လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်ကတည်းက Positioning စာအုပ်က Marketing Strategies တွေနဲ့ ပတ်သက်ပြီး နာမည်ကြီး ရောင်းအားအကောင်းဆုံး စာအုပ်တစ်အုပ် ဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာတော့ 1970 ခုနှစ်တွေတုန်းက စာရေးဆရာနှစ်ယောက် ဖန်တီးထားတဲ့ ကျော်ကြားတဲ့ Marketing Concept တွေကို ဖော်ပြထားပေးပါတယ်။ 1970 ခုနှစ်တွေတုန်းက လုပ်ငန်းလောကမှာ Media တွေ များပြားလာတာ၊ ပြိုင်ဆိုင်မှုတွေ မြင့်မားလာတာကြောင့် ရိုးရိုး ကြော်ငြာတာတွေက အလုပ်မဖြစ်ကြတော့ပါဘူး။ ဒါကြောင့်လည်း ကိုယ့်ထုတ်ကုန်ကို ဈေးကွက်ဖောက်ပြီး ဖောက်သည်တွေရဲ့ ရင်ထဲမှာ နေရာယူနိုင်ဖို့ “Positioning” နည်းလမ်းတွေကို ဖော်ပြထားပါတယ်။