ကုမ္ပဏီအများစုက Product Innovation, Process Innovation အတွက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လေ့ ရှိပါတယ်။ အကယ်၍ Business Model Innovation မှာသာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ကုန်ကျစရိတ်တွေ လျှော့ချပေးပြီး အမြတ်ငွေ အမြောက်အများကျန်အောင် လုပ်ဆောင်ပေးနိုင်တယ်ဆိုတာကို The Business Model Navigator စာအုပ်က ပြောပြထားပါတယ်။Oliver Gassmann, Karolin Frankenberger နဲ့ Michaela Csik တို့က စာအုပ်ကို အပိုင်း ၂ ပိုင်းနဲ့ အဓိက ခွဲခြားထားပါတယ်။ပထမ အပိုင်းမှာတော့ Business Model Innovation အကြောင်း၊ ဘာကြောင့် အရေးကြီးတယ်၊ Business Model Innovation ရအောင် ဘယ်လိုမျိုး လုပ်ဆောင်နိုင်တယ် စတာတွေကို ပြောပြထားပါတယ်။ Business Model တစ်ခုရဲ့ အဓိက ပါဝင်တဲ့ အကြောင်းအရာတွေကို ဆန်းစစ်ပြီး ပုံစံထုတ်နိုင်တဲ့ Business Model Canvas ကိုလဲ မိတ်ဆက်သွားခဲ့ပါတယ်။ဒုတိယ အပိုင်းမှာတော့ တစ်ခုချင်းစီမှာ ထူးခြားတဲ့ လက္ခဏာတွေ၊ ကောင်းကျိုးတွေနဲ့ စိန်ခေါ်မှုတွေ ရှိတဲ့ Business Model တွေပါဝင်တဲ့ Business Model Navigator အကြောင်းဖြစ်ပါတယ်။The Business Model Navigator က Business Model Innovation အတွက် လက်တွေ့ကျတဲ့ နည်းလမ်းတွေ၊ နည်းဗျူဟာတွေကို ထောက်ပံ့ပေးထားတဲ့အတွက် စွန့်ဦးတီထွင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေ ဘယ်လို အလုပ်လုပ်လဲဆိုတာကို စိတ်ဝင်စားတဲ့လူတိုင်း ဖတ်ရှုသင့်ပါတယ်။