Passive Income ဆိုတဲ့ စကားလုံးကို မိတ်ဆွေရဲ့ပတ်ဝန်းကျင်မှာ မိတ်ဆွေ မြင်ဖူး၊ ကြားဖူးမှာပါ…

ဒီနေ့မှာတော့ ဘာလို့ Passive Income ရှိဖို့ လိုတာလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ဘာလို့ Passive Income ရှိဖို့လိုလဲဆိုတော့ ကျွန်တော်တို့ ရေရှည်ချမ်းသာမှုကိုတည်ဆောက်ဖို့၊ ငွေကြေးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်တွေရောက်ဖို့အတွက် ပုံမှန်အလုပ်ကနေ ပုံမှန်ရနေတဲ့ Active Income ဆိုတဲ့ ဝင်ငွေတစ်ခုထဲနဲ့ မလုံလောက်လို့ပဲ ဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ Active Income လို့ခေါ်တဲ့ အလုပ်ကနေ ရတဲ့ ပုံမှန်လစာဟာ အကန့်အသတ်ရှိပါတယ်။ ပြောရမယ်ဆိုရင် တစ်နေ့မှာ (၂၄)နာရီပဲ ရှိတဲ့အတွက် လူတစ်ယောက်ဟာ အများဆုံးအနေနဲ့ အလုပ်(၂)ခု၊ (၃)ခုလောက်ကိုပဲ တစ်ပြိုင်နက်လုပ်နိုင်ပါတယ်။

ဒီထက်ပိုပြီး လုပ်နိုင်ဖို့ဆိုတာ တော်တော်ခဲယဉ်းပါတယ်။ ဒါကြောင့် Active Income တစ်ခုထဲနဲ့ ရပ်တည်မယ်ဆို လက်ရှိပစ္စုပ္ပန် အတွက်ပဲ ဖူလုံပြီး နောင်ရေးအတွက် မသေချာနိုင်ဘူး။

Passive Income ကတော့ Active Income လို အကန့်အသတ်မရှိဘဲ ကိုယ့် Assets များလေ အဲ့ဒီကနေ Passive Income များများရလေ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ရေရှည်ချမ်းသာမှုကိုတည်ဆောက်ဖို့နဲ့ ငွေကြေးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်တွေရောက်ဖို့အတွက် Passive Income က မဖြစ်မနေ လိုအပ်တာပဲဖြစ်ပါတယ်။

Millionaire အများစုကို သွားကြည့်ရင် သူတို့ဟာ Active Income တစ်ခုထဲနဲ့ မရပ်တည်ဘူးဆိုတာ တွေ့နိုင်ပါတယ်။ သူတို့ရလာတဲ့ ဝင်ငွေတွေကို စတော့၊ရှယ်ယာ လိုမျိုး Assets တွေပြန်ဝယ်ပြီး ရင်းနှီးမြှုပ်နှံတယ်။

ဒီလိုရင်းနှီးမြှုပ်နှံမှုကနေ ရလာတဲ့ အတိုးတွေ၊ အမြတ်ငွေတွေကိုလဲ ထပ်ပြီးရင်းနှီးမြှုပ်နှံရာကနေ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ တိုးလာပြီး Billionaire တွေ၊ Millionaire တွေ ဖြစ်လာကြတာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ရေရှည်ချမ်းသာမှုကိုတည်ဆောက်ဖို့နဲ့ ငွေကြေးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်တွေရောက်ဖို့အတွက်ဆိုရင် Passive Income ရှိဖို့က အဓိကလိုအပ်တာ ဖြစ်ပါတယ်။

နောက်နေ့တွေမှာလဲ ကိုယ်ပိုင်ငွေကြေးစီမံခန့်ခွဲမှုနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို မျှဝေပေးသွားမှာမို့ Dana Daily Facebook Page ကို Like & Follow လုပ်ထာဖို့ မမေ့နဲ့နော်… ဒီ Post လေးက မိတ်ဆွေအတွက် အကျိုးရှိခဲ့မယ်ဆိုရင် အခြားမိတ်ဆွေတွေအတွက်လဲ မျှဝေပေးသွားပါဦး…

Dana Daily

Money is an energy

Leave a Reply

Your email address will not be published.