ကိစ္စတစ်ခုခုမှာ ရွေးချယ်မှုတွေမှန်မှန်ကန်ကန် နဲ့အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ ရောက်တတ်ရာရာတွေးနေတာတွေရပ်ပီး ညဏ်ရှိရှိနဲ့အဲ့ဒီ့အကြောင်းအရာကို ခရေစေ့တွင်းကျ နားလည်အောင်အရင်လုပ်ဖို့လိုပါတယ်။
ကိုယ့်ကိုကိုယ်တွေးခေါ်မှုလမ်းစဉ်အဟောင်းတွေထဲကနေ ရုန်းထွက်လို့မရဘူးလို့ ခံစားနေရပါသလား? အခွင့်အလမ်းကောင်းတွေကိုလက်လွတ်ဆုံးရှုံးရတာမျိုးဖြစ်နေလား? သင့်မှာရည်မှန်းချက်တွေရှိနေပေမယ့်ဘာဖြစ်လို့အမြဲလိုလိုကိုယ်ပိုင်ပြဿနာတွေကိုဖြေရှင်းရတာမျိုးတွေ့မှာ အခက်တွေ့နေရတာလဲဆိုတာမျိုးစဉ်းစားဖူးလား? အမြဲလိုလိုဆိုးရွားတယ့်ရွေးချယ်မှုတွေကိုဘဲ ထပ်ခါထပ်ခါလုပ်နေမိနေပြီလား?
သင်သာသင့်ရဲ့အတွေးအခေါ်ပုံစံကို ထိန်းချုပ်မထားဘဲ ကိုယ့်ပုံစံနဲ့ကိုယ်လွတ်လွတ်လပ်လပ်တွေးခိုင်းလျှင် သင်ရဲ့ဘဝဟာဘယ်လောက်တောင်ပြောင်းလဲသွားမယ်လို့ထင်ထားလဲ? ဒါမှမဟုတ် သင်သာ Leonardo da Vinci တို့ Einsten တို့လိုမျိုး ဒါမှမဟုတ် ယခုခေတ် စီးပွားရေးဂုရုကြီး Elon Musk တို့ Warren Buffett တို့လိုမျိုး ထိထိရောက်ရောက် ဖြစ်တယ့်နည်းလမ်း တွေကိုသာသင်ယူလေ့လာနိုင်မယ်ဆိုလျှင် ဘာတွေဖြစ်လာမယ်လို့စဉ်းစားမိလဲ?
ဒီစာအုပ်ထဲမှာ
ဒီ The Intelligent Thinking စာအုပ်က ဦးနှောက်ရဲ့ အဆုံးမရှိစွမ်းဆောင်ရည်တွေကို အပြည့်အဝယုံကြည်တဲ့သူတွေနဲ့ ညဏ်ရည်ညဏ်သွေးမြင့်တယ့်အတွေးအခေါ်ပညာရှင် မျိုးဖြစ်လာချင်တဲ့သူတွေ မဖြစ်မနေ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။