Should I Stay or Should I Go စာအုပ်ကို 2015 ခုနှစ်ကထုတ်ဝေခဲ့ပြီး တစ်ကိုယ်ကောင်းဆန်တဲ့သူတွေနဲ့ တူတူရှိနေရတဲ့ Relationship တစ်ခုနဲ့ ပတ်သက်ပြီး လမ်းညွှန်ချက်တွေကို ဖော်ပြပေးထားတဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ စာရေးဆရာ Dr. Ramani က အတ္တကြီးတယ်ဆိုတဲ့ သဘောတရားကို ခွဲခြမ်းစိတ်ဖြာထားပြီး အလံနီပြသင့်တဲ့ အကြောင်းအရာတွေကို မီးမောင်းထိုးပြထားတဲ့အပြင် ဒီ Relationship ထဲမှာ ဆက်နေရမလား? စွန့်ခွာသင့်လားဆိုတဲ့ လမ်းကြောင်းနှစ်ခုကို လမ်းညွှန်ထားပါတယ်။