A Team of Leaders (2014) စာအုပ်က ကုမ္ပဏီပေါင်းများစွာ ကြုံတွေ့နေရတဲ့
အလုပ်ပြီးမြောက်မှု productivity တွေ နည်းပါးနေတဲ့ ကိစ္စ၊ မြင့်မားတဲ့ ငွေကြေးအပေးအယူ
ကိစ္စတွေနဲ့ အလုပ်သမား ဝန်ထမ်းတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု နည်းပါးနေတဲ့ ကိစ္စရပ်များကို
ဖြေရှင်းနည်းများနဲ့ တကွ တင်ပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ လက်တွေ့ကျတဲ့ ပြဿနာ ဖြေရှင်းနည်းတွေ၊ အဆင့်ငါးဆင့် ပါဝင်တဲ့
team development မော်ဒယ်တွေက ကိုယ့်ကို စွမ်းဆောင်ရည် အမြင့်မားဆုံး အလုပ်ခွင်
ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးနိုင်ဖို့အတွက် ကူညီပေးနိုင်ပါလိမ့်မယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
သူတို့ရဲ့ ကုမ္ပဏီအတွင်းမှာ အလုပ်သမား၊ ဝန်ထမ်းတွေရဲ့ လုပ်ဆောင်မှုတွေကို ပိုမို
တိုးတတ်လာစေချင်တဲ့သူတွေ
သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ချင်တဲ့ အဖွဲ့တွေ၊ အသင်းတွေ၊ အဖွဲ့အစည်းတွေ
ရွေ့လျားပြောင်းလဲနေတဲ့ အလုပ်ခွင် အကြောင်း စိတ်ဝင်စားတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။