2022 ခုနှစ်က ထုတ်ဝေခဲ့တဲ့ Baby Step Millionaires စာအုပ်ကတော့ လူတိုင်းလူတိုင်း သန်းကြွယ်သူဌေး ဖြစ်နိုင်ဖို့ လက်တွေ့ကျတဲ့ လမ်းညွှန်ချက်တွေကို ဖော်ပြထားပေးတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ တင်နေတဲ့ အကြွေးတွေကျေဖို့၊ ဥစ္စာပစ္စည်းတွေကို စုဆောင်းဖို့နဲ့ ကိုယ့်ရဲ့ဘဝကို ပိုကောင်းမွန်ဖို့ လုပ်ဆောင်နိုင်မယ့် ရိုးရိုးရှင်းရှင်း အဆင့် (၇) ဆင့်ကို ဖော်ပြထားပေးပါတယ်။