2022 ခုနှစ်က ထုတ်ဝေခဲ့တဲ့ The End of the World is Just the Beginning စာအုပ်ထဲမှာတော့ ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာ့စူပါ ပါဝါဖြစ်လာတဲ့ အမေရိကန်နိုင်ငံသာ ကမ္ဘာကြီးကို ထိန်းသိမ်းကြပ်မတ်နေတာကို ရပ်တန့်လိုက်မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ဒီလိုသာဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ရဲ့ကမ္ဘာကြီး အကြမ်းဖက်မှုတွေနဲ့ ပြည့်နေတဲ့ နေရာတစ်ခုဖြစ်သွားပြီး အပျက်အစီးတွေများလာမယ်လို့ ဖြေထားပါတယ်။ နိုင်ငံရေး၊ စီမးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ စွမ်းအင်တွေနဲ့ နိုင်ငံခြားရေး ဥပဒေတွေကလည်း ရိုလာကိုစတာစီးနေရသလို ရင်ဖိုလှိုက်မောစရာတွေ ဖြစ်နေပါလိမ့်မယ်လို့ ဆိုထားပါတယ်။