2002 ခုနှစ်က ထွက်ခဲ့တဲ့ Fierce Conversation စာအုပ်ကတော့ ကိုယ့်ဘဝကို အပြောင်းအလဲတွေ လုပ်ပေးနိုင်မယ့် စစ်မှန်ပြီး စွမ်းအားကြီးတဲ့ စကားဝိုင်းတွေကို ဖန်တီးနိုင်ဖို့ လက်တွေ့ကျတဲ့ နည်းလမ်းတွေကို ဖော်ပြထားပေးပါတယ်။ ဒီစာအုပ်ထဲမှာ တစ်ခြားသူတွေနဲ့ အကျိုးထိရောက်တဲ့ Relationship တွေဖြစ်ဖို့အတွက် အရေးကြီးတဲ့ အပြန်အလှန်စကားဝိုင်းတွေကို ဖန်တီးနိုင်ဖို့ ဥပမာတွေ၊ လက်တွေ့ကျတဲ့ နည်းစနစ်တွေနဲ့ လေ့ကျင့်ရမယ့် နည်းလမ်းတွေကို ဖော်ပြထားပေးပါတယ်။