60 Seconds & You’re Hired! (1994) စာအုပ်က ကိုယ့်ရဲ့ အလုပ်အင်တာဗျုးတွေကို အဆင်ပြေစွာ ဖြေဆိုနိုင်စေဖို့ အတွက် ကူညီလမ်းညွှန်ပေးနိုင်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ ကိုယ်က အလုပ်အင်တာဗျုးတစ်ခု ဝင်ရောက်တဲ့အခါ ဘယ်လိုမျိုး စကားပြောဆိုသင့်တယ် ဆိုတဲ့ နည်းလမ်းတွေ၊ လူကြီးတွေရဲ့ အာရုံစိုက်မှုတွေကို ဘယ်လို ရယူသင့်တယ်ဆိုတဲ့ နည်းလမ်းတွေနဲ့ ကိုယ့်ကိုကိုယ် တန်ဖိုးမြှင့်တင်ပြီး ကိုယ် လိုချင်နေတဲ့ အလုပ်ကို ရရှိအောင် ဘယ်လိုမျိုး လုပ်ဆောင်ရမယ်ဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။