှိသလိုပါပဲ။ ဒီစာအုပ်ထဲမှာပါတဲ့ နည်းလမ်း (၉) ခုက ကိုယ့်ရဲ့ အချိန်စာရင်းထဲမှာ အချိန်တွေကို ပြန်လည်ရှာဖွေ စိစစ်နိုင်ဖို့နဲ့ ကိုယ့်ရဲ့ အချိန်အများစုကို ကိုယ် ဆန္ဒရှိတဲ့ အရာတွေကို လုပ်ဆောင်နိုင်ဖို့အတွက် ကူညီ ပေးနိုင်မှာ ဖြစ်ပါတယ်။
Money Master the Game: 7 Simple Steps to Financial Freedom

ဒီစာအုပ်ထဲမှာ နှစ်စဉ်ဝင်ငွေ အနည်းဆုံးနဲ့တောင် အတိုးပေါင်းခြင်း အင်အားဖြင့် ငွေရေးကြေးရေး လွတ်လပ်မှုကို ရရှိနိုင်တယ်ဆိုတာ သင် သင်ယူနိုင်ပါလိမ့်မယ်။ ဒီနည်းလမ်းဖြင့် သင်ဟာ စားသုံးသူ/သုံးဆွဲသူ အဖြစ်သာ ဆက်လက်ရှိနေမှာ မဟုတ်ပဲ အနာဂါတ်မှာ အလားအလာရှိတဲ့ ရှယ်ယာတစ်ခုကို ပိုင်ဆိုင်ထားတဲ့ ရင်းနှီးမြုပ်နှံသူ တစ်ယောက်အဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။ဒီစာအုပ်ရဲ့ အဓိက အကျိုးရလဒ်ကတော့ သင့်အတွက် မနက်တိုင်းထပြီး အလုပ်သွားစရာ မလိုပဲ ဘဝ တစ်လျှောက်လုံး ဝင်ငွေတွေ ဖန်တီးနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ငွေရေးကြေးရေး လွတ်လပ်ခြင်းဆိုတာ ဒါမှ အစစ်ပါ။
15 Secrets Successful People Know About Time Management

ဒီစာအုပ်မှာ စာရေးသူ Kevin Kruse က ထင်ရှားကျော်ကြားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအိုလံပစ် အားကစား ဆုရှင်တွေ၊ ထူးချွန်ကျောင်းသားတွေ တစ်ယောက်ချင်းစီကို တွေ့ဆုံမေးမြန်းပြီးတော့ သူတို့ ဖြေဆိုထားတာတွေကို အနှစ်ချုပ်လိုက်လို့ ရရှိလာတဲ့ အချက် (၁၅) ချက်ကို ကောက်နုတ်ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ စာရေးသူ Kevin Kruse က New York Times Bestseller စာရေးဆရာ တစ်ယောက် ဖြစ်ပြီးတော့ Inc. 500 ဆုရှင်၊ ဂျာနယ်လစ်၊ CEO တစ်ယောက်ဖြစ်ပါတယ်။
Personal Development
This is premium content you need to subscribe to Premium Plan.