ဒီစာအုပ်က ဘာအကြောင်းပြောထားတာလဲ?
သင်ယူမှုဆိုတာ ကျွန်တော်တို့ရဲ့ မွေးရာပါ ပါရမီတွေနဲ့ ဦးနှောက်ဉာဏ်ရည်ပေါ်မှာပဲ အလုံးစုံမှီခိုနေတယ်လို့ ကျွန်တော်တို့ တစ်ချိန်က သတ်မှတ်ခဲ့ကြတယ်။ ဒါကြောင့်ပဲ အထပ်ထပ်အခါခါ စာတွေပြန်ကျက်ပြီး သင်ယူခဲ့ကြပါတယ်။ ဒါပေမယ့် 2017 ခုနှစ်က ထုတ်ဝေခဲ့တဲ့ Learn Better ဆိုတဲ့ စာအုပ်ထဲမှာတော့ မိရိုးဖလာအတိုင်း ဗဟုသုတတွေ စုဆောင်းတဲ့ပုံစံတွေနဲ့ သင်ယူမှုပုံစံတွေကို ချိုးဖျက်ပြထားပါတယ်။ ဒီစာအုပ်ထဲမှာ သင်ယူတဲ့အခါမှာ အကျိုးအထိရောက်ဆုံးဖြစ်ဖို့ ရိုးရှင်းတဲ့ အဆင့် (၆) ဆင့်ကို ဖော်ပြထားပါတယ်။