Stop Doing That Shit စာအုပ်ကို 2019 ခုနှစ်က ထုတ်ဝေခဲ့ပြီး မသိစိတ်ထဲက အတွေးတွေက ကျွန်တော်တို့ဘဝမှာ ဘယ်လို Self-sabotage ဖြစ်အောင် လုပ်ဆောင်နေသလဲဆိုတာကို ဖော်ပြပေးထားတဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အမူအကျင့်တွေကို ပြောင်းလဲဖို့ချလိုက်တဲ့ ဆုံးဖြတ်ချက်တွေ၊ အပြုသဘောဆောင်တွေးတာတွေက ဒီမသိစိတ်ထဲက အတွေးတွေကို ပြောင်းလဲမှုတွေ မလုပ်မချင်း အလုပ်မဖြစ်တဲ့ အကြောင်းတွေကို ဖော်ပြပေးထားပါတယ်။ ဒီမသိစိတ်ထဲက အတွေးတွေကို ပြောင်းလဲဖို့အတွက် ကျွန်တော်တို့ဘဝကို ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ အဖျက်သမားအတွေးနဲ့ ယုံကြည်မှု (၃) မျိုးအကြောင်းကိုလည်း ဖော်ပြထားပေးပါတယ်။