A Curious Mind (2015) စာအုပ်က ကျွန်တော်တို့တွေ အများစု သေချာ တန်ဖိုးမထားကြတဲ့ မေးမြန်းစူးစမ်းခြင်းနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးထားပါတယ်။ ဘာလို့ သိချင်စိတ်နဲ့ မေးမြန်းစူးစမ်းခြင်းက အရေးကြီးတာလဲ၊ မေးမြန်းစူးစမ်းခြင်းနည်းလမ်းနဲ့ ကိုယ့်ရဲ့ အလုပ်သမားတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ကိုယ်ချစ်ခင်ရသူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးတွေ ပိုမိုကောင်းမွန်လာအောင် ဘယ်လို တည်ဆောက်ကြမလဲ ဆိုတာတွေနဲ့ ကိုယ့်ရဲ့ အကြောက်တရားတွေ ကို အောင်နိုင်ဖို့အတွက် ဘယ်လို လုပ်ဆောင်ရမယ်ဆိုတဲ့ နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။
ငါးနှစ်အရွယ်ကလေးတစ်ယောက်နဲ့ အခန်းတစ်ခုထဲမှာ အတူတူနေဖူးမယ်ဆိုရင် ဒီကလေးလေးက ကိုယ့်ကို မေးခွန်းတွေ အများကြီး မေးဖူးတာကို ကြုံဖူးကြမယ် ထင်ပါတယ်။ ကောင်းကင်ရဲ့ အရောင်ကနေစလို့ သူတို့ လက်ချောင်းလေးတွေရဲ့ အရေအတွက်တွေအထိ အရာအားလုံးကို သူတို့က စူးစမ်းလေ့လာနေကြပါတယ်။ ဖြစ်ပျက်သမျှ အရာတွေရဲ့ နောက်ကွယ်က အကြောင်းရင်းက ဘာများဖြစ်နေမလဲ ဆိုတာကို သိချင်နေကြပါတယ်။