5 Levels of Leadership စာအုပ်က တခြားသူတွေ အပေါ်မှာ နောက်ဆုံးအချိန်ထိ လွှမ်းမိုးနိုင်တဲ့ ခေါင်းဆောင် အစစ်အမှန် တစ်ယောက် ဖြစ်လာဖို့အတွက် တစ်ဆင့်ခြင်း လုပ်ဆောင်ရမယ့် အဆင့်တွေကို ဖော်ပြပေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။
ကိုယ်က လုပ်ငန်းခွင်မှာ ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ လက်အောက်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ်လုပ်ကိုင်နေရတဲ့ သူတစ်ယောက် ဆိုရင် ဒီလို ကိုယ့်ရဲ့ နောက်လိုက်တွေကို တက်ကြွ လာအောင် လှုံ့ဆော်ပေးနိုင်တဲ့ ခေါင်းဆောင်တစ်ယောက်က ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်စွမ်း ရှိတယ်ဆိုတာကို သိပြီးသား ဖြစ်မှာပါ။