ဒီစာအုပ်က ဘာအကြောင်းလဲ?
2010 ခုနှစ်တုန်းကထုတ်ဝေခဲ့တဲ့ Business Model Generation စာအုပ်ကတော့ Business Model တစ်ခုကို ဘယ်လိုဆွဲရမလဲဆိုတာကို ရှင်းရှင်းလင်းလင်း လမ်းညွှန်ထားပေးတဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။ ဖောက်သည်တွေရဲ့ နေရာကနေဝင်ပြီး ခံစားနားလည်ပေးတာကစပြီး အရမ်းကို အားကျစရာကောင်းတဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ထုတ်လုပ်နိုင်တဲ့အထိ ဒီနေ့ခေတ် အောင်မြင်နေတဲ့ လုပ်ငန်းတွေနဲ့ သာဓကပြပြီး ရှင်းလင်းထားပါတယ်။ ဒါကြောင့်လည်း လုပ်ငန်းသဘောတရားအတိုင်း တွေးခေါ်တတ်အောင် သင်ယူနိုင်မှာ ဖြစ်ပါတယ်။