ဦးနှောက်က အလုပ်လုပ်တဲ့နေရာမှာ သူ ကြိုက်တဲ့၊ အဓိကကျတဲ့ အချက်နှစ်ချက် ရှိပါတယ်။ အဲဒါကတော့ ရွေးချယ်မှု choice တွေနဲ့ ထိန်းချုပ်မှုတွေ control တို့ ဖြစ်ပါတယ်။ ရွေးချယ်မှုက ကြီးမားလေလေ ထိန်းချုပ်မှုတွေကလည်း ကြီးလေလေဖြစ်ပါပဲ။ အောင်မြင်မှု တစ်ခုခုဆီကို သွားတဲ့ လမ်းကြောင်းတစ်ခုခုကို ရွေးချယ်ပြီး ဒီလမ်းကြောင်းပေါ်မှာ ကျွန်တော်တို့ က လျှောက်လမ်းလိုက်တဲ့အခါ ဦးနှောက်ကလည်း ဒီရွေးချယ်မှုကို သဘောကျစွာနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်ပါတယ်။ အကြောင်းအရာတစ်ခု၊ ပြဿနာတစ်ခုအပေါ်မှာ ကိုယ့်ရဲ့ စိတ်နဲ့ ဦးနှောက်က ဘယ်လို အာရုံစိုက် လုပ်ဆောင်တတ်သလဲ ဆိုတာကို သိကြလား။
