Branding Between the Ears
Marketer တစ်ယောက်အနေနဲ့ Branding အတွက် အင်အားရှိသမျှအကုန်ထုတ်သုံးပြီး လုပ်ဆောင်နေပေမယ့် စားသုံးသူတွေအမြင်မှာ ကိုယ့်ရဲ့ Brand က တစ်ခြား Brands တွေနဲ့ သူလိုငါလိုဖြစ်နေတဲ့အတွက် ထင်သလောက် ရောင်းအားမကောင်းတာတွေ ဖြစ်နေသလား?
ဒီစာအုပ်ထဲမှာတော့ Branding နဲ့ ပတ်သက်ပြီး ကျွန်တော်တို့နားလည်ထားတဲ့ လွဲမှားနေတဲ့ ယုံတမ်းစကားတွေ၊ တစ်ဝက်ပဲမှန်တဲ့ အကြောင်းအရာတွေကို သိပ္ပံနည်းကျ ပြန်ရှင်းပြထားပြီး စားသုံးသူတွေအနေနဲ့ ပစ္စည်းတစ်ခုဝယ်ဖို့ ဆုံးဖြတ်ချက်ချတဲ့အခါ သူတို့ဦးနှောက်က ဘယ်လိုအလုပ် လုပ်ဆောင်သလဲဆိုတဲ့ အကြောင်းအရာတွေကို ဖော်ပြထားပါတယ်
ဒီစာအုပ်ထဲမှာ
ကျွန်တော်တို့ Brand ရဲ့ ကောင်းကျိုးတွေကို List တစ်ခုအနေနဲ့ ဘာလို့မဖော်ပြသင့်တာလဲ
Emotion နဲ့ ပတ်သက်တဲ့ ကြော်ငြာတွေက ဘာလို့ အလုပ်မဖြစ်တာလဲ
စားသုံးသူတွေနဲ့ စိတ်ခြင်းဆက်နေတဲ့ Brand တစ်ခုကို ဘယ်လိုတည်ဆောက်ရမလဲ
စတဲ့အကြောင်းအရာတွေကို ဖော်ပြထားပါတယ်