2021 ခုနှစ်က ထွက်ခဲ့တဲ့ Do What Matters Most စာအုပ်ကတော့ ကိုယ့်ရဲ့အချိန်တွေကို အကောင်းဆုံးနဲ့ အကျိုးအထိရောက်ဆုံး စီမံခန့်ခွဲနိုင်ဖို့ လမ်းညွှန်ပြသထားပေးတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီလမ်းညွှန်ချက်တွေကလည်း ကျွန်တော်တို့အတွက် အရေးအကြီးဆုံးအရာတွေကို ဦးစားပေးတတ်လာအောင်နဲ့ အစွမ်းအစတွေကို ပိုတိုးတက်လာအောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့်လည်း ဒီစာအုပ်ထဲမှာ ကိုယ့်ရဲ့ကိုယ်ပိုင်အတွေးအမြင်တွေကို တည်ဆောက်ဖို့ (Personal Vision), နှစ်စဉ်ပန်းတိုင်တွေ ချမှတ်ဖို့ (Annual Goals) တွေနဲ့ အပတ်စဉ် ဦးစားပေးရမယ့် အရာတွေကို စာရင်းပြုစုဖို့ ဖော်ပြထားပေးပါတယ်။