How to Start a Start-up စာအုပ်ကတော့ 2015 ခုနှစ်က ထွက်ရှိခဲ့တဲ့ စာအုပ်တစ်အုပ်ဖြစ်ပြီး ကုမ္ပဏီတည်ထောင်တာနဲ့ ပတ်သက်ပြီး လမ်းညွှန်ပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းအတွက် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရှာဖွေတာကစလို့ ဝန်ထမ်းခန့်အပ်တာတွေအထိ အရမ်းကောင်းတဲ့ နည်းလမ်းဗျူဟာတွေကို ဖော်ပြထားပေးပါတယ်။ နောက်ပြီး စတင်တည်ထောင်တဲ့ လုပ်ငန်းတွေအတွက် ခိုင်မာတဲ့ အခြေခံတွေကို တည်ဆောက်တာနဲ့ပတ်သက်ပြီး အမျှော်အမြင်ရှိတဲ့ အကြံဉာဏ်တွေကိုလည်း ဖော်ပြထားပေးပါတယ်။