Acting with Power (2020) စာအုပ်က အာဏာ၊ ပါဝါတွေဆိုတာ ဘယ်ကနေ ဆင်းသက် ဖြစ်ပေါ်လာတယ် ဆိုတဲ့ အကြောင်းတွေနဲ့ ဒီလို အာဏာတွေကို ကျွန်တော်တို့အတွက် အကျိုးရှိအောင် ဘယ်လို နေရာတွေမှာ အသုံးချရမလဲ ဆိုတာကို ရှင်းပြပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေ၊ နည်းလမ်းတွေနဲ့ ဖော်ပြထားတဲ့ ဒီစာအုပ်က ကျွန်တော်တို့မှာ ရရှိထားတဲ့ အာဏာတွေကို အကောင်းဆုံး အသုံးချနိုင်ဖို့အတွက် ကူညီပေးနိုင်ပါလိမ့်မယ်။
ကိုယ့်ရဲ့ ပါဝါတွေကို ပိုပြီး ထိရောက်စွာ အသုံးချချင်သူတွေ၊ ပါဝါရွေ့ပြောင်းပုံတွေအကြောင်း နားလည်ချင်သူတွေ၊ လူမှုစိတ်ပညာ social psychology ကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။